နေ့စဥ်သတင်း

အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်အဖွဲ့ ပန်ဆန်းနှင့် မိုင်းလားသို့သွား

မဲခေါင် 7 Aug - 2025
မဲခေါင်၊ ဩဂုတ် ၇ “ဝ” တပ်ဖွဲ့ထိန်းချုပ်ရာ အထူးဒေသ – ၂ပန်ဆန်းသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ ရှမ်းပြည်အစိုးရအဖွဲ့သည် မကြာသေးမီက အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာထားသည့် အထူးဒေသ – ၄ မိုင်းလားသို့ ယနေ့သွားရောက်ခဲ့ကြောင်း သိရသည်။ စစ်တပ်၏ ရှမ်းပြည်အစိုးရအဖွဲ့သည် ပန်ဆန်းမြို့တွင် “ဝ” ပြည်နယ် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ စစ်တပ် ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန့်ရှူဝင်း၊ ရှမ်းပြည်အစိုးရအဖွဲ့ ဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းအရှေ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလိုင်၊ လုံခြုံရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ရှန်ဝင်း၊ ရှမ်းပြည် အရှေ့ပိုင်း အစိုးရအဖွဲ့

မဲခေါင်၊ ဩဂုတ် ၇

“ဝ” တပ်ဖွဲ့ထိန်းချုပ်ရာ အထူးဒေသ – ၂ပန်ဆန်းသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ ရှမ်းပြည်အစိုးရအဖွဲ့သည် မကြာသေးမီက အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာထားသည့် အထူးဒေသ – ၄ မိုင်းလားသို့ ယနေ့သွားရောက်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ ရှမ်းပြည်အစိုးရအဖွဲ့သည် ပန်ဆန်းမြို့တွင် “ဝ” ပြည်နယ် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ စစ်တပ် ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန့်ရှူဝင်း၊ ရှမ်းပြည်အစိုးရအဖွဲ့ ဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းအရှေ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလိုင်၊ လုံခြုံရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ရှန်ဝင်း၊ ရှမ်းပြည် အရှေ့ပိုင်း အစိုးရအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ရှမ်းပြည်ရဲတပ်ဖွဲ့မှူး ဦးနေမိုးထွန်းတို့ တက်ရောက်ကြောင်း၊​ ပန်ဆန်းဆွေးနွေးပွဲပြီးနောက် မိုင်းလား အထူးဒေသ – ၄သို့ ဆက်လက်ထွက်ခွာကြောင်း Wa News Land က ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကြာသေးမီက အရေးပေါ်အခြေအနေ ကြေညာညသည့် မြို့နယ် ၆၃ မြို့နယ်ကို ကြေညာရာ အထူးဒေသ – ၄ မိုင်းလားကိုလည်း ထည့်သွင်းကြေညာထားရာ အများက အံဩခဲ့ရသည်။

ယင်းသို့ကြေညာပြီးမကြာမီပင် မိုင်းလားမြို့သို့ သွားရောက်ခြင်းဖြစ်ပြီး အထူးသဖြင့် စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စည်းရုံးရေးဆင်းခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

သို့သော် “ဝ” တပ်ဖွဲ့ထိန်းချုပ်ရာ အထူးဒေသ – ၂နှင့် မိုင်းလားအုပ်ချုပ်ရေးအဖွဲ့ ထိန်းချုပ်သည့် အထူးဒေသ – ၄ တို့တွင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲအားလုံး ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

၂၀၂၅ နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် စစ်ကောင်စီရွေးကောက်ပွဲမှာ ရှမ်းပြည် အရှေ့ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းကို ဗဟိုပြုဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ပုံအညွှန်း – ပန်ဆန်းမြို့တွင် “ဝ” ခေါင်းဆောင်များနှင့် စစ်တပ်ကိုယ်စားလှယ်များ တွေ့ဆုံစဉ်
Photo – WSTV

#MeKongNews
#အထူးဒေသ၄
#အထူးဒေသ၂
#မိုင်းလား
#ပန်ဆန်း
#ရွေးကောက်ပွဲ
#အာဏာသိမ်းစစ်တပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now