နေ့စဥ်သတင်း

ကျိုင်းတုံတွင် ဆိုင်ကယ်ပျောက်သူ ဖုန်းဆက်ငွေတောင်း ခြိမ်းခြောက်ခံရ

မဲခေါင် 7 Aug - 2025
မဲခေါင်၊ သြဂုတ် ၇ ဆိုင်ကယ်ပျောက်သည့်အကြောင်း လူမှုကွန်ရက်ပေါ်တင်သူတစ်ဦးကို ဆိုင်ကယ်တွေ့နေ၍ ငွေယူလာရန် ဖုန်းဆက်ပြောပြီး ကူညီခ မပေးပါက ဆိုင်ကယ်ကိုမီးရှို့ပစ်ပြီး လာယူသူကို အန္တရာယ်ပြုမည်