မဲခေါင်၊ ဩဂုတ် ၂၈
တာချီလိတ်မြို့အတွက် အရေးပါသည့် မယ်ဆိုင်ချောင်းရေသည် ဩဂုတ်လ ၂၈ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကြောင်း မိုးဇလက သတင်းထုတ်ပြန်ထားသည်။
တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာရှိ မယ်ဆိုင်ချောင်းရေသည် မနက် ၆ နာရီခွဲခန့်တွင် တိုင်းတာချက်များအရ စိုးရိမ်ရေမှတ်အထက်သို့ ၂ လက်မခန့် ကျော်လွန်ရောက်ရှိလာနေသည့်အပြင် ထပ်မံမြင့်တက်လာနိုင်ခြေ ရှိသည့်အတွက် ဒေသခံ ပြည်သူများအနေနှင့် ချောင်းကမ်းအနီးနှင့် မြေနှိမ့်ပိုင်းနေထိုင်သူများ အနေနှင့် ရေဘေးလွက်ရာ နေရာများသို့ ရှောင်ရှားနိုင်ရန် သတိပေးထားသည်။
ကာဂျီကီ မုန်တိုင်းအကျန်သည် မြန်မာနိုင်ငံအနောက်ပိုင်းသို့ ဖြတ်ကျော်ကာ အားလျော့သွာ့ပြီ ဖြစ်သော်လည်း အကြွင်းအကျန်တိမ်တိုက်များသည် ရှမ်းပြည်တွင် မုတ်သုံလေဖိအားနည်း မြှောင်တန်းအဖြစ် သွယ်တန်းနေမည် ဟု မိုးဇလက ထုတ်ပြန်ထားသည်။
တာချီလိတ်မြို့အတွင်း ဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ရေပြန်မကျသေးပဲ ရှိနေဆဲ ဖြစ်ကာ မယ်ဆိုင်ချောင်းရေသည်လည်း ဆက်လက်ရေကြီးနေဆဲ ဟု ဒေသခံများက ပြောဆိုသည်။
#MeKongNews
#တာချီလိတ်မြို့
#မယ်ဆိုင်ချောင်း
#ရေကြီးရေလျှံ
#မိုးဇလ








