နေ့စဥ်သတင်း

တရုတ်နည်းပညာသုံးပြီး စစ်အုပ်စုကိုယ်စား အင်တာနက်သုံးပြည်သူများကို ထောက်လှမ်းနေသည့်အထဲ တာချီလိတ်အခြေစိုက် IM-Net ကုမ္ပဏီလည်းပါဝင်

မဲခေါင် 10 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၀ အာဏာသိမ်းစစ်တပ်၏ အလုံးစုံထိန်းချုပ်နိုင်ရေး မဟာဗျူဟာ တစိတ်တပိုင်းအဖြစ် အင်တာနက်သုံးပြည်သူများအား ထောက်လှမ်းစောင့်ကြည့်ရာတွင် တရုတ်နည်းပညာ အသုံးပြုပြီး စစ်အုပ်စုကိုယ်စား ထောက်လှမ်းစောင့်ကြည့်ပေးသည့် နည်းပညာကုမ္ပဏီ ၁၃ခုထဲတွင် တာချီလိတ်အခြေစိုက် IM-Net (Internet Maekhong Network) ကုမ္ပဏီလည်း ပါဝင်ကြောင်း Justice for Myanmar – JFM ၏ ထုတ်ပြန်ချက်အရ သိရသည်။ Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား အသုံးပြုကာ ထောက်လှမ်းစောင့်ကြည့်နေခြင်းဖြစ်ပြီး စစ်အုပ်စုကိုယ်စား လုပ်ဆောင်ပေးနေသည့် ကုမ္ပဏီ ၁၃ ခုရှိကြောင်း JFM က ဖော်ပြထားသည်။ ၎င်းတို့မှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊

မဲခေါင်၊ စက်တင်ဘာ ၁၀

အာဏာသိမ်းစစ်တပ်၏ အလုံးစုံထိန်းချုပ်နိုင်ရေး မဟာဗျူဟာ တစိတ်တပိုင်းအဖြစ် အင်တာနက်သုံးပြည်သူများအား ထောက်လှမ်းစောင့်ကြည့်ရာတွင် တရုတ်နည်းပညာ အသုံးပြုပြီး စစ်အုပ်စုကိုယ်စား ထောက်လှမ်းစောင့်ကြည့်ပေးသည့် နည်းပညာကုမ္ပဏီ ၁၃ခုထဲတွင် တာချီလိတ်အခြေစိုက် IM-Net (Internet Maekhong Network) ကုမ္ပဏီလည်း ပါဝင်ကြောင်း Justice for Myanmar – JFM ၏ ထုတ်ပြန်ချက်အရ သိရသည်။

Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား အသုံးပြုကာ ထောက်လှမ်းစောင့်ကြည့်နေခြင်းဖြစ်ပြီး စစ်အုပ်စုကိုယ်စား လုပ်ဆောင်ပေးနေသည့် ကုမ္ပဏီ ၁၃ ခုရှိကြောင်း JFM က ဖော်ပြထားသည်။

၎င်းတို့မှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြောင်း JFM က ဆိုသည်။

IM-Net (Internet Maekhong Network) ကုမ္ပဏီသည် တာချီလိတ်မြို့အခြေစိုက် တာချီလိတ်မြို့တွင် အစောဆုံး တရားဝင် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြစ်ပြီး ၇နှစ်ကျော် ကြာပြီဖြစ်ကြောင်း ဒေသခံများထံမှာ သိရသည်။

ယင်းကုမ္ပဏီသည် လက်ရှိတွင် တာချီလိတ်မြို့နယ်အပါအဝင် ရှမ်းအရှေ့ရှိ မြို့ကြီးအားလုံးနီးပါးတွင် အင်တာနက်ဝန်ဆောင်မှုပေးနေပြီး ကုမ္ပဏီကို ဦးဆောင်သူမှာ ဦးလှမိုးဆိုသူဖြစ်ကြောင်း ဒေသခံ​သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ရှယ်ယာရှင်တွေကတော့ တခြားသူတွေလည်းပါတယ်။ တာချီလိတ်မှာ ခရိုင်အုပ်ချုပ်ရေးမှူးတာဝန်ကျခဲ့သူတစ်ဦးရဲ့ ညီလည်း ရှယ်ယာပါတယ်။ သူတို့က တာချီလိတ်မှာ အစောဆုံးပဲ” ဟု ၎င်းကပြောသည်။

Geedge ကုမ္ပဏီ၏ လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်များမှာ လက်ရှိ ကြီးကြပ် လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူများ၊ အင်တာနက် ကြားခံပေးသူများ၊ ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူများက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း အတည်ပြု ထားသည်။

#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#အင်တာနက်
#တရုတ်
#IMNet

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now