ဆောင်းပါး

တရုတ်ဖြူ နဲ့ တရုတ်နီ . . .

မဲခေါင် 27 Aug - 2025
~ CWM ~ ငယ်ငယ်တုန်းကတော့ ” တရုတ်ဖြူ” “တရုတ်နီ” လို့ လူတွေ ပြောကြတဲ့အခါ၊ သမိုင်းစာအုပ်တွေထဲ ဖတ်ရတဲ့အခါ သိပ်သဘောမပေါက်ခဲ့ဘူး။ နားလည်း မလည်ခဲ့ဘူး။ “တရုတ်ဖြူ”ဆိုတာ အသားဖြူတဲ့ တရုတ်ကို ပြောတာနေမှာလို့ ထင်ခဲ့သလို “တရုတ်နီ” ဆိုတာလည်း အသားနီတဲ့ တရုတ်ကို ပြောတာဖြစ်မယ် ထင်ခဲ့တယ်။ တကယ်တော့ တရုတ်လူမျိုးက အသားဖြူတာတမျိုးပဲ တွေ့ဖူးတယ်။ နည်းနည်း အရွယ်ရောက်လာပြီး စာဖတ်သက်လည်း ရလာတော့မှ “တရုတ်ဖြူ” ဆိုတာ ထိုင်ဝမ်ကို ပြောတာဖြစ်ပြီး “တရုတ်နီ” ဆိုတာ ပြည်မတရုတ် (တနည်း) ပြည်ကြီးတရုတ် ( Mainland China) ကိုခေါ်မှန်း သိရတော့တယ်။ တကယ်က တရုတ်ကွန်မြူနစ်ပါတီရဲ့

~ CWM ~

ငယ်ငယ်တုန်းကတော့ ” တရုတ်ဖြူ” “တရုတ်နီ” လို့ လူတွေ ပြောကြတဲ့အခါ၊ သမိုင်းစာအုပ်တွေထဲ ဖတ်ရတဲ့အခါ သိပ်သဘောမပေါက်ခဲ့ဘူး။ နားလည်း မလည်ခဲ့ဘူး။ “တရုတ်ဖြူ”ဆိုတာ အသားဖြူတဲ့ တရုတ်ကို ပြောတာနေမှာလို့ ထင်ခဲ့သလို “တရုတ်နီ” ဆိုတာလည်း အသားနီတဲ့ တရုတ်ကို ပြောတာဖြစ်မယ် ထင်ခဲ့တယ်။ တကယ်တော့ တရုတ်လူမျိုးက အသားဖြူတာတမျိုးပဲ တွေ့ဖူးတယ်။ နည်းနည်း အရွယ်ရောက်လာပြီး စာဖတ်သက်လည်း ရလာတော့မှ “တရုတ်ဖြူ” ဆိုတာ ထိုင်ဝမ်ကို ပြောတာဖြစ်ပြီး “တရုတ်နီ” ဆိုတာ ပြည်မတရုတ် (တနည်း) ပြည်ကြီးတရုတ် ( Mainland China) ကိုခေါ်မှန်း သိရတော့တယ်။ တကယ်က တရုတ်ကွန်မြူနစ်ပါတီရဲ့ အလံအရောင်ကို အစွဲပြုပြီး ပြည်မတရုတ်ကို “တရုတ်နီ” ၊ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန်အစိုးရကိုတော့ “တရုတ်ဖြူ” လို့ ခေါ်ခဲ့ကြပုံရတယ်။

ဟိုတုန်းက သတင်းစာဆရာတွေ၊ နိုင်ငံရေးသမားတွေက နိုင်ငံရေးအယူဝါဒမတူကြတဲ့ အဖွဲ့အစည်းတွေကို အရောင်နဲ့သတ်မှတ်ပြီး ခေါ်ဝေါ်လေ့ရှိကြတယ်။ ၁၉၄၈ ခုနှစ်၊ မြန်မာပြည်လွတ်လပ်ရေးရပြီး သိပ်မကြာခင် မြေအောက်တော်လှန်ရေးအဖွဲ့တွေ ဖြစ်သွားကြတဲ့ သခင်သန်းထွန်းဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(Communist Party of Burma) ကို “အလံဖြူ” လို့ ခေါ်ဝေါ်ခဲ့ကြပြီး သခင်စိုး ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီ(ဗမာပြည်) Communist Party (Burma) ကိုတော့ ” အလံနီ” လို့ ခေါ်ဝေါ်ခဲ့ကြတယ်။ တရုတ်ဖြူ၊ တရုတ်နီ ဆိုတာလည်း မြန်မာသတင်းစာဆရာတွေက နာမည်ပေး ခေါ်ဝေါ်ခဲ့ကြပုံရတယ်။

လွတ်လပ်ရေးရပြီး တရုတ်နီတွေတိုက်လို့ ရှမ်းပြည်မြောက်ပိုင်းထဲ ဝင်လာတဲ့ ကူမင်တန်တပ်တွေကို “တရုတ်ဖြူ” လို့ပဲ သုံးနှုန်းတာ တွေ့ရတယ်။

လာမယ့် စက်တင်ဘာ(၃)ရက်မှာ တရုတ်နိုင်ငံက နှစ်(၈၀)ပြည့် ဂျပန်ကျူးကျော်စစ်အောင်ပွဲနဲ့ ကမ္ဘာ့ ဖက်ဆစ်တိုက်ဖျက်ရေး အောင်ပွဲနေ့ အခမ်းအနားကို ဘေဂျင်းမြို့မှာ အကြီးအကျယ်ပြုလုပ်ဖို့ စီစဉ်နေတယ်။ ဒီအခမ်းအနားမှာ တရုတ်နိုင်ငံရဲ့ စစ်အင်အားကို ထုတ်ဖော်ပြသမယ့် စစ်ရေးပြအခမ်းအနားလည်း ပါဝင်ပြီး ရာနဲ့ချီတဲ့ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ တင့်ကားတွေ၊ ဒုံးပျံတွေ၊ အဆင့်မြင့်နည်းပညာသုံးလက်နက်တွေကို ထုတ်ဖော်ပြသသွားမယ်လို့ ဆိုတယ်။ ဒီစစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ရုရှားသမ္မတ ပူတင်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း နှစ်ဆယ်ကျော်က ခေါင်းဆောင်တွေကို ဖိတ်ကြားထားတယ်လို့ သိရတယ်။

ခုလို ကြီးကျယ်တဲ့ စစ်ရေးပြအခမ်းအနားကို တရုတ်နိုင်ငံက ၂၀၁၅ ခုနှစ်မှာ တကြိမ်ပြုလုပ်ခဲ့ဖူးပြီး ဒီတကြိမ်က ဒုတိယအကြိမ် ဖြစ်တယ်။ ထူးခြားတယ်လို့ပဲ ဆိုရမယ်။ ဒီနေ့ ကမ္ဘာမှာ အင်အားကြီးနိုင်ငံတွေဟာ ကိုယ့်မှာ အင်အားဘယ်လောက်ရှိကြောင်း တနည်းတဖုံ ထုတ်ပြလာကြတာ တွေ့ရတယ်။ ကွန်မြူနစ်နိုင်ငံတွေအတွက် သူတို့ရဲ့ ခေတ်မီလက်နက်ကြီးတွေ ထုတ်ပြပြီး စစ်ရေးပြအခမ်းအနားကျင်းပတာ မဆန်းပေမယ့် ဒီနှစ်အတွင်း ထူးထူးခြားခြား အမေရိကန်မှာလည်း သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးပြအခမ်းအနားတခု ကျင်းပသွားခဲ့တယ်။ ထရမ့်လက်ထက်ရောက်မှ စတင်ကျင်းပတဲ့ အမေရိကန်စစ်ရေးပြအခမ်းအနားက ရုရှားတို့၊ တရုတ်တို့၊ မြောက်ကိုးရီးယားတို့လိုတော့ စနစ်တကျ ခမ်းခမ်းနားနား မရှိလှဘူး။ အရင်တုန်းက မလုပ်ခဲ့ဘဲ ဒေါ်နယ်ထရမ့်လက်ထက်ရောက်မှ ဘာစိတ်ကူးပေါက်ပြီး လုပ်လေသလဲတော့ မသိဘူး။

ဒီနှစ် မေလ (၉) ရက်တုန်းကလည်း ရုရှားက နာဇီဂျာမနီကို အောင်နိုင်တဲ့ နှစ်(၈၀)ပြည့် စစ်ရေးပြအခမ်းအနာကို မော်စကိုမြို့မှာ ကျင်းပသွားခဲ့တယ်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ဆိုသလို ရုရှားကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် ရုရှားရဲ့ မဟာမိတ်တွေဖြစ်တဲ့ မြောက်ကိုးရီးယား၊ အီရန် အစရှိတဲ့နိုင်ငံတွေကို ဖိတ်ကြားခဲ့တယ်။

အပြန်အလှန်အားဖြင့် လာမယ့်စက်တင်ဘာ(၃)ရက်မှာ တရုတ်နိုင်ငံကလည်း ဖက်ဆစ်ဂျပန်ကို အောင်နိုင်ခဲ့တဲ့ နှစ်(၈၀)ပြည့်အခမ်းအနား ကျင်းပပြီး ရုရှားသမ္မတ ပူတင် အပါအဝင် အိန္ဒိယဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ၊ မလေးရှားဝန်ကြီးချုပ် စတဲ့ သူ့ရဲ့မဟာမိတ်တွေကို ဖိတ်ခေါ်ခဲ့တာဖြစ်တယ်။

ဒီအခမ်းအနားနဲ့တဆက်တည်း ဩဂုတ်လ(၃၁)ရက်ကနေ စက်တင်ဘာလ(၁)ရက်နေ့အထိ တရုတ်နိုင်ငံ၊ တီယန်ဂျင်းမှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( Shanghai Cooperation Organization- SCO) အစည်းအဝေးကျင်းပဖို့ ရှိတယ်။ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆိုတာ တရုတ်၊ ရုရှားနဲ့ အာရှအလယ်ပိုင်းက ယခင်ဆိုဗီယက်နိုင်ငံဟောင်းတွေ ဖြစ်တဲ့ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျီကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်တဲ့ အဖွဲ့ပါ။ ခုတော့ အဖွဲ့ဝင် ဆယ်နိုင်ငံရှိပြီလို့ သိရတယ်။ ဒါကတရုတ်နိုင်ငံရဲ့ နှစ်(၈၀)ပြည့် ဖက်ဆစ်ဂျပန်အောင်ပွဲနေ့ အခမ်းအနားနဲ့ ဆက်စပ်နေလို့ ပြောတာပါ။

တရုတ်နိုင်ငံက စက်တင်ဘာ(၃)ရက်မှာ နှစ်(၈၀)ပြည့် ဂျပန်ကျူးကျော်စစ် အောင်ပွဲအခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၅)ရက်နေ့က နှစ်(၈၀)ပြည့် ဂျပန်လက်နက်ချအခမ်းအနား(သို့မဟုတ်) ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့ နှစ်(၈၀)ပြည့် အခမ်းအနားကို ထိုင်ဝမ်ကလည်း တိုင်ပေမြို့မှာ ကျင်းပသွားခဲ့တယ်။

ဖက်ဆစ်ဂျပန် ကျူးကျော်စစ်နဲ့ ပတ်သက်လို့ တရုတ်က သူတို့တရုတ်တပ်မတော်ရဲ့ စွမ်းဆောင်မှုကြောင့် ဒီစစ်ပွဲ အောင်နိုင်ခဲ့တယ်လို့ ဆိုနေချိန်မှာ ထိုင်ဝမ်ကလည်း ဒီစစ်ပွဲမှာ တရုတ်လွတ်မြောက်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍ မယ်မယ်ရရ ဘာမှ မပါခဲ့ဘူးလို့ဆိုတယ်။ ဖက်ဆစ်ဂျပန်ကျူးကျော်စစ်ကို ခုခံတွန်းလှန်ခဲ့တဲ့ သမိုင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်ရော ထိုင်ဝမ်ပါ ကိုယ်လိုရာဆွဲပြီး ငြင်းခုန်နေကြတယ်။

ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက်(၉၉)နှစ်အရွယ် ထိုင်ဝမ်စစ်ပြန်ကြီး ပန်ချန်းဖ ကတော့ “ကျွန်တော်တို့က သူတို့ကို လက်နက်တွေ၊ အသုံးအဆောင်တွေ ပေးခဲ့တယ်။ သူတို့ (ကွန်မြူနစ်တပ်) အင်အားကောင်းလာအောင် ကျွန်တော်တို့ လုပ်ပေးခဲ့ကြတယ်။ ဂျပန်တွေ လက်နက်ချသွားပြီးတဲ့နောက် သူတို့ရဲ့ ပစ်မှတ်ဟာ ကျွန်တော်တို့ဖြစ်လာခဲ့တယ်” လို့ ထိုင်ဝမ်မှာကျင်းပတဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ပြောသွားခဲ့တယ်။

စစ်ပြန်ကြီး ပန်ချန်းဖ ဆိုလိုတာက ဂျပန်လက်နက်ချပြီးတဲ့နောက် မော်စီတုန်းဦးဆောင်တဲ့ ကွန်မြူနစ်တပ်တွေက သူတို့ရဲ့ (ချန်ကေရှိတ်)တပ်တွေကို စတင်တိုက်ခိုက်လာပြီး ၁၉၄၉ ခုနှစ်မှာ သူတို့တတွေ ထိုင်ဝမ်ကို ထွက်ပြေးခဲ့ရတာကို ဖြစ်တယ်။

တရုတ်နိုင်ငံကို ဂျပန်က ကျူးကျော်ခဲ့တဲ့ ၁၉၃၇ ခုနှစ်ကစပြီး ဂျပန်နဲ့ တရုတ် စစ်ဖြစ်ပွားနေခဲ့ပြီး ဒီစစ်ပွဲဟာ (၁၈၉၅ ခုနှစ်ကတည်းက ဂျပန်က သိမ်းပိုက်ထားခဲ့တဲ့ ထိုင်ဝမ်ကျွန်းကို) တရုတ်နိုင်ငံဆီ ပြန်လည်ပေးအပ်ခဲ့တဲ့ ၁၉၄၅ ခုနှစ်အထိ ကြာမြင့်ခဲ့တယ်။

လက်ရှိ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်သူတွေကို သူတို့တရုတ်တပ်မတော်က ဖက်ဆစ် ဂျပန်တွေကို ဘယ်လိုတွန်းလှန်ခဲ့ကြောင်း အမြဲတစေ ပြောဆိုနေပေမယ့် ဂျပန်တွေကို အဓိက တိုက်ထုတ်ခဲ့တာ ချန်ကေရှိတ် ဦးဆောင်တဲ့ တရုတ်အစိုးရတပ်ဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ်မှာ မဟာမိတ်နိုင်ငံတွေနဲ့အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့တာလည်း ချန်ကေရှိတ်ရဲ့ တရုတ်အစိုးရဖြစ်တယ်လို့ ထိုင်ဝမ်ဘက်က ဆိုတယ်။

“တရုတ်သမ္မတနိုင်ငံရဲ့ ဂျပန်တော်လှန်ရေးစစ်ပွဲ ဆင်နွှဲနေချိန်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတာ မပေါ်သေးဘူး။ ဒါပေမယ့် တရုတ်ကွန်မြူနစ်ပါတီဟာ ပြီးခဲ့တဲ့နှစ်များက မကြာခဏဆိုသလို ဂျပန်ကို တော်လှန်တိုက်ခိုက်ခဲ့တာ သူတို့ တပ်မတော်သာဖြစ်တယ်ဆိုပြီး သမိုင်းကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတယ်” လို့ ထိုင်ဝမ်ရဲ့ တရုတ်မူဝါဒရေးရာတာဝန်ခံ ချူချီချန်းက ဆိုတယ်။

ဂျပန်ကျူးကျော်စစ်ကို ခုခံတွန်းလှန်ရာမှာ တရုတ် Republican တပ်များက အဓိက ဦးဆောင်ပါဝင်ခဲ့ပြီး ကွန်မြူနစ်တပ်များရဲ့ အခန်းကဏ္ဍ အနည်းအကျဉ်းသာ ပါတယ်ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက လက်မခံဘူး။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ သမိုင်းကို တမင်သက်သက်သက် ပုံဖျက်တာဖြစ်တယ်လို့ ဆိုတယ်။ ဂျပန်ကို တွန်းလှန်တိုက်ထုတ်ခဲ့တာ ထိုင်ဝမ်ပါသလို တရုတ်လည်းပါပြီး အားလုံးဟာ တရုတ်ပြည်သူတွေပဲလို့ ဆိုတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၁)ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျားဟာ သံရုံးဝန်ထမ်းတွေ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒုတိယကမ္ဘာစစ် တရုတ်စစ်မှုထမ်းဟောင်းများရဲ့ ဆွေမျိုးများအပါဝင် လူပေါင်း (၁၅၀)လောက်နဲ့ အတူ တောင်ငူမြို့ကို သွားရောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့နဲ့အတူ ဖက်ဆစ်ဂျပန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကျဆုံးသွားတဲ့ တရုတ် တပ်ဖြူတော် ( White Army ) တပ်ဖွဲ့ဝင်တွေရဲ့ အမှတ်တရကျောက်တိုင်မှာ သွားရောက် အလေးပြုခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့သတင်းထုတ်ပြန်ချက်အရ သိရတယ်။  အရင်က ခုလိုမျိုး မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုတိုက်ရင်း ကျဆုံးသွားတဲ့ တရုတ်စစ်သားတွေအတွက် ဆုတောင်းတာမျိုး မတွေ့ရလို့ အံ့အားသင့်စရာဖြစ်နေတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို တိုက်ခိုက်ခဲ့ကြရာမှာ ချန်ကေရှိတ်ရဲ့ တရုတ်တပ်ဖြူတော် ( White Army)ဟာ ဗြိတိသျှတပ်တွေနဲ့အတူ မြန်မာနိုင်ငံ စစ်မြေပြင်မှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ဂျပန်တွေ စစ်ရှုံးပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့အခါမှာတော့ မော်စီတုန်းဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်တပ်တွေနဲ့ ချန်ကေရှိတ်ရဲ့ တရုတ်တပ်တွေ ထိပ်တိုက်တွေ့ပြီး တရုတ်နိုင်ငံမှာ ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားခဲ့တော့တယ်။ တရုတ်ပြည်တွင်းစစ်ဟာ ဒုတိယကမ္ဘာစစ်အပြီး လေးနှစ်အကြာ(၁၉၄၉)ခုနှစ်မှာ ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်တွေက ထိုင်ဝမ်ကျွန်းပေါ် ထွက်ပြေးခဲ့ရတာနဲ့ အဆုံးသတ်သွားတယ်။

အမေရိကန် နဲ့ အင်္ဂလိပ်တို့ရဲ့ မဟာမိတ် ချန်ကေရှိတ်က ထိုင်ဝမ်ကို အခြေစိုက်ပြီး တရုတ်သမ္မတနိုင်ငံ ( Republic of China )ထူထောင်သလို မော်စီတုန်းရဲ့ တရုတ်ကွန်မြူနစ်ပါတီကလည်း ( People Republic of China ) ဆိုပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ်မှာ ထူထောင်ခဲ့တယ်။ ထိုင်ဝမ်က တရုတ်ပြည်မကို သူတို့ပိုင်ဆိုင်တယ်လို့ ခံယူထားသလို တရုတ်ကလည်း ထိုင်ဝမ်ဟာ သူ့နိုင်ငံရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ ခံယူထားပြီး ဒီနေ့အထိ ထိလွယ် ရှလွယ်တဲ့ နိုင်ငံတကာအရေးတခုအဖြစ် တည်ရှိနေဆဲပါ။

#CWM. ref: China and Taiwan competing World War 2 narratives, CNA.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now