နေ့စဥ်သတင်း

ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထောင်တွင်း ဒုတိယည၌ ဖိအားကင်းစွာ စားသောက်အိပ်စက်နိုင်ခဲ့ဟုဆို

မဲခေါင် 11 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၁ ထောင်ဒဏ် တစ်နှစ်ကျခံရန် အမိန့်ချမှတ်ခံရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ကိုဗစ် ကွာရန်တိုင်း ၅ ရက်ဝင်မှုကို ကလောင်ပရမ်ဗဟိုအကျဉ်းထောင်တွင် ဒုတိယညအဖြစ် ဖြတ်သန်းရာ ဖိအားကင်းစွာဖြင့် ကောင်းမွန်စွာစားသောက်၊ နှစ်ခြိုက်စွာ အိပ်စက်နိုင်ခဲ့သည်ဟု ထိုင်းမီဒီယာများ သတင်းရရှိခဲ့ကြောင်း သိရသည်။ အသက် ၇၆ နှစ်ရှိပြီဖြစ်မှ ထောင်တွင်းပထမဆုံးအကျဉ်းချခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်းဘ၀ ရောက်ခဲ့ရသော်လည်း သက်ဆင်သည် မည်သည့် ဂနာမငြိမ်မှုမှမဖြစ်ဘဲ စိတ်ဓာတ်ကျခြင်းလည်းမရှိ၊ ပုံမှန်အတိုင်း အိပ်စက်နေနိုင်ခဲ့သည်ဟု ထောင်တွင်း သတင်းရင်းမြစ်အရ သိရခြင်းဖြစ်သည်။ ပထမ ထောင်ကျခံ ၂ ရက်တွင် ဧည့်တွေ့ခွင့်မပြုသလို ပြင်ပ အသုံးအဆောင်များလည်း လက်မခံရဆိုသော ထောင်စည်းကမ်းအတွင်း သက်ဆင်သည် ထောင်းတွင်းကျွေးသည့်အစားအစာများကို အကုန်စားသောက်နိုင်ကာ ညွှန်ကြားချက်များအတိုင်း

မဲခေါင်၊ စက်တင်ဘာ ၁၁

ထောင်ဒဏ် တစ်နှစ်ကျခံရန် အမိန့်ချမှတ်ခံရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ကိုဗစ် ကွာရန်တိုင်း ၅ ရက်ဝင်မှုကို ကလောင်ပရမ်ဗဟိုအကျဉ်းထောင်တွင် ဒုတိယညအဖြစ် ဖြတ်သန်းရာ ဖိအားကင်းစွာဖြင့် ကောင်းမွန်စွာစားသောက်၊ နှစ်ခြိုက်စွာ အိပ်စက်နိုင်ခဲ့သည်ဟု ထိုင်းမီဒီယာများ သတင်းရရှိခဲ့ကြောင်း သိရသည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်မှ ထောင်တွင်းပထမဆုံးအကျဉ်းချခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်းဘ၀ ရောက်ခဲ့ရသော်လည်း သက်ဆင်သည် မည်သည့် ဂနာမငြိမ်မှုမှမဖြစ်ဘဲ စိတ်ဓာတ်ကျခြင်းလည်းမရှိ၊ ပုံမှန်အတိုင်း အိပ်စက်နေနိုင်ခဲ့သည်ဟု ထောင်တွင်း သတင်းရင်းမြစ်အရ သိရခြင်းဖြစ်သည်။

ပထမ ထောင်ကျခံ ၂ ရက်တွင် ဧည့်တွေ့ခွင့်မပြုသလို ပြင်ပ အသုံးအဆောင်များလည်း လက်မခံရဆိုသော ထောင်စည်းကမ်းအတွင်း သက်ဆင်သည် ထောင်းတွင်းကျွေးသည့်အစားအစာများကို အကုန်စားသောက်နိုင်ကာ ညွှန်ကြားချက်များအတိုင်း အားလုံး ပူးပေါင်းလိုက်နာနေထိုင်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုင်းတရားရုံးချုပ်မှ သက်ဆင်ကိုထောင်ဒဏ် တစ်နှစ်ကျခံရန် အမိန်ချမှတ်သော်လည်း လွတ်ငြိမ်းချမ်း သာ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုစည်းမျဉ်းအရ ထောင်သားများသည် စံနှုန်းများအတိုင်း နေထိုင်မှုတွင် အလွန်ကောင်း၊ သာမန်ကောင်းနှင့် အလွန့်အလွန်ကောင်းဆိုသည့် စံနှုန်း ၃ ရပ်နှင့်တိုင်တားပြီး မတူညီသော ထောင်ဒဏ်လျှော့ပေါ့ပေးခြင်းခံရမည်ဖြစ်သည်။

