နေ့စဥ်သတင်း

Air Cargo ဖြင့် ကုန်စည်တင်သွင်းမှု စစ်ကောင်စီ တင်းကြပ်သဖြင့် လုပ်ငန်းတချို့ ရပ်နား

မဲခေါင် 25 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၅ နယ်စပ်နှင့် ရေကြောင်းမှ ကုန်စည်တင်သွင်းလာမှုတို့ကို ထိန်းချုပ်ကန့်သတ်ထားသည့် စစ်ကောင်စီသည် လေကြောင်းမှတဆင့် ကုန်စည်တင်သွင်းလာမှုကိုပါ ပိတ်ပင်ကန့်သတ်လိုက်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ပြည်ပမှ ကုန်ပစ္စည်းများကို လိုင်စင်မရှိဘဲ ပါဆယ်ပုံစံဖြင့် တင်သွင်းလာမှုကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည့်အတွက် Commercial Cargo Flight ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအချို့ ရပ်နားလိုက်ရခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှတဆင့် လေကြောင်းဖြင့် ထိုင်း-မြန်မာ ကုန်တင်လေယာဉ်ဝန်ဆောင်မှုပေးသည့် New Light Cargo လုပ်ငန်းက Commercial Cargo Flight ခေတ္တရပ်နားတော့မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ လေကြောင်းမှတဆင့် တင်သွင်းမှုကို ကုမ္ပဏီလိုင်စင်ဖြင့် သွင်းကုန်၊ ထုတ်ကုန် လုပ်ဆောင်နေသည့် ကုမ္ပဏီများကိုမူ

မဲခေါင်၊ ဩဂုတ် ၂၅

နယ်စပ်နှင့် ရေကြောင်းမှ ကုန်စည်တင်သွင်းလာမှုတို့ကို ထိန်းချုပ်ကန့်သတ်ထားသည့် စစ်ကောင်စီသည် လေကြောင်းမှတဆင့် ကုန်စည်တင်သွင်းလာမှုကိုပါ ပိတ်ပင်ကန့်သတ်လိုက်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်ပမှ ကုန်ပစ္စည်းများကို လိုင်စင်မရှိဘဲ ပါဆယ်ပုံစံဖြင့် တင်သွင်းလာမှုကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည့်အတွက် Commercial Cargo Flight ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအချို့ ရပ်နားလိုက်ရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံမှတဆင့် လေကြောင်းဖြင့် ထိုင်း-မြန်မာ ကုန်တင်လေယာဉ်ဝန်ဆောင်မှုပေးသည့် New Light Cargo လုပ်ငန်းက Commercial Cargo Flight ခေတ္တရပ်နားတော့မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လေကြောင်းမှတဆင့် တင်သွင်းမှုကို ကုမ္ပဏီလိုင်စင်ဖြင့် သွင်းကုန်၊ ထုတ်ကုန် လုပ်ဆောင်နေသည့် ကုမ္ပဏီများကိုမူ ခွင့်ပြုထားဆဲဖြစ်ကြောင်း Logistics လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ကုမ္ပဏီလိုင်စင်နဲ့ import export လုပ်တာဆို ရတယ်။ Hand Carry နဲ့ သွင်းနေတာ ထုတ်နေတာကို ပိတ်တာပါ” ဟု ၎င်းက ပြောသည်။

Air Cargo ပုံစံဖြင့် ကုန်စည်တင်သွင်းလာမှုတို့ကို ထိန်းချုပ်ကန့်သတ်လာသည့် ပုံစံကြောင့် ကုန်စည်များ ဈေးမြင့်တက်လာဖွယ် ရှိနေပြီး သယ်ယူပို့ဆောင်ရေးစရိတ်မှာလည်း မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် တရားမဝင်ကုန်သွယ်မှု တားဆီးရေးဟု ဆိုကာ ရှမ်းအရှေ့၊ ရှမ်းမြောက်၊ မြဝတီနှင့် ကော့သောင်း-ရနောင်းဘက်မှ ကုန်စည်တင်သွင်းလာမှုတို့ကို ထိန်းချုပ်ကန့်သတ်ပြီးနောက် ထပ်မံ၍ Air Cargo ဖြင့် ကုန်စည်တင်သွင်းလာမှုတို့ကို ကန့်သတ်လာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် လေကြောင်းမှတဆင့် Cargo ဖြင့် ပို့ဆောင်သည့် ကုန်ပစ္စည်းများကိုသာ တင်းတင်းကြပ်ကြပ်စစ်ဆေးသည်သာမက လေကြောင်းခရီးသည်များ သယ်ဆောင်လာသည့် ပစ္စည်းများကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ၎င်းတို့ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

ဖေသန်း
#MeKongNews
#AirCargo
#YangonAirPort
#Import #Trade
#ကုန်သွယ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now