နေ့စဥ်သတင်း

လင်းခေး NLD ကိုယ်စားလှယ်ဟောင်း ကျားဖြူပါတီမှ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်

မဲခေါင် 5 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၅ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ စိုင်းဆေဟန်သည် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကျားဖြူပါတီ – SNDP မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်း နီးစပ်သူများထံမှ သိရသည်။ လာမည့် ဒီဇင်လဘာတွင် စစ်ကောင်စီ စတင်ကျင်းပမည့် ရွေးကောက်ပွဲတွင် လင်းခေးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ – SNDP (ကျားဖြူပါတီ) ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ပါဝင်ယှဉ်ပြိုင်ရန်အတွက် စိုင်းဆေဟန်ကို လျာထားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “ပီဆေဟန်က ပြောရရင် နိုင်ငံရေးအခန်းကဏ္ဍကို စိတ်ဝင်စားလို့တော့မဟုတ်ဘူး။ နိုင်ငံရေးအာဏာ လိုချင်တာလည်းမဟုတ်ဘူး။ သူကစကားပြောကောင်းတယ်။ နေရာတခုရချင်တာ၊ အမတ်ဖြစ်ချင်တာပဲပေါ့နော်။ တစ်သီးပုဂ္ဂလအနေနဲ့ပြိုင်တော့

မဲခေါင်၊ စက်တင်ဘာ ၅

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ စိုင်းဆေဟန်သည် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကျားဖြူပါတီ – SNDP မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်း နီးစပ်သူများထံမှ သိရသည်။

လာမည့် ဒီဇင်လဘာတွင် စစ်ကောင်စီ စတင်ကျင်းပမည့် ရွေးကောက်ပွဲတွင် လင်းခေးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ – SNDP (ကျားဖြူပါတီ) ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ပါဝင်ယှဉ်ပြိုင်ရန်အတွက် စိုင်းဆေဟန်ကို လျာထားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“ပီဆေဟန်က ပြောရရင် နိုင်ငံရေးအခန်းကဏ္ဍကို စိတ်ဝင်စားလို့တော့မဟုတ်ဘူး။ နိုင်ငံရေးအာဏာ လိုချင်တာလည်းမဟုတ်ဘူး။ သူကစကားပြောကောင်းတယ်။ နေရာတခုရချင်တာ၊ အမတ်ဖြစ်ချင်တာပဲပေါ့နော်။ တစ်သီးပုဂ္ဂလအနေနဲ့ပြိုင်တော့ သူရှုံးခဲ့တယ်။ နောက် SNLD ပြန်လာတော့ သူသွားလျှောက်ခဲ့တယ်။ SNLD က သူ့နိုင်ငံရေးသဘောထားကို မကြိုက်တဲ့အတွက် ပယ်ချခဲ့ပါတယ်။ နောက် ၂၀၂၀ မှာ NLD မှာ ဝင်ပြိုင်ဖို့ကတော့ ဦးအောင်ကြည်ညွန့်နဲ့ မိုးနဲမှာတွေ့ပြီးနောက် ဖြစ်လာတာပေါ့” ဟု ၎င်းက ပြောပြသည်။

ဦးစိုင်းဆေဟန်သည် လင်းခေးမြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေနှင့် လည်းကောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုအဖြစ်လည်းကောင်း ရွေးကောက်ယှဉ်ပြိုင်ဖူးသူလည်းဖြစ်သည်။ သို့သော်၂၀၂၀ခုနှစ် လင်းခေးမြို့နယ် ရွေးကောက်ပွဲ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD (ကျားခေါင်းပါတီ) မှ အနိုင်ရရှိခဲ့သည်။

စိုင်းဆေဟန် အနေဖြင့် ရွေးကောက်ပွဲအတွင် ကျားဖြူပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိစ္စအား မဲခေါင်သတင်းမှ သီးသန့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း သီးသန့်ဖြေကြားခြင်းမရှိဘဲ သျှမ်းသံတော်ဆင့်သတင်းဌာနတွင် စက်တင်ဘာ ၄ ရက်နေ့တွင် ပါရှိသည့် ၎င်းအင်တာဗျူးကိုသာ က်ိုးကား၍ရေးစေလိုကြောင်း တုံ့ပြန်ခဲ့သည်။

ယင်းအင်တာဗျုးတွင် စိုင်းဆေဟန်ကို ရှမ်းပြည်တောင်ပိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်(UEC) က အသစ်ကျင့်သုံးမည် FPTP နှင့် PR စနစ်အကြောင်း နှင့် အီလက်ထရွန်းနစ်မဲပေးစနစ်အကြောင်းတို့ကို အဓိက မေးမြန်းထားသည်ကို တွေ့ရသည်။

“အခုက ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာပေါ့။ နိုင်ငံရေးမဏ္ဍိုင်မှာဆိုရင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးဆိုတာ အဲ့လိုမျိုးဖြစ်နေတယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာဆိုရင် အဲ့ဒီမဏ္ဍိုင်သုံးရပ် ပြန်ပြီးတော့ ခွဲဝေပြီးတော့ ကျင့်သုံးကြမှာပေါ့။ အဲ့အချိန်မှာဆိုရင် ကျနော်တို့က ပြည်သူတွေအတွက်လည်း ပိုပြီးတော့ အကာအကွယ် ပေးနိုင်တာပေါ့ သူက ဖြစ်သင့်တာ၊ ဖြစ်ထိုက်တာကိုလေ။

ဒါပေမဲ့ အခုကာလမှာဆိုရင် သိတယ်မဟုတ်လား၊ နိုင်လွတ်လုံ ဆိုတဲ့ဥပဒေ ၂၀၂၀ ဩဂုတ်လ ၂၈ ရက်နေ့ကတည်းကနေ ပြဋ္ဌာန်းထားတဲ့ ဥပဒေ။ အဲ့ဒီ နိုင်လွတ်လုံဥပဒေကို အခုက ခြောက်လအတွင်းပေါ့ ရွေးကောက်ပွဲ မပြီးမချင်း ခေတ္တ ဆိုင်းငံ့ထားတယ်။ အဲ့မှာ လူ့အခွင့်အရေးတွေ အားလုံးက အဲ့ထဲပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဘာပဲလုပ်လုပ် ပြည်တွင်းမှာ ရှိနေတဲ့ လူတွေအားလုံးကတော့ တစ်ခုခု လုပ်မယ်ဆိုရင်လည်း ဥပဒေနဲ့ ငြိစွန်းသွားရင် ဘယ်သူမှ ကျနော်တို့ကို လာကယ်နိုင်မှာ မဟုတ်ပါဘူးဗျ၊ အဲ့ဒါလည်း သတိထားစေချင်တယ်” ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ဖြေကြားထားသည်။​

စိုင်းဆေဟန် အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အလေးပေးဆောင်ရွက်နေကြောင်းလည်း ၎င်း၏ ဖေ့စ်ဘွတ်နှင့် တစ်တော့လူမှုကွန်ယက်များမှတဆင့် မြင်တွေ့နေရသလို လင်းခေးခရိုင်အတွင်းရှိ မြို့များ၊ ရွာများသို့ သွားရောက် မဲဆွယ်စည်းရုံးနေသည်ကိုလည်း တွေ့နေရသည်။

“ဆိုးဆိုးကောင်းကောင်း နိုင်ငံရေးပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် ပြည်သူလူထုလက်ချောင်းလေးပေါ်မှာမူတည်ပါတယ်။ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း —— သာလိုတော့သည်” ဟု မြန်မာဘာသာအပြင် ရှမ်းဘာသာဖြင့်လည်း ၎င်း၏ ဖေ့စ်ဘွတ်အကောင့်တွင် နေ့စဉ်တင်နေသည်ကိုတွေ့နေရသည်။

လာမည့် ရွေးကောက်ပွဲတွင် စိုင်းဆေဟန် ကိုယ်စားပြု ယှဉ်ပြိုင်မည့်အကြောင်းအား မေးမြန်းရာတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းမသွင်းရသေးသော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဖြေဆိုထားသည်ကို တွေ့ရသည်။

NLD ပါတီ ရှမ်းပြည်နယ်ရုံးမှ တာဝန်ရှိသူတစ်ဦးကို စိုင်းဆေဟန် အနေနှင့် ပါတီမှနှုတ်ထွက်ခဲ့သလား၊ SNDP တွင် ဝင်ရောက်ယှဉ်ပြိုင်သွားသည့်အပေါ် မဲခေါင်က မေးမြန်းရာတွင် မည်သည့်မှတ်ချက်မှ မပေးလို့ကြောင်းပြောကာ ငြင်းဆိုခဲ့သည်။

နိုင်ငံရေးပါတီများ စုံလင်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း များပြားသည့် ရှမ်းပြည်တောင်ပိုင်းအကျဆုံး လင်းခေးမြို့နယ်နိုင်ငံရေးသည် နိုင်ငံရေး၊ စစ်ရေး အမြဲရှုပ်ထွေးလေ့ရှိသည်ဖြစ်ရာ ရွေးကောက်ပွဲကာလမျိုးတွင်လည်း ပါတီအချင်းချင်း ပွတ်တိုက်မှုများ ရှိတတ်သည်။

နန်းမွန်း

#MeKongNews
#ရွေးကောက်ပွဲ
#စစ်ကောင်စီ
#ကျားဖြူပါတီ
#SNDP
#လင်းခေး
#စိုင်းဆေဟန်
#လွှတ်တော်ကိုယ်စားလှယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now