အလွန့်အလွန်နေထိုင်ကျင့်ကြံပုံ ကောင်းသူဆိုလျှင် ထောင်ဒဏ်လက်ကျန်ကာလ၏ ၃ ပုံ ၁ ပုံ (၄ လ) ထက်ပိုကျခံရမည်မဟုတ်ဘဲ အလွန်ကောင်း ဆိုသည့်စံနှုန်းရလျှင် လက်ကျန်ထောင်သက်၏ ၄ ပုံ ၁ ပုံ (၃ လ) ထက်မပို့သော ပြစ်ဒဏ်၊ ကောင်းသည်ဆိုလျှင် လက်ကျန်ထောင်သက်၏ ၅ ပုံ ၁ ပုံ ( ၂ လနှင့် ၁၅ရက်) ထက်မပိုသော ပြစ်ဒဏ်သာ ကျခံရမည်ဟု ပြဌာန်းထားသည်။

သို့သော် သက်ဆင်သည် စတင်ထောင်ဒဏ်ခံရချိန်တွင် အလယ်အလတ်အဆင့် ကျင့်ကြံနေနိုင်မှု စာရင်းမှသာ စတင်ရမည်ဖြစ်သောကြောင့် အထက်ဖော်ပြပါ ထောင်ဒဏ်လျှော့ပေါ့မှုစာရင်းအတွင်း ဝင်ပြီး အမြန်ဆုံးလွတ်နိုင်မည်ဆိုလျှင်ပင် ထောင်ဒဏ် အနည်းဆုံး ၆ လကျခံပြီးမှ လွတ်မြောက်နိုင် မည်ဖြစ်သည်။

အထူးလွှတ်ငြိမ်းခွင့်အစီအစဉ်ထဲ၌ အသက် ၇၀ ကျော်ပြီး အလွန်ဖျားနာပါက လျှော့ရက်အမြင့်ဆုံးရနိုင်မှုသည်လည်း ထောင်ဒဏ် ၆ လကျခံရခြင်းမှာ အနည်းဆုံး အဆင့်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်ကျခံရမှုကြောင့် ထိုင်းအကျဉ်းဦးစီးဌာနသည် ထောင်တွင်း ထောင်သားများအား အထူးသင်တန်းပေးထားသော ကျွမ်းကျင်ဆေးဘက်ဆိုင်ရာ ထူးချွန်သူများထားရှိ ပေးခြင်း၊ လုံခြုံရေးအရ မကျေနပ်သူများ၏ အန္တရာယ်မှ လွတ်မြောက်နိုင်ရန် တင်းကြပ်စွာစောင့်ထား စေခြင်းများအပြင် ဥပမာအားဖြင့် အထူးအခွင့်အရေးအဖြစ် ထောင်တွင်းပြစ်ဒဏ်ကျခံနေရသော ထိုင်းနာမည်ကြီးအဆိုတော် ဆက်ဆန်ဆွန်ပီမိုင် သို့မဟုတ် ဆက်လိုဆိုတို့အား ဂီတသင်ယူတတ်မြောက်ရေး အစီအစဉ်အရ သက်ဆင်အား ဂီတဖြင့်ဖျော်ဖြေခြင်း၊ သင်တန်းပေးခြင်းများဖြင့် စိတ်ပျော်စေရန် ထားရှိနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းဝန်ကြီးချုပ်
#သက်ဆင်
#ထိုင်းနိုင်ငံရေး
#ကျန်းမာရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now