နေ့စဥ်သတင်း

ဟိုပုံးတွင် ကုန်တင်ယာဉ် ၆၀ ကျော် မလွှတ်ပေးသေး၍ ယာဉ်မောင်းနှင့် ယာဉ်အကူများ ဒုက္ခရောက်နေ

မဲခေါင် 28 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၈ တရားမဝင်ကုန်စည်သယ်ဆောင်သည်ဟုဆိုကာ ရှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ဖမ်းဆီးထားသည့် ကုန်တင်ယာဉ် အစီး ၆၀ ကျော်ကို စစ်ကောင်စီက ၅ လနီးပါးကြာသည့်အထိ မလွှတ်ပေးသေးကြောင်း အဖမ်းခံထားရသည့် ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။ ယာဉ်များကို ဖမ်းဆီးထားသည်မှာ အချိန် ၅လနီးပါး ရောက်လာပြီဖြစ်သည့်အတွက် ကိုယ်တိုင်လည်း စားဝတ်နေရေးကြပ်တည်းသလို မှီခိုနေသည့် မိသားစုများလည်း ကြပ်တည်းနေကြောင်း၊ အချိန်ကြာမြင့်စွာ ကုန်နှင့် ရပ်နားထားရသည့်အတွက် ကားတာယာဆွေးခြင်း၊ ဘက်ထရီ မကောင်းတော့ခြင်း၊ မိုးကာများ ဆွေးပြီး ကုန်စည်များ ပျက်စီးယိုယွင်းခြင်း စသည့် ပျက်စီးမှုများလည်း ကြုံနေရကြောင်း ကုန်တင်ယာဉ်ဖမ်းဆီးခံထားရသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။ “ခုဆို ၅ လထဲ ရောက်လာပါပြီခမျ။ ယာဉ်မှူးများမှာ

မဲခေါင်၊ ဩဂုတ် ၂၈

တရားမဝင်ကုန်စည်သယ်ဆောင်သည်ဟုဆိုကာ ရှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ဖမ်းဆီးထားသည့် ကုန်တင်ယာဉ် အစီး ၆၀ ကျော်ကို စစ်ကောင်စီက ၅ လနီးပါးကြာသည့်အထိ မလွှတ်ပေးသေးကြောင်း အဖမ်းခံထားရသည့် ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

ယာဉ်များကို ဖမ်းဆီးထားသည်မှာ အချိန် ၅လနီးပါး ရောက်လာပြီဖြစ်သည့်အတွက် ကိုယ်တိုင်လည်း စားဝတ်နေရေးကြပ်တည်းသလို မှီခိုနေသည့် မိသားစုများလည်း ကြပ်တည်းနေကြောင်း၊ အချိန်ကြာမြင့်စွာ ကုန်နှင့် ရပ်နားထားရသည့်အတွက် ကားတာယာဆွေးခြင်း၊ ဘက်ထရီ မကောင်းတော့ခြင်း၊ မိုးကာများ ဆွေးပြီး ကုန်စည်များ ပျက်စီးယိုယွင်းခြင်း စသည့် ပျက်စီးမှုများလည်း ကြုံနေရကြောင်း ကုန်တင်ယာဉ်ဖမ်းဆီးခံထားရသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ခုဆို ၅ လထဲ ရောက်လာပါပြီခမျ။ ယာဉ်မှူးများမှာ အနေအထိုင်၊ အစားအသောက် ကြပ်တည်းစွာနဲ့ ၄ လကျော်ခဲ့ပါပြီခင်ဗျ။ ယာဉ်ပိုင်ရှင်များကလည်း စရိတ်မထုပ်ပေးနိုင်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တာဝန်ခံ ဂိတ်ပိုင်များကလည်း ယာဉ်မှူးများရဲ့ဖုန်းနံပါတ်တွေကို အလွတ်ရနေလို့ ဖုန်းခေါ်တိုင်း လုံးဝ လုံးဝမကိုင်တော့ပါဘူး” ဟု ၎င်းက ပြောသည်။

ယာဉ်မောင်းများအနေဖြင့် ယာဉ်ကို စိတ်မချသည့်အတွက် ယာဉ်နှင့်အတူ စောင့်ကြပ်နေထိုင်သော်လည်း အချို့ရက်များတွင် အာဏာပိုင်များက ယာဉ်နှင့်အတူ နေထိုင်ခွင့်မပြုကြောင်းလည်း ယာဉ်မောင်းများထံမှ သိရသည်။

ဩဂုတ်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားသည့် ကုန်တင်ယာဉ်များကို ဟိုပုံးမြို့ ဝန်ထမ်းအိမ်ယာအနီးသို့ ပြောင်းရွှေ့ခိုင်းထားပြီး ဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ လမ်းသွယ်များတွင် အဆင်ပြေသလို ရပ်ထားရကြောင်း၊ မော်တော်ယာဉ်အတွက် ဂိတ်မှူးများကလည်း ဖြေရှင်းပေးခြင်း မရှိကြောင်း ယာဉ်မောင်းများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားနှင့် တာချီလိတ်တို့မှ လာသည့် ကုန်တင်ယာဉ် အစီးရေ ၁၂၀ ခန့်ကို ဟိုပုံးတပ်နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းထဲမှ အချို့မှာ ပြန်လွတ်ကာ အချို့ကို အဖမ်းပြခဲ့ပြီး ယခုအခါ အစီးရေ၆၀ ကျော် ကျန်ရှိနေခြင်းဖြစ်သည်။

#MeKongNews
#ဟိုပုံး
#ကုန်တင်ယာဉ်များ
#အဖမ်းခံရမှု
#ရှမ်းတောင်
#တရားမဝင်ကုန်စည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now