မဲခေါင်၊ ဩဂုတ် ၁၇
ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခနယ်မြေတွင် မြေမြှုပ်မိုင်းများ နင်းမိသဖြင့် ကိုယ်လက်အင်္ဂါ ပျက်စီခြင်းနှင့် သေဆုံးမှုများရှိနေခြင်းကြောင့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ဂျာမန်စံနှုန်းဖြင့် ထုတ်လုပ်မည့် ခံနိုင်ရည်မြင့် ဖိနပ် အရံ ၁၀၀ ကို မိုင်းရှင်းလင်းရေးတပ်ဖွဲ့ (EOD) ထံ လှူဒါန်းခဲ့ကာ ဘတ် ၂၅ သိန်းကုန်ကျခံခဲ့သည်။
ဩဂုတ် ၁၅ ရက်နေ့က ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် နက်သာပိုထံ သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်ကာ မြေမြှုပ်မိုင်းများရှင်းလင်းရေးတပ်ဖွဲ့ဝင်များ ဘေးကင်းရေးအတွက် ရည်ရွယ်သည်ဟု သက်ဆင်က ဆိုသည်။
ဗိုလ်ချုပ် နက်သာပိုကိုယ်တိုင်ကလည်း ဘတ် ၅သိန်း စိုက်ထုတ်ကာ ခံနိုင်ရည်မြင့် (fragmentation-resistant boots) ဖိနပ် အရန် ၂၀ ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းဖိနပ်များကို ဂျာမနီစံနှုန်းဖြင့် စက်ရုံတစ်ခုတွင် ထုတ်လုပ်စေပြီး ရက် ၃၀ အတွင်း နယ်စပ် ကင်းလှည့်ထိုင်းစစ်သားများနှင့် မိုင်းရှင်းလင်းရေးတပ်ဖွဲ့ထံ ပေးပို့မည်ဟု သိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#မိုင်းရှင်းလင်းရေး
#ထိုင်းနိုင်ငံ
#သက်ဆင်
#ကမ္ဘောဒီးယား








