နေ့စဥ်သတင်း

အင်းလေးတွင် စစ်ကောင်စီ၏ ငလျင်အထောက်အပံ့အပေါ် ရွာအုပ်ချုပ်ရေးပိုင်းက စာရင်းမှားဖြင့် လုပ်စားနေ

မဲခေါင် 11 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၁ စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသည့် နေအိမ်များကို စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရက လျော်ကြေးပေးမည့်အပေါ် အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ဟဲယာရွာမရွာတွင် အုပ်ချုပ်ရေးပိုင်းက မမှန်စာရင်းပြကာ လုပ်စားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်အစိုးရမှ ငလျင်ကြောင့် ပျက်စီးသည့် သစ်သားအိမ်တစ်အိမ်လျှင် ကျပ်သိန်းတစ်ရာ၊ ဝါးအိမ်တစ်အိမ်လျှင် ကျပ်သိန်း ၂၀ ထောက်ပံ့ကြေးပေးမည့်အပေါ် အုပ်ချုပ်ရေးပိုင်း၏ စာရင်းတွင် အမှန်တကယ်ပျက်စီးသည့် နေအိမ်တချို့ မပါဝင်ဘဲ​ ထိခိုက်ပျက်စီးမှုမရှိသည့် နေအိမ်များ ပါဝင်နေသည့်အတွက် ဒေသခံများကြား အငြင်းပွားမှုများ ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ထောက်ပံ့ကြေးက သစ်အိမ်နဲ့ ဝါးအိမ် မတူဘူး။ ပြီးတော့ မပြိုတဲ့အိမ်တွေလည်း စာရင်းထဲထည့်ထားတယ်။ စာရင်းပါတဲ့သူတော့ ရမယ်။

မဲခေါင်၊ စက်တင်ဘာ ၁၁

စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသည့် နေအိမ်များကို စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရက လျော်ကြေးပေးမည့်အပေါ် အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ဟဲယာရွာမရွာတွင် အုပ်ချုပ်ရေးပိုင်းက မမှန်စာရင်းပြကာ လုပ်စားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်အစိုးရမှ ငလျင်ကြောင့် ပျက်စီးသည့် သစ်သားအိမ်တစ်အိမ်လျှင် ကျပ်သိန်းတစ်ရာ၊ ဝါးအိမ်တစ်အိမ်လျှင် ကျပ်သိန်း ၂၀ ထောက်ပံ့ကြေးပေးမည့်အပေါ် အုပ်ချုပ်ရေးပိုင်း၏ စာရင်းတွင် အမှန်တကယ်ပျက်စီးသည့် နေအိမ်တချို့ မပါဝင်ဘဲ​ ထိခိုက်ပျက်စီးမှုမရှိသည့် နေအိမ်များ ပါဝင်နေသည့်အတွက် ဒေသခံများကြား အငြင်းပွားမှုများ ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ထောက်ပံ့ကြေးက သစ်အိမ်နဲ့ ဝါးအိမ် မတူဘူး။ ပြီးတော့ မပြိုတဲ့အိမ်တွေလည်း စာရင်းထဲထည့်ထားတယ်။ စာရင်းပါတဲ့သူတော့ ရမယ်။ မပါရင် မရဘူးဆိုတော့ မကျေနပ်လို့ အငြင်းပွားကုန်ကြတာ။ အမှန်တကယ် ဆုံးရှုံးတဲ့သူတွေကိုလည်း စာရင်းထဲက ဖျောက်ထားပါတယ်။ အဲထက် ဆိုးတာက အဲမှာ သတင်းပေးတဲ့သူရော၊ တိုင်တဲ့သူရော၊ တိုင်ဖို့ အကြံပေးတဲ့သူရော ဖမ်းထည့်မယ်ဆိုပြီး ခြိမ်းခြောက်နေတာပါ” ဟု ၎င်းက မဲခေါင်ကို ပြောသည်။

ယင်းခြိမ်းခြောက်မှုလုပ်ရပ်များကို ရွာအုပ်ချုပ်ရေးမှူးအုပ်ကြီး အောင်နိုင်ဦး (ခ) သားကြီးနှင့်ဇနီး နုနုအေး၊ ထွေအုပ်စာရေးမ သူဇာဝင်း တို့နှင့် အပေါင်းအပါ သာကီနှင့်ဇနီး သီတာကျော်တို့က ပြုလုပ်နေသည်ဟု ဒေသခံများက စွပ်စွဲသည်။

ယင်း အုပ်ချုပ်ရေးမှူးမှာ ငလျင်ကိစ္စတွင်သာမကဘဲ စစ်မှုထမ်းကိစ္စတွင်လည်း ၎င်းနှင့်မတည့်သည့် နေအိမ်များကို ဆွဲထည့်မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ငလျင်ကြီးတွင် ဟဲယားရွာမ ရွာရှိ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်မှ အိမ်ခြေ ၃၂၅ အိမ် ပျက်စီးခဲ့ရပြီး အင်းလေးဒေသ ဝါးပိုးအိမ် ကူညီထောက်ပံရေးအသင်း၏ စာရင်းအရ အင်းလေးဒေသတစ်ခုလုံး၌ ၃၈၅၀ အိမ်ရှိကြောင်း၊ ယင်းစာရင်းထဲတွင် လုံးဝပျက်စီး၊ တဝက်တပျက် ပျက်စီး၊ သစ်အိမ်၊ ဝါးအိမ်များပါဝင်ကြောင်း သိရသည်။

ငလျင်ကြောင့် ဖြစ်သည့် ဘေးဒုက္ခကို ၅ လကျော်ကြာ ခံစားရပြီးသည့် အခြေအနေတွင်မှ စစ်ကောင်စီက ထောက်ပံကြေးပေးရန် စီစဥ်သည့်အပေါ်တွင်လည်း ဝေဖန်မှုများရှိနေသည်။

ယခု အငြင်းပွားမှုဖြစ်ပွားသည့် ဟဲယာရွာမကဲ့သို့ အခြားငလျင်ကြောင့် ပျက်စီးမှုရှိခဲ့သည့် ရွာများတွင်လည်း အငြင်းပွားမှု ရှိ၊ မရှိ မဲခေါင်က စုံစမ်းနေဆဲဖြစ်သည်။

#MeKongNews
#အင်းလေးဒေသ
#ရှမ်းပြည်တောင်ပိုင်း
#ထောက်ပံကြေး
#ဟဲယာရွာမ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now