နေ့စဥ်သတင်း

မိုင်းလားထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုလုပ်ကွက်များ အဆမတန်များလာဟု SHRF ထုတ်ပြန်

မဲခေါင် 25 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၅ ရှမ်း​ပြည်အရှေ့ပိုင်း၊ NDAA ထိန်းချုပ်ထားသည့် မိုင်းလားဒေသတွင် မြေရှားတူးဖော်နေသည့် လုပ်ကွက်များကို SHRF က ယနေ့သြဂုတ်လ ၂၅ ရက်တွင် ထုတ်ပြန်လာသည်။ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA သို့မဟုတ် “မိုင်းလား” တပ်ဖွဲ့) ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ရှမ်းပြည်အရှေ့ဘက်အစွန်ဆုံး မဲခေါင်မြစ်အနီး မိုင်းယောင်းမြို့နယ်အတွင်းရှိမြေရှား သတ္တုတူးဖော်သည့်နေရာ ၁၉ ခုကို အထောက်အထားများဖြင့် ဖော်ပြလာခြင်းဖြစ်သည်။ ယက်ူနေရာများသည် မဲခေါင်မြစ်နှင့် ကီလိုမီ တာ ၄၀ ထက်နည်းသော အကွာအဝေးတွင် တည်ရှိသည်ဟု သိရသည်။ “စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်မှာ မြေရှားသတ္တုတူးဖော်တာ ပိုတိုး ပိုများလာပါတယ်။ ဒီတရားမဝင်တူးဖော်မှုတွေဟာ ဒေသလူထုအကျိုးစီးပွားထက် တရုတ်ကို ပိုအကျိုးဖြစ်စေပြီး ဒေသခံတွေရဲ့

မဲခေါင်၊ သြဂုတ် ၂၅

ရှမ်း​ပြည်အရှေ့ပိုင်း၊ NDAA ထိန်းချုပ်ထားသည့် မိုင်းလားဒေသတွင် မြေရှားတူးဖော်နေသည့် လုပ်ကွက်များကို SHRF က ယနေ့သြဂုတ်လ ၂၅ ရက်တွင် ထုတ်ပြန်လာသည်။

အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA သို့မဟုတ် “မိုင်းလား” တပ်ဖွဲ့) ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ရှမ်းပြည်အရှေ့ဘက်အစွန်ဆုံး မဲခေါင်မြစ်အနီး မိုင်းယောင်းမြို့နယ်အတွင်းရှိမြေရှား သတ္တုတူးဖော်သည့်နေရာ ၁၉ ခုကို အထောက်အထားများဖြင့် ဖော်ပြလာခြင်းဖြစ်သည်။

ယက်ူနေရာများသည် မဲခေါင်မြစ်နှင့် ကီလိုမီ တာ ၄၀ ထက်နည်းသော အကွာအဝေးတွင် တည်ရှိသည်ဟု သိရသည်။

“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်မှာ မြေရှားသတ္တုတူးဖော်တာ ပိုတိုး ပိုများလာပါတယ်။ ဒီတရားမဝင်တူးဖော်မှုတွေဟာ ဒေသလူထုအကျိုးစီးပွားထက် တရုတ်ကို ပိုအကျိုးဖြစ်စေပြီး ဒေသခံတွေရဲ့ လူမှုစီးပွား၊ ကျန်းမာရေးတွေကို ထိခိုက်မှာ စိတ်ပူမိပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF မှ ယိင်းလျန်းဟန်က မဲခေါင်သို့ ပြောသည်။

၂၀၂၁ ခုနှစ် အစောပိုင်းက ဓာတ်ပုံများတွင်မူ ယင်းဒေသ၌ မြေရှားသတ္တုတွင်း ၃ ခုသာ တွေ့ရှိရပြီး ယင်းတို့ အနက် ၂ ခုမှာ အသုံးမပြုတော့သည့် သတ္တုတွင်းများ ဖြစ်နေပြီဖြစ်သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်တွင် အသုံးပြုနေခဲ့သည့် သတ္တုတွင်း တစ်ခုမှာလည်း ယခုအခါ အသုံးမပြုတော့သဖြင့် ၂၀၂၅ ခုနှစ်တွင် တွေ့ရှိရသည့် နေရာ ၁၈ ခု၌ ထည့်သွင်းရေတွက်ထားခြင်း မရှိဟု ပြောသည်။

ဤအချက်က လွန်ခဲ့သည့် လေးနှစ်အတွင်း မြေရှားသတ္တုတူးဖော်မှုမှာ အဆမတန် တိုးပွားလာခဲ့ကြောင်း ပြသနေသည်ဟု SHRF က ဆိုသည်။

လက်ရှိတည်ရှိနေသော သတ္တုတွင်းနေရာ ၁၉ ခုစလုံးမှာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းများကဲ့သို့ စက်ဝိုင်းပုံစံ ဓာတ်ပြုကန်များကို အတန်းလိုက်တွေ့မြင်ရပြီး၊ ၎င်းမှာ မြေရှားသတ္တုများ ထုတ်ယူရန် နေရာတွင်ပင် ဓာတုဗေဒနည်းဖြင့် ပျော်ဝင်စေခြင်း (in−situleaching) နည်းလမ်းကို အသုံးပြုနေကြောင်း ပြသနေသည်ဟု ပြောသည်။

NDAA နယ်မြေရှိ သတ္တုတွင်း များမှ အလုပ်သမားများက လူမှုကွန်ရက်တွင် တင်ထားသည့် ဗီဒီယိုများတွင်လည်း အဆိုပါ ဓာတုဗေဒ နည်းဖြင့်ပျော်ဝင်စေသည့် နည်းလမ်းများနှင့် စက်ပစ္စည်းများကို တွေ့မြင်ရပြီး၊ ဓာတုဗေဒပစ္စည်းများ ထည့်ထားသည့် အိတ် ထောင်ပေါင်းများစွာနှင့် ဓာတုဆေးရည်များ ထိုးသွင်းရန် ပိုက်လိုင်းများဖြင့် ဖုံးလွှမ်းနေသည့် တောင်စောင်းများကိုလည်း တွေ့ရသည်ဟု ပါရှိသည်။

လက်ရှိသတ္တုတွင်းများအနက် ၁၆ ခုမှာ လည်ပတ်နေဆဲဖြစ်သည်ကို ဓာတ်ပြုကန်များအတွင်း အရည်များ ပြည့်နေခြင်းအားဖြင့် တွေ့မြင်နိုင်ပြီး၊ ကျန်သုံးခုမှာ မေလအတွင်း တည်ဆောက်နေဆဲဖြစ်သော်လည်း တည်ဆောက်ဆဲ စက်ဝိုင်းပုံကန်တန်းများကြောင့် ခွဲခြားသိရှိနိုင်ပြီ ဖြစ်သည်။

သတ္တုတွင်းအများစုသည် တရုတ်နယ်စပ်နှင့် ၄ကီလိုမီတာခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ မှ ၅,၀၀၀ ကြားရှိသော မြင့်မားသောတောင်တန်းဒေသတွင် တည်ရှိသည်ဟု သိရသည်။

ယင်းဒေသမှ ရေများသည် နပ်ချောင်း (Nap stream) အတွင်းသို့ စီးဝင်ပြီး ထိုချောင်းသည် တောင်ဘက်သို့ ဆက်လက်စီးဆင်းကာ မဲခေါငမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော လွေမြစ် (Lwe River) အတွင်းသို့ စီးဝင်ကြောင်း၊ သတ္တုတွင်း ၄ ခုသာ လွေမြစ်၏ တောင်ဘက်ရှိ တောင်တန်းများတွင် တည်ရှိပြီး၊ ထိုသတ္တုတူးဖော်ရာနေရာမှ ရေများသည်လည်း မြောက်ဘက်သို့ စီးဆင်းကာ လွေမြစ်အတွင်းသို့ ဝင်ရောက်ကြောင်း SHRF က ထောက်ပြထားသည်။

လွေမြစ်သည် လာအို၊ မြန်မာ၊ ထိုင်း နယ်စပ်များ ဆုံရာ ရွှေတြိဂံမြစ်ဆုံ၏ အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာ ခန့် အကွာ၊ လာအိုနိုင်ငံ လုံနမ့်သာ (Luangnamtha) ခရိုင်၏ တစ်ဖက်ကမ်းဖြစ်သော ဆွပ်လွေနေရာတွင် မဲခေါင်မြစ်နှင့် ပေါင်းဆုံသည်။

၂၀၀၆ ခုနှစ်ကတည်းက လားဟူအမျိုးသားဖွံ့ဖြိုးရေးအဖွဲ့ (LNDO) သည် တရုတ်သတ္တုတွင်းအလုပ်သမား ၁,၀၀၀ ကျော်က လုပ်ဆောင်နေသော ဤဒေသရှိ မင်းဂနိစ် သတ္တုတူးဖော်မှုက အနီးအနားရှိ တိုင်းရင်းသား အန်း (En) နှင့် လွယ်လ (Loila) လူမျိုးများ နေထိုင်သည့် တောင်ပေါ် ရွာနှစ်ရွာ၏ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို မည်သို့ထိခိုက်စေကြောင်း ဖော်ထုတ်ခဲ့သည်ဟုဆိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း မင်းဂနိစ်သတ္တုတူးဖော်မှုသည် သိသိသာသာ တိုးမြင့်လာခဲ့ပြီး သတ္တုရိုင်းအညစ်အကြေးရေများသည် တောင်ဘက်သို့ စီးဆင်းကာ လွေမြစ်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း SHRF က ထောက်ပြ ထားသည်။

#MeKongNews
#NDAA
#မိုင်းလား
#မြေရှားသတ္တု
#မဲခေါင်မြစ်
#SHRF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now