မဲခေါင်၊ စက်တင်ဘာ ၆
စက်တင်ဘာ ၅ ရက်အစောပိုင်းက ဗင်နီဇွဲလား စစ်တပ်လေယာဉ် ၂ စီးသည် ကာရစ်ဘီယံ ဒေသ နိုင်ငံ တကာရေပိုင်နက်အတွင်း မူးယစ်မှောင်ခိုဂိုဏ်းများနှိမ်နင်ရေးအတွက် ရောက်နေသော အမေရိကန် စစ်သင်္ဘောပေါ်မှ ဖြတ်ပျံသန်းခဲ့ရာ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ဗင်နီဇွဲလားနိုင်ငံအား လည်ပတ်နေစေသည့် လက်နက်ကိုင် မူးယစ်ဂိုဏ်းများ နောက်ထပ် အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်မျိုး လုံး၀ထပ်မလုပ်ဆောင်ရေး ပြင်းထန်စွာ သတိပေးသည်ဟု ထုတ်ပြန်သွားခဲ့သည်။
စက်တင်ဘာ ၂ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မိမိနိုင်ငံအတွင်း ကိုကင်းနှင့် မူးယစ်ဆေးဝါးများစွာ အဓိက မှောင်ခိုတင်သွင်းနေသော ဗင်နီဇွဲလားသမ္မတ မာဂျူရိုကျောထောက် နောက်ခံပြု မူးယစ်ဂိုဏ်း မောင်းနှင်လာသည့် စက်လှေကို ပစ်ခတ်ဖောက်ခွဲခဲ့ကာ တစ်ကမ္ဘာလုံးအား ပြသပြီး ၁၁ ဦးစလုံးသေဆုံးခဲ့သည်ဟု ကြေညာခဲ့သည်။
မူးယစ်ဂိုဏ်းများကို ကျောထောက်နောက်ခံပြုကာ အာဏာမြဲစေရန် ကြိုးစားနေသည့် မာဂျူရိုသည် အမေရိကန်အမျိုးသားရန်စွယ်အဖြစ် နိုင်ငံအတွင်း ကိုကင်းနှင့်မူးယစ်တန်ပေါင်းများစွာ အဓိကတင် သွင်းသူဟုဆိုကာ အမေရိကန် တရားရေးဝန်ကြီးဌာနက ဆုကြေးငွေ ဒေါ်လာသန်း ၅၀ လည်း ထုတ် ထားသည်။ ထိုအခြေအနေတွင် ပြီးခဲ့သည့်တစ်ပတ်အတွင် အမေရိကန်က ကာရင်ဘီယံတောင်ပိုင်း ပင်လယ်ထဲ စစ်သင်္ဘော ၃ စီးစေလွှတ်ပြီး မူးယစ်ဂိုဏ်းများအား ဖြိုခွင့်မည်ဟု ထုတ်ပြန်ခဲ့သည်။
ယခု မိမိအား အာဏာဖြုတ်ချပြီး ဝင်ရောက်တိုက်ခိုက်မာမည်ဆိုလျှင် တော်လှန်ရေးအစိုးရအဖြစ် ကြေညာကာ တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် တိုက်ပွဲဝင်သွားမည်ဟု မာဂျူရိုက တန်ပြန် ခြိမ်းခြောက်ပြီးနောက် အမေရိကန်ဘက်က လာမည့်တစ်ပတ်အတွင်း ကာရစ်ဘီယံသို့ စစ်သင်္ဘော ပေါင်း ၇ စီး၊ ရေငုပ်သင်္ဘော ၁ စီးနှင့် F-35 ဖိုက်တာဂျက်လေယာဉ် ၁၀ စီး စေလွှတ်မည်ဟု ပင်တဂွန် တာဝန်ရှိအကြီးအကဲ တစ်ဦးက သတင်းပေးပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: asiaone
#MeKongNews
#ဗင်နီဇွဲလား
#အမေရိကန်
#ဒေါ်နယ်ထရမ့်
#မာဂျိုရို








