တာချီလိတ်မြို့သည် လာမည့် ၅ ရက်အတွင်း ရှမ်းပြည်အတွင်းရှိ တခြားမြို့များထက် နေ့အပူချိန် ပိုပူနိုင်သည်။
ယခု တပါတ်အတွင်း ဩဂုတ် ၁၁ ရက်နေ့မှ ၁၄ ရက်အထိ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ရန်ရှိပြီး မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေနိုင်ပါသည်။
ယခုလာမည့် ၁ ပါတ်အတွင်း
· ရှမ်းပြည်တခုလုံး မိုးအနည်းငယ်၊ မိုးအသင့်အတင့်နှင့် မိုးများနိုင်သည့်အခြအနေများကို နေရာစိပ်စိပ်ဖြစ်ပေါ်နိုင်ပါသည်။
· ယခုတပတ် ၇ ရက်အတွင်း မိုးရေချိန် ၁.၂ လက်မ (30mm)မှ ၅ လက်မခန့်(127mm)အထိ နေရာကွက်၍ ရွာသွန်းရရှိနိုင်သည်။
· ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်-နယ်စပ်အနီး နှင့် ရှမ်းပြည်တောင်ပိုင်း-မန္တလေးတိုင်း နယ်စပ်အနီးရှိ တောင်တန်းများပေါ်တွင် ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မခန့်အထိ ရှိသည့် မိုးများ ရွာသွန်းရရှိနိုင်သည်။
· ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် နေ့စဉ် ပျမ်းမျှ မိုးရေချိန် ၀.၈ လက်မခန့် ရွာသွန်းနိုင်ပြီး၊ ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် နေ့စဉ် ပျမ်းမျှမိုးရေချိန် ၁ လက်မ ဝန်းကျင်ခန့်အထိ ရွာသွန်းရရှိနိုင်သည်။
· ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၈°C နှင့် အနိမ့်ဆုံး ည အပူချိန် ၂၂°C ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၈ မိုင် ရှိနိုင်သည်။
· ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမြင့်ဆုံးအပူချိန် ၂၆°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၂ မိုင် ရှိနိုင်သည်။
· ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံး ညအပူချိန် ၂၃°C ရှိပြီး၊ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၈ မိုင် ရှိနိုင်သည်။
· ရှမ်းပြည်တခုလုံး၏ ပျမ်းမျှ လေထုစိုထိုင်းဆ ၉၀% နှင့် ၁၀၀% ရှိနေပြီး၊ ခံစားရသည့် အပူချိန် ၃၅°C အထိ ရှိနိုင်ပါသည်။
· ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI Value) 45 အထိ ရှိနိုင်ပြီး ကျန်ဒေသများတွင် ပျမ်းမျှခြင်း 15 မှ 25 ရှိနိုင်သည်။
#MeKongNews
#မိုးလေဝါသ #ရာသီဥတု
#တာချီလိတ် #နေ့အပူချိန်
#ရှမ်းပြည်








