နေ့စဥ်သတင်း

လာအိုသွားမည့် တရုတ်နိုင်ငံသား ၅ ဦးကို ကျားဖြန့်ပစ္စည်းများနှင့်အတူ ရှမ်းအရှေ့တွင် ဖမ်းမိ

မဲခေါင် 12 Aug - 2025
မဲခေါင်၊ သြဂုတ် ၁၂ အွန်လိုင်းငွေလိမ်လုပ်ငန်း – ကျားဖြန့်လုပ်ကိုင်ရာတွင် အသုံးပြုသည့် စတားလင့်ခ် စက် ၄ လုံး၊ ဖုန်းမျိုးစုံ ၃၁ လုံးနှင့်အတူ တရုတ်နိုင်ငံသား ၅ ဦးကို ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့တွင် ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဖမ်းမိကြောင်း သိရသည်။ သြဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မိုင်းဖြတ်ဂိတ်၌ယာဥ်များကို စစ်ဆေးနေစဉ် ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသော TOYOTA WISH အမျိုးအစား အဖြူရောင်ယာဉ်မှာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းမိခြင်းဖြစ်သည်။

မဲခေါင်၊ သြဂုတ် ၁၂

အွန်လိုင်းငွေလိမ်လုပ်ငန်း – ကျားဖြန့်လုပ်ကိုင်ရာတွင် အသုံးပြုသည့် စတားလင့်ခ် စက် ၄ လုံး၊ ဖုန်းမျိုးစုံ ၃၁ လုံးနှင့်အတူ တရုတ်နိုင်ငံသား ၅ ဦးကို ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့တွင် ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဖမ်းမိကြောင်း သိရသည်။

သြဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မိုင်းဖြတ်ဂိတ်၌ယာဥ်များကို စစ်ဆေးနေစဉ် ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသော TOYOTA WISH အမျိုးအစား အဖြူရောင်ယာဉ်မှာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းမိခြင်းဖြစ်သည်။

“မိနစ် ၂၀ လောက်ကြာတယ် မောင်းပြေးတာ၊ မိတယ် တရုတ် ၅ ယောက်နဲ့ ကျိုင်းတုံက ဒရိုင်ဘာကိုမိတယ်။ ကျားဖြန့် ဆက်သွယ်ရေးစက်တွေလည်း မိတယ်” ဟု ဖမ်းဆီးသည့် ပူးပေါင်းအဖွဲ့နှင့်နီးစပ်သူ သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။

ဖမ်းဆီးရမိသူများမှာ မိုင်းဇင်း ကျေးရွာ၊ ကျိုင်းတုံမြို့နေသူယာဉ်မောင်း အားချေ ၃၅ နှစ်နှင့် တရုတ်နိုင်ငံသားများဖြစ်ကြသည့် စီချွန်းပြည်နယ်၊ ယီပင်းခရိုင်၊ ကြွင်းနန်မြို့နေ ကျန့်ယုံ ၄၀ နှစ်၊ ကွေကျိုးပြည်နယ်၊ ပိကျယ်မြို့နေ ဟုန်ရှဲန့်ကျွိ ၁၈ နှစ်၊
ချုံချင့်ပြည်နယ်၊ ချန့်ကျန်းမြို့နေကောင်းယိ ၃၂ နှစ်၊ စီချွန်းပြည်နယ်၊ ချန်တူးခရိုင်၊ ကောက်ဖူမြို့နေ ကောက်လီ ၂၈ နှစ်နှင့် ဟူပိန်ပြည်နယ်၊ ဟူဟန်မြို့နေ ဖူကျင့် ၂၂ နှစ်တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရာတွင် အသုံးပြုသော Starlink စက် ၄ လုံး၊ ဖုန်းမျိုးစုံ ၃၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ယမန်နှစ်မတ် ၁၀ ရက်ခန့်က မြန်မာနိုင်ငံ၊ မိုင်းပေါက်မြို့ရှိ မိတ်ဆွေအားဟွေ ထံသို့သို့ ပန်ဆန်းမြို့၊ မုန်းအတံတားအနီးမှ တရားမဝင် ဝင်ရောက်ခဲ့ပြီး မိုင်းပေါက်မြို့ရှိ ရှင်းလီ ကာစီနို လောင်းကစားရုံ၌ တစ်လလျှင် တရုတ်ယွမ် ၁၅၀၀၀ ယွမ်ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း စစ်ဆေးမေးမြန်းချက်အရ သိရသည်။

ယင်းနောက် မိုင်းပေါက်မြို့၌ တရုတ်နိုင်ငံသားများအား ဖမ်းဆီးနေသည့်အတွက် ဇူလိုင် ၅ ရက်တွင် မိုင်းပေါက်မြို့အနီးရှိ ‘ဝ’ လူမျိုး အိုက်ကပ်ပိုင် ရော်ဘာခြံတွင် သွားရောက် ပုန်းခို နေထိုင်ခဲ့ကြောင်းသိရသည်။

ဩဂုတ် ၈ ရက်တွင် ၎င်းတို့နှင့် WeChat မှတစ်ဆင့် ခင်မင်ရင်းနှီးခဲ့သည့် ဝမ်မင်ဆိုသူမှ လာအိုနိုင်ငံ၊ ဘော်ကဲယိုးပြည်နယ်၊ ဟွေဆိုင်းခရိုင်၊ တုံဖုန်မြို့နယ် အတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုံတွင် အွန်လိုင်းဂိမ်းလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများ၌ တစ်လလျှင် တရုတ်ငွေယွမ် ၁၅၀၀၀ ဖြင့် လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လာရောက် မည်ဆိုပါက စီစဉ်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်လာသဖြင့် ဩဂုတ် ၁၀ ရက်တွင် ဝမ်မင် စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် မိုင်းပေါက်-မိုင်းဖျန်-မိုင်းလွေ-မိုင်းခတ် လမ်းကြောင်းအတိုင်း စစ်ဆေးရေးဂိတ်များအား ရှောင်ကွင်း၍ တောလမ်းအတိုင်း လိုက်ပါခဲ့ကြောင်း သိရသည်။

လမ်းတွင်ရွာတစ်ရွာ၌ ညအိပ်ပြီး ဩဂုတ် ၁၁ ရက် နံနက် ၇ နာရီ ချိန်တွင် ၎င်းနေရာမှ ဆိုင်ကယ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ ၈ နာရီခွဲတွင် ရေချောင်းတစ်ခုကို ဖောင်ဖြင့်ကူးပြီ စောင့်ဆိုင်းနေသည့်ကားဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသားများစွာသည် မြန်မာနိုင်ငံအတွင်း ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ခိုးဝှက်ဝင်ရောက်လာပြီး အဆင်ပြေသည့်နေရာများရှိ ဒေသလက်နက်ကိုင် အာဏာရှိသူများနှင့်ပူးပေါင်းကာ လုပ်ငန်းများလုပ်ဆောင်နေသလို မကြာခဏလည်း ဖမ်းဆီးရမိနေကြောင်း သတင်းများအရ သိရသည်။

#MeKongNews
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#ရှမ်းအရှေ့
#လာအိုနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now