ကမ္ဘာ့သတင်း

ဇီလန်းစကီးနှင့် ပူတင် ၂ ပတ် အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု အတည်ပြု

မဲခေါင် 19 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်က အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတ ဇီလန်းစကီး၊ အီးယူနှင့် နေတိုးအဖွဲ့ ခေါင်းဆောင်များ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယူကရိန်းငြိမ်းချမ်းရေး ၂ ပတ်အတွင်း ဇီလန်းစကီးနှင့် ပူတင်တို့ မျက်နှာချင်းဆိုင်ဆွေးနွေးတော့မည်ဟု ဂျာမန်အဓိပတိ ဖရိုင်းဒရစ်မာ့ဇ်က အတည်ပြုသွားခဲ့သည်။ ဩဂုတ် ၁၅ ရက်က အလက်စကားတွင် ထရမ့်နှင့်ပူတင်တို့ သမိုင်းဝင်ဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီး နောက် ယခု ဥရောပခေါင်းဆောင်းများနှင့်ဇီလန်းစကီးကို အိမ်ဖြူတော်သို့ ခေါ်ဆောင်ပြီး ထပ်မံ ဆွေးနွေးရာ ထရမ့်ထံမှ လုံခြုံရေးအာမခံချက်ရရှိခြင်းနှင့် စစ်အဆုံးသတ်နိုင်ရေးလိုအပ်ချက်ကြောင့် ပူတင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန် အသင့်ဖြစ်နေပြီဟု ဇီလန်းစကီးက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်မှစတင်ပြီး ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ရုရှားနှင့်ယူကရိန်း

မဲခေါင်၊ ဩဂုတ် ၁၉

ဩဂုတ် ၁၈ ရက်က အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတ ဇီလန်းစကီး၊ အီးယူနှင့် နေတိုးအဖွဲ့ ခေါင်းဆောင်များ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယူကရိန်းငြိမ်းချမ်းရေး ၂ ပတ်အတွင်း ဇီလန်းစကီးနှင့် ပူတင်တို့ မျက်နှာချင်းဆိုင်ဆွေးနွေးတော့မည်ဟု ဂျာမန်အဓိပတိ ဖရိုင်းဒရစ်မာ့ဇ်က အတည်ပြုသွားခဲ့သည်။

ဩဂုတ် ၁၅ ရက်က အလက်စကားတွင် ထရမ့်နှင့်ပူတင်တို့ သမိုင်းဝင်ဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီး နောက် ယခု ဥရောပခေါင်းဆောင်းများနှင့်ဇီလန်းစကီးကို အိမ်ဖြူတော်သို့ ခေါ်ဆောင်ပြီး ထပ်မံ ဆွေးနွေးရာ ထရမ့်ထံမှ လုံခြုံရေးအာမခံချက်ရရှိခြင်းနှင့် စစ်အဆုံးသတ်နိုင်ရေးလိုအပ်ချက်ကြောင့် ပူတင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန် အသင့်ဖြစ်နေပြီဟု ဇီလန်းစကီးက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်မှစတင်ပြီး ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ရုရှားနှင့်ယူကရိန်း ကိုယ်စား လှယ်များ ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း မည်သည့်အောင်မြင်မှု မှ မရှိခဲ့ဘဲ ယခုမှ ထရမ့်ဦးဆောင်ကာ ၃ ပွင့်ဆိုင် ဆွေးနွေးမှုဖြင့် မကြာခင် စစ်ပွဲကြီး အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသွားနိုင်တော့မည်ဟုလည်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ထရမ့်သည် ဇီလန်းစကီးနှင့် တစ်ယောက်ချင်းတွေ့ဆုံသလို ဥရောပခေါင်းဆောင်များနှင့်လည်း အိမ်ဖြူ တော်တွင် တွေ့ဆုံပြီးနောက် ပူတင်ထံ မိနစ် ၄၀ ကြာ ဖုန်းဆက်သွယ်ပြောဆိုအပြီး ၂ ပတ်အတွင်း ပူတင်နှင့်ဇီလန်းစကီးတို့ ငြိမ်းချမ်းရေးအတွက် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရခဲ့ခြင်းဖြစ်သည်။

မည်သည့်နေရာ မည်သည့်အချိန် ဇီလန်းစကီးနှင့်ပူတင်တို့ တွေ့ဆုံမည်ကိုမူ မသိရှိရ သေးပေ။

ကရင်မလင်နန်းတော် အကြီးအကဲတစ်ဦးဖြစ်သော ယူရီယူရှာကော့ဗ်ကလည်း ရုရှားနှင့် ယူကရိန်းငြိမ်းချမ်းရေးကိစ္စဆွေးနွေးနိုင်စေရန် နွေးထွေးစွာဆောင်ရွက်ပေးခဲ့သော ဒေါ်နယ်ထရမ့်အား ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်ကိုယ်တိုင်ကလည်း “စစ်ပွဲကြီး ပြီးတော့မှာပါ။ ဒီလူကြီးလူကောင်းကလည်း အဆုံးသတ် ချင်တယ်။ ပူတင်ကလည်း အဆုံးသတ်ချင်နေတယ်။ တစ်ကမ္ဘာလုံးကလည်း ဒီစစ်ပွဲပြီးဖို့ ဝိုင်းကြိုးစားပေးနေကြတယ်။ ကျွန်တော်တို့ အဆုံးသတ်ပေးနိုင်တော့မှာပါ” ဟု မီဒီယာများကို ပြောသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ငြိမ်းချမ်းရေးဆွေးနွေးပွဲ
#ဒေါ်နယ်ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now