နေ့စဥ်သတင်း

တာချီလိတ်-မယ်ဆိုင် တံတား ၁ တွင် လဝက ငွေပိုတောင်းသည့်အတွက် လက်လုပ်လက်စားများ အခက်အခဲဖြစ်

မဲခေါင် 14 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၄ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား-၁ တာဝန်ကျ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများက ကမ်းကူးသူများထံမှ မှတ်ပုံတင်နှင့် စမတ်ကတ်ကိစ္စများ အကြောင်းပြပြီး ငွေပိုတောင်းသည့်အတွက် လက်လုပ်လက်စား ပြည်သူများ အခက်အခဲတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ တာချီလိတ်ဘက်ကနေ မယ်ဆိုင်ဘက်ကို ကမ်းကူးသူများထံမှာ မှတ်ပုံတင် ၈/(မကွေးတိုင်းမှတ်ပုံတင်)၊ ၁၁/(ရခိုင်မှတ်ပုံတင်) ဖြစ်နေသည်ဟု အကြောင်းပြ၍ လည်ကောင်း၊ စမတ်ကတ်မရှိသည့်အတွက် ဟူ၍လည်ကောင်း အကြောင်းပြကာ တံတား-၁ တာဝန်ကျ လဝကများက ငွေကြေးပိုမို ကောက်ခံခြင်းဖြစ်ကြောင်း ကိုယ်တွေ့ကြုံရသူတစ်ဦးနှင့် နီးစပ်သူက ပြောသည်။ “စမတ်ကတ်မရှိလို့ဆိုပြီး ဘတ် ၄၀၀ တောင်းတာလည်း ကြုံဖူးတယ်။ ၈/ မှတ်ပုံတင် ဖြစ်နေလို့ဆိုပြီးလည်း ဘတ် ၁၀၀ တောင်းတာမျိုးရှိတယ်။ အကြောင်းအမျိုးမျိုးပြပြီးတောင်းတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၄

တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား-၁ တာဝန်ကျ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများက ကမ်းကူးသူများထံမှ မှတ်ပုံတင်နှင့် စမတ်ကတ်ကိစ္စများ အကြောင်းပြပြီး ငွေပိုတောင်းသည့်အတွက် လက်လုပ်လက်စား ပြည်သူများ အခက်အခဲတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

တာချီလိတ်ဘက်ကနေ မယ်ဆိုင်ဘက်ကို ကမ်းကူးသူများထံမှာ မှတ်ပုံတင် ၈/(မကွေးတိုင်းမှတ်ပုံတင်)၊ ၁၁/(ရခိုင်မှတ်ပုံတင်) ဖြစ်နေသည်ဟု အကြောင်းပြ၍ လည်ကောင်း၊ စမတ်ကတ်မရှိသည့်အတွက် ဟူ၍လည်ကောင်း အကြောင်းပြကာ တံတား-၁ တာဝန်ကျ လဝကများက ငွေကြေးပိုမို ကောက်ခံခြင်းဖြစ်ကြောင်း ကိုယ်တွေ့ကြုံရသူတစ်ဦးနှင့် နီးစပ်သူက ပြောသည်။

“စမတ်ကတ်မရှိလို့ဆိုပြီး ဘတ် ၄၀၀ တောင်းတာလည်း ကြုံဖူးတယ်။ ၈/ မှတ်ပုံတင် ဖြစ်နေလို့ဆိုပြီးလည်း ဘတ် ၁၀၀ တောင်းတာမျိုးရှိတယ်။ အကြောင်းအမျိုးမျိုးပြပြီးတောင်းတယ်။ ရှိတဲ့လူ၊ အဆင်ပြေတဲ့လူကတော့ ကိစ္စမရှိပေမယ့် တစ်နေ့လုပ်မှ ၂၀၀၊ ၂၅၀ လောက်ရတဲ့ လက်လုပ်လက်စားတွေက အရမ်းအခက်အခဲဖြစ်ကြတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်-မယ်ဆိုင် ဖြတ်သန်းရာတွင် မြန်မာဘက်၌ ကျပ်တစ်ထောင် (ကျပ်တစ်ထောင်မရှိပါက ဘတ် ၂၀ ပေးရ)နှင့် ထိုင်းဘက်အခြမ်းတွင် ၁၀ ဘတ် (ပထမအကြိမ်ဘတ် ၂၀) သာ တရားဝင် သတ်မှတ်ထားသော်လည်း မြန်မာဘက်အခြမ်း လဝကများက ဘတ် ၁၀၀ မှ ဘတ် ၄၀၀၊ ၅၀၀ အထိ အကြောင်းအမျိုးမျိုးပြ တောင်းခံနေခြင်း ဖြစ်သည်။

လူနှင့် တပိုင်တနိုင်ကုန်များ ဖြတ်သန်းသည့် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား-၁ တွင် တာဝန်ကျသည့် လဝကများအနေဖြင့် နေ့စဉ်ဖြတ်သန်းသွားလာသူများထံမှ လည်ကောင်း၊ စာအုပ်အပြာ (၁ နှစ် သက်တမ်းရှိ ယာယီဖြတ်သန်းခွင့်စာအုပ်) ပြုလုပ်သူများထံမှလည်ကောင်း နည်းမျိုးစုံ ပညာပြကာ ငွေတောင်းခံမှုများ ပြုလုပ််ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တံတား လဝကတွေက တော်တော်နာမည်ထွက်တယ်။ တကယ်ဆို သူတို့မှာ တခြားရနေတာတွေလည်း အများကြီးရှိပါတယ်။ အဆင်မပြေတဲ့လူတွေဆီကနေ ဒီလိုတောင်းတာကတော့ လွန်တာပေါ့” ဟု ၎င်းကပြောသည်။

တာချီလိတ်-မယ်ဆိုင် နေ့စဉ်ဖြတ်သန်းသွားလာသူများတွင် လည်ပတ်သွားလာသူများသာမက တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်သူများ၊ ကုန်စည်ဝယ်ယူရောင်းချသူများ၊ ကျောင်းပို့/ကြို ပြုလုပ်သူများနှင့် အခြားအလုပ်သမားများစွာ ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#တာချီလိတ်
#လဝက
#မယ်ဆိုင်
#တံတား၁
မှတ်ချက် – ပုံဟောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now