နေ့စဥ်သတင်း

မိုင်းရယ် လူသတ်မှု သံသယရှိသူ ၂ ဦး လက်နက်ခဲယမ်းများဖြင့် တာချီလိတ်တွင် ဖမ်းမိ

မဲခေါင် 28 Aug - 2025
မဲခေါင်၊ သြဂုတ်၂၈ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရယ်မြို့တွင် လူသတ်ပြီးထွက်ပြေးနေသည့် သံသယရှိသူ ၂ဦးကို တာချီလိတ်မြို့တွင် ဖမ်းဆီးရမိကြောင်း ဟောင်လိတ်ရဲစခန်းနှင့် နီးစပ်သူထံမှ သိရသည်။ မိုင်းရယ်မြို့တွင် ဇွန်လအတွင်း သတ်ဖြတ်ခံရသူ စိုင်းနောင့်ဦးကို သတ်သူဟု သံသယရှိသူ ၃ဦးထဲမှ စိုင်းဆိုင်လောင်အား သြဂုတ်လ၂၄ရက်တွင် မိုင်းရယ်မြို့၌ ဖမ်းမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ကျန် ၂ဦးဖြစ်သည့် ငြိမ်းချမ်းဦး(ခ)သန်းစိန်နှင့် စိုင်းဆိုင်လောင်တို့အား တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ရှိ လိုင်းခန်းငှားတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။ ၎င်းတို့အား ဖမ်းဆီးစဥ် စိုင်းဆိုင်လောင်အိပ်သည့် ခေါင်းအုံးအောက်မှ CZENCH နိုင်ငံထုတ် CZ 75P-019 luger အမျိုးအစား အနက်ရောင်ပစ္စတို သေနတ်တစ်လက်၊ ကျည်(၈)တောင့်ကို ကျည်အိမ်အတွင်းထည့်လျှက် တွေ့ရှိသိမ်းဆည်းရမိ ကြောင်းသိရသည်။ ဖြစ်စဥ်မှာ

မဲခေါင်၊ သြဂုတ်၂၈

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရယ်မြို့တွင် လူသတ်ပြီးထွက်ပြေးနေသည့် သံသယရှိသူ ၂ဦးကို တာချီလိတ်မြို့တွင် ဖမ်းဆီးရမိကြောင်း ဟောင်လိတ်ရဲစခန်းနှင့် နီးစပ်သူထံမှ သိရသည်။

မိုင်းရယ်မြို့တွင် ဇွန်လအတွင်း သတ်ဖြတ်ခံရသူ စိုင်းနောင့်ဦးကို သတ်သူဟု သံသယရှိသူ ၃ဦးထဲမှ စိုင်းဆိုင်လောင်အား သြဂုတ်လ၂၄ရက်တွင် မိုင်းရယ်မြို့၌ ဖမ်းမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ကျန် ၂ဦးဖြစ်သည့် ငြိမ်းချမ်းဦး(ခ)သန်းစိန်နှင့် စိုင်းဆိုင်လောင်တို့အား တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ရှိ လိုင်းခန်းငှားတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။

၎င်းတို့အား ဖမ်းဆီးစဥ် စိုင်းဆိုင်လောင်အိပ်သည့် ခေါင်းအုံးအောက်မှ CZENCH နိုင်ငံထုတ် CZ 75P-019 luger အမျိုးအစား အနက်ရောင်ပစ္စတို သေနတ်တစ်လက်၊ ကျည်(၈)တောင့်ကို ကျည်အိမ်အတွင်းထည့်လျှက် တွေ့ရှိသိမ်းဆည်းရမိ ကြောင်းသိရသည်။

ဖြစ်စဥ်မှာ မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၀ရက်နေ့က ပျောက်ဆုံးသွားသည့် စိုင်းနောင်ဦးကို ဇွန်လ ၂၅ရက်နေ့၌ မိုင်းရယ်မြို့နယ်၊ ဝမ်ပုံကျေးရွာအနီး ကားလမ်းဘေးလက်ဖက်ခြံအတွင်း၌ သေဆုံးနေပြီး မြေတပိုင်းတစ မြုပ်နှံထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

၎င်းလူသေအလောင်းကို ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရာ ဘယ်ဘက်နားထင်အထက် ဦးခေါင်းခွံ ကွဲချိုင့်ဒါဏ်ရာ၊ ဘယ်ဘက်တံတောင် ဖူးရောင်ဒါဏ်ရာများဖြင့် သေဆုံးကြောင်းတွေ့ရှိရသဖြင့် မိုင်းရယ်မြို့မရဲစခန်းတွင် အမှု့ဖွင့်ဆောင်ရွက်ခဲ့ထားရာမှ လူသတ်တရားခံအဖြစ် သံသယရှိသူများကို ၂လအကြာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဟောင်လိတ်နယ်မြေရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေပြီး အမှုမှ သံသယတရားခံ ငြိမ်းချမ်းဦး(ခ) သန်းစိန်နှင့် စိုင်ဆိုင်လောင် တို့ ၂ဦးအား မိုင်ရယ်မြို့မစခန်းသို့ လွှဲပြောင်းပေးနိုင်ရေး စီစဥ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

#MeKongNews
#တာချီလိတ်
#မိုင်းရယ်
#လူသတ်မှု
#ဟောင်လိတ်နယ်မြေရဲစခန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now