ကမ္ဘာ့သတင်း

မကောင်းဆိုးဝါး ဝန်ရိုးတန်း ၃ ဖော်တွင် ရှီကျင်းဖျင်က အဖရာ၌ ဩဇာအကြီးဆုံးဟု အမူအယာဖတ် ကျွမ်းကျင်သူများဆို

မဲခေါင် 4 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၄ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အခမ်းအနားကျင်းပရာ အနောက်အင်အားစုများက မကောင်းဆိုးဝါးဝန်ရိုးတန် ၃ ဖော်ဟု ခေါ်ဆိုသော ရှီကျင်းဖျင်၊ ပူတင်နှင့် ကင်ဂျုံအန်တို့ ၃ ဦး အတူရှိနေခဲ့ကြသည့် လှုပ်ရှားပုံများကို Body Language – အမူအယာဖတ် ကျွမ်းကျင်သူများက ဖတ်ရှုလေ့လာအပြီး ရှီကျင်းဖျင်သည်သာ ၎င်းတို့ထဲ ဩဇာအာဏာအကြီးမားဆုံး၊ အဖအရာတွင်ရှိနေသလိုဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။ မိနစ် ၇၀ ကြာကျင်းပခဲ့သည့် အဆိုပါ စစ်ရေးပြချီတက်မှုအခမ်းအနားတွင် လက်ဆွဲနှုတ်ဆက်ပုံ၊ အထူးဧည့်သည်တော်များအတွက် ကားပေါ်တက်ပုံ၊ နေရာယူကြပုံ၊ မျက်နှာသွင်ပြင်အနေအထားများ၊ လက်ဟန်ခြေဟန်များကိုကြည့်ခြင်းအားဖြင့် ရှီကျင်းဖျင်သည်သာ ခေါင်းကိုင်ဖခင်သဖွယ် ဩဇာအကြီး ဆုံးပုံစံရှိနေသည်ကို တွေ့ရသည်ဟု Body

မဲခေါင်၊ စက်တင်ဘာ ၄

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အခမ်းအနားကျင်းပရာ အနောက်အင်အားစုများက မကောင်းဆိုးဝါးဝန်ရိုးတန် ၃ ဖော်ဟု ခေါ်ဆိုသော ရှီကျင်းဖျင်၊ ပူတင်နှင့် ကင်ဂျုံအန်တို့ ၃ ဦး အတူရှိနေခဲ့ကြသည့် လှုပ်ရှားပုံများကို Body Language – အမူအယာဖတ် ကျွမ်းကျင်သူများက ဖတ်ရှုလေ့လာအပြီး ရှီကျင်းဖျင်သည်သာ ၎င်းတို့ထဲ ဩဇာအာဏာအကြီးမားဆုံး၊ အဖအရာတွင်ရှိနေသလိုဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

မိနစ် ၇၀ ကြာကျင်းပခဲ့သည့် အဆိုပါ စစ်ရေးပြချီတက်မှုအခမ်းအနားတွင် လက်ဆွဲနှုတ်ဆက်ပုံ၊ အထူးဧည့်သည်တော်များအတွက် ကားပေါ်တက်ပုံ၊ နေရာယူကြပုံ၊ မျက်နှာသွင်ပြင်အနေအထားများ၊ လက်ဟန်ခြေဟန်များကိုကြည့်ခြင်းအားဖြင့် ရှီကျင်းဖျင်သည်သာ ခေါင်းကိုင်ဖခင်သဖွယ် ဩဇာအကြီး ဆုံးပုံစံရှိနေသည်ကို တွေ့ရသည်ဟု Body Language – အမူအယာဖတ်ရှုမှုကျွမ်းကျင်သူများက ဆိုသည်။

Body Language – အမူအယာဖတ်ရှုမှု ကျွမ်းကျင်သူ ဒါရင်းစတန်တွန်က ရှီကျင်းဖျင်သည် အိမ်ရှင်အဖြစ် ဦးဆောင်ရသည့် အခမ်းအနားတွင် အလွန်ကောင်းမွန်သော စီမံခန့်ခွဲမှုအစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ၎င်း၏ တရုတ်သမ္မတအဖြစ် အာဏာစက်အကြီးမားဆုံးရှိနေသည်ကို တင်ပြ နိုင်ခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သောကြောင့် အဆုံးစွန်သော အာဏာသည် ရှီကျင်းဖျင်လက်ထဲတွင်သာ ရှိသည်ကို ပြသခြင်းဖြစ်သလို ပူတင်နှင့်ကင်ဂျုံအန်တို့အား ဘေးနှစ်ဖက် နှစ်ချက်မှ လိုက်ပါစေမှုများတွင်လည်း ရှေ့ဆုံးသို့ တိုးထွက်နေရာယူပြခြင်း၊ ပူတင်နှင့်ကင်ဂျုံအန်တို့ကလည်း နောက်မှလိုက်ရသည်ကို ဝမ်းမြောက်ကျေနပ်သည်ဆိုသော ဟန်အမူအယာများ ပြသကြကြောင်း၊ အနောက်အင်အားစုအတွက် မကောင်းသည့်အနေအထားမှာမူ ၎င်းတို့ ၃ ဦးအကြား အလွန်နွေးထွေး သွေးစည်းနေသည်ကို ပြသသွားခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

နောက်ထပ် Body Language – အမူအယာ ဖတ်ရှုမှုကျွမ်းကျင်သူ ဂျူဒီကလည်း ကင်ဂျုံအန်နှင့်ပူတင်အား ရှီကျင်းဖျင် လက်ဆွဲနှုတ်ဆက်နေပုံများသည် အဖအရာမှ ရှိနေသည့်အသွင်ဆောင်ကာ ညာလက်ဖြင့် လက်ဆွဲနှုတ်ဆက်စဉ် ဘယ်လက်ပါ ထပ်မံအုပ်မိုးပြီးနှုတ်ဆက်မှုသည် ၎င်းတို့အကြားအလွန်နီးစပ်မှု၊ သွေးစည်းမှု၊ နွေးထွေးမှုကို ပြသခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

ကင်ဂျုံအန်သည် ရှီကျင်းဖျင်နှင့် ယှဉ်ကြည့်သည့်အခါ မျက်လွှာကို မှေးထားသလို မှုန်ကုပ်ထားသည့်ဟန်ပန်အရ အာဏာစက်အားဖြင့် မယှဉ်သာမှုကို ပြသခြင်းဖြစ်သလို ပူတင်သည်လည်း ရှီကျင်းဖျင်နောက်မှ လိုက်ရခြင်းကို ကျေနပ်သည့် ပါးချိုင့်ပင်လုံးဝန်းစွာပေါ်နေသည့် မျက်နှာပေးဖြင့် လိုက်နေသည်ကို တွေ့ရသည်ဟု သုံးသပ်သွားခဲ့သည်။

ကိုကလင်း
#MeKongNews
#ရှီကျင်းဖျင်
#ပူတင်
#ကင်ဂျုံအန်
#မကောင်းဆိုးဝါးမဟာမိတ်
Ref: Thesun

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now