မဲခေါင်၊ ဩဂုတ် ၈
အာဏာသိမ်းစစ်တပ်ကိုယ်စားပြု ရှမ်းပြည်အစိုးရအဖွဲ့ (မူရင်းအသုံးအနှုန်း) သည် မိုင်းလားဒေသသို့ ဩဂုတ်လ ၇ရက်နှင့် ၈ရက်တို့တွင် လာရောက်လည်ပြန်သွားကြောင်း မိုင်းလားပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
၎င်းတို့သည် မိုင်းလားဒေသနှင့် ပတ်သက်သည့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် များမကြာသေးမီကပင် မိုင်းလားမြို့ကို အရေးပေါ်အခြေအနေ ကြေညာသည့် မြို့နယ် ၆၃ မြို့နယ်ထဲတွင် ထည့်သွင်းခဲ့သေးသည်။
Photo – Mong La TV
#MeKongNews
#မိုင်းလား
#အထူးဒေသ၄
#ရှမ်းပြည်
#စစ်ကောင်စီ








