ကမ္ဘာ့သတင်း

ရုရှားဘက်မှ သံချပ်ကာကားပေါ် အမေရိကန်-ရုရှား အလံလွှင့်ကာ အရှိန်ဖြင့် မောင်းနှင်လှောင်ပြောင်

မဲခေါင် 20 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၀ ဩဂုတ် ၁၈ ရက်က အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတ ဇီလန်းစကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုမလုပ်မီ ယူကရိန်းထံမှ ရုရှားတိုက်ခိုက်သိမ်းပိုက်ထားနိုင်သော ဇာပေါ်ရီဇီဟာဒေသတွင် ယူကရိန်းထံမှ သိမ်းဆည်းရမိထားသော အမေရိကန်ထုတ် M113 သံချပ်ကာကားပေါ်တွင် ရုရှားနှင့်အမေရိကန် အလံများထောင်ကာ အရှိန်ဖြင့်မောင်းနှင်လှောင်ပြောင်မှု လုပ်ဆောင်ခဲ့သည်။ ဩဂုတ် ၁၅ ရက်က ပူတင်သည် ဒေါ်နယ်ထရမ့်နှင့် အလက်စကားတွင် သွားရောက်တွေ့ဆုံပြီးနောက် ထရမ့်ဘက်က ၎င်းနှင့်ရုရှားတို့သည် မဟာမိတ်များအသွင်ဆောင်ကာ ရုရှားကို ဦးစားပေးသည့် သဘောတူညီချက်များကို လိုက်လျှောပြီးမှ ဇီလန်းစကီးနှင့်တွေ့ဆုံရှင်းပြကာ စာချုပ်ရန် စည်းရုံးခြင်း ဖြစ်သည်ဟု အဓိပ္ပါယ်ဖော်ဆောင်သော လှောင်ပြောင်မှုဖြစ်ကြောင်း Centre for the Study of the

မဲခေါင်၊ ဩဂုတ် ၂၀

ဩဂုတ် ၁၈ ရက်က အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတ ဇီလန်းစကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုမလုပ်မီ ယူကရိန်းထံမှ ရုရှားတိုက်ခိုက်သိမ်းပိုက်ထားနိုင်သော ဇာပေါ်ရီဇီဟာဒေသတွင် ယူကရိန်းထံမှ သိမ်းဆည်းရမိထားသော အမေရိကန်ထုတ် M113 သံချပ်ကာကားပေါ်တွင် ရုရှားနှင့်အမေရိကန် အလံများထောင်ကာ အရှိန်ဖြင့်မောင်းနှင်လှောင်ပြောင်မှု လုပ်ဆောင်ခဲ့သည်။

ဩဂုတ် ၁၅ ရက်က ပူတင်သည် ဒေါ်နယ်ထရမ့်နှင့် အလက်စကားတွင် သွားရောက်တွေ့ဆုံပြီးနောက် ထရမ့်ဘက်က ၎င်းနှင့်ရုရှားတို့သည် မဟာမိတ်များအသွင်ဆောင်ကာ ရုရှားကို ဦးစားပေးသည့် သဘောတူညီချက်များကို လိုက်လျှောပြီးမှ ဇီလန်းစကီးနှင့်တွေ့ဆုံရှင်းပြကာ စာချုပ်ရန် စည်းရုံးခြင်း ဖြစ်သည်ဟု အဓိပ္ပါယ်ဖော်ဆောင်သော လှောင်ပြောင်မှုဖြစ်ကြောင်း Centre for the Study of the Occupation ခေါင်းဆောင် အန်ဒရေယူရှန်ကိုက ဝေဖန်သွားခဲ့သည်။

ယူရှန်ကိုက “အမေရိကန်ဟာ ရုရှားကို မျက်နှာသာပေးတဲ့ ကြိုတင်ဝါဒဖြန့်ခြင်းလုပ်ရပ်ပါ။ ပြောစရာ စကားမရှိတော့ပါဘူး” ဟု စိတ်ပျက်စကားဆိုခဲ့သည်။

ရုရှားဝါဒဖြန့် ချန်နယ်တစ်ခုကလည်း သိမ်းပိုက်ခံ ယူကရိန်းမြေပေါ် အမေရိကန်ထုတ် သံချပ်ကာကားပေါ် အမေရိကန်နဲ့ ရုရှားအလံ လွှင့်ထူမောင်းနှင်တာဟာ အလက်စကားမှာ ပူတင်နဲ့ထရမ့်တို့ ဆွေးနွေးမှုရလဒ် ဘာဖြစ်ခဲ့သလဲဆိုတာကို ခင်များတို့ သိစေဖို့ပါဟု ရေးသား လှောင်ပြောင်ခဲ့သည်။

ထရမ့်၏ အဆိုအရ ရုရှားတပ်များသည် တချို့သော သိမ်းပိုက်ထားနိုင်သည့် ယူကရိန်မြေပေါ်မှ ဆုတ်ခွာ ပေးမည်ဖြစ်ကာ ယူကရိန်းက ဒိုးနက်စ်နှင့် လူးဟန့်ခ်စ်ဒေသများကို လွှဲပေးရမည်ဖြစ်သလို နေတိုးအဖွဲ့ သို့ဝင်ရောက်နိုင်ရေးကိုလည်း စွန့်လွှတ်ပေးရမည်ဟု သိရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#ရုရှား
#ယူကရိန်း
#သံချပ်ကာကား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now