မဲခေါင်၊ စက်တင်ဘာ ၄
ထောင်ဒဏ်ချမှတ်ခံထားရစဉ် ပြည်ထဲရေးဆေးရုံသို့ ရောဂါအကြောင်းပြကာ ထောင်တွင်းပြစ်ဒဏ်မခံဘဲ ယင်းဆေးရုံ ၁၄ လွှာ၌ ၆ လ နေထိုင်ခဲ့သည့်အတွက် အမှုရင်ဆိုင်နေရဆဲဖြစ်သော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဘန်ကောက်၊ ဒွန်မောင်းလေဆိပ် M Jet ဥမင်လမ်းသို့ စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ရောက်ရှိလာရာ ထိုင်းလေဆိပ်လ၀ကမှ ဖမ်းဆီးစစ်ဆေး မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သက်ဆင်သည် သီးသန့်ဂျက်လေယာဉ်ဖြင့် စင်ကာပူသို့ ထွက်ခွာမည်ဖြစ်ရာ လေဆိပ်လ၀ကရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာတွင် စာရွက်စာတမ်းများစစ်ဆေးမှုအရ ပတ်စ်ပို့တ်အသက်ဝင်နေသောကြောင့် စေလွှတ်ခွင့်ပြုလိုက်ပြီး သက်ဆင်ဘက်မှ နိုင်ငံအတွင်းမှ ထွက်ပြေးခြင်းမဟုတ်ဘဲ စင်ကာပူတွင် ၂ ရက်တာ ဆေးစစ်မှုအစီအစဉ်များရှိသောကြောင့် သွားရောက်ခြင်းသာဖြစ်သည်ဟု ရှင်းလင်းထုတ်ပြန်ခဲ့သည်။
ထိုင်းတော်ဝင်ဘုရင်မိသားစုအား စော်ကားမှုဖြင့် ပုဒ်မ ၁၂၂ ဖြင့် ယခင်စွဲချက်တင်ခံခဲ့ရသည့် သက်ဆင်အမှုသည် ယခုအဆုံးသတ်လွတ်မြောက်သွားပြီဖြစ်ခြင်းကြောင့် ယခင် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရမှုများ ပြေလျော့ကာ ပြည်ပသို့ သွားရောက်ခွင့်ရှိသည်ကို တွေ့ရှိရသဖြင့် လေဆိပ်အာဏာပိုင်များနှင့် လ၀ကမှ ခဏတာသာ မေးမြန်းပြီး သွားခွင့်ပြုလိုက်ခြင်းဖြစ်သည်။
သက်ဆင်သည် စက်တင်ဘာ ၉ ရက်တွင် တရားခွင်သို့ ထပ်မံတက်ရောက် ထုချေရဦးမည်ဖြစ်ရာ မိမိ အနေဖြင့် ၂ ရက်သာ စင်ကာပူသို့သွားပြီး ပြန်ဝင်လာမည်ဖြစ်ကြောင်း သက်ဆင်က ရှင်းလင်းထုတ်ပြန် ခဲ့သည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#သက်ဆင်
#ထိုင်းနိုင်ငံ
#စင်ကာပူ
#သီးသန့်ဂျက်လေယာဉ်








