မဲခေါင်၊ စက်တင်ဘာ ၃
ဗင်နီဇွဲလားသမ္မတ မာဂျူရိုသည် အမေရိကသို့ ကိုကင်းအများဆုံး တင်သွင်းနေသည့် အဓိက တရားခံဟုဆိုကာ အမေရိကန်ရေတပ်စစ်သင်္ဘော ၃ စီးအား ကာရစ်ဘီယံ ပင်လယ်သို့ ဒေါ်နယ်ထရမ့် က စေလွှတ်ပြီးနောက် ပထမဆုံးတိုက်ခိုက်မှုအဖြစ် စက်တင်ဘာ ၂ ရက်နေ့က ကာရစ်ဘီယံတောင်ပိုင်း တွင် မောင်းနှင်လာသည့် မူးယစ်ဆေးဝါးဂိုဏ်းမှ စက်လှေအား ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
မာဂျူရိုကျောထောက်နောက်ခံပြုထားသော Tren de Aragua မူးယစ်ဆေးဝါးဂိုဏ်းပိုင် စက်လှေကို တိုက်ခိုက်ဖောက်ခွဲခဲ့မှုအား ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှတစ်ဆင့် အတည်ပြုထုတ်ပြန်ကာ စက်လှေပေါ်တွင်လိုက်ပါသည့် မူးယစ်ဂိုဏ်းသား ၁၁ ယောက်စလုံး သေဆုံးသည်ဟု ထုတ်ပြန်သွားခဲ့သည်။
ဒေါ်နယ်ထရမ့်က ယင်းစက်လှေသည် များစွာသော မူးယစ်ဆေးဝါးများကို သယ်ဆောင်လာ သည်အား မတိုက်ခိုက်မီ မိနစ်ပိုင်းအတွင်း အတိအကျသိရှိခဲ့ရကြောင်း၊ ဗင်နီဇွဲလားမှ လာသည့် မူးယစ်ဆေးဝါးများ အမေရိကန်ပြည်ထောင်စုသို့ အများဆုံး မှောင်ခိုတင်ပို့ရောက်ရှိနေသဖြင့် ယခုလို တိုက်ခိုက်မှုများ အများအပြားဆက်လာဦးမည်ဖြစ်ကြောင်း မာဂျူရိုအား သတိပေးပြောကြားသွားခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်က စစ်သည် ၄၀၀၀ ပါ အမေရိကန် ဖျက်သင်္ဘော ၃ စီး တောင်အမေရိက ကမ်းရိုးတန်းဒေသသို့ စေလွှတ်လိုက်သဖြင့် ဗင်နီဇွဲလား သမ္မတ မာဂျူရိုက သွေဆာသော ကျူးကျော်မှု ပြုလုပ်ပါက တော်လှန်ရေးအစိုးရအဖြစ်ကြေညာကာ အားလုံးတိုက်ပွဲဝင်သွားမည်ဟု တန်ပြန် သတိပေးခဲ့ကာ စစ်သား ၁၅၀၀၀ ကို ကိုလံဘီယာ နယ်စပ်သို့ ပို့ဆောင် တပ်စွဲထားရှိစေခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ကာရစ်ဘီယံပင်လယ်
#မူးယစ်ဆေးဝါး
#ဗင်နီဇွဲလား
#မာဂျိုရို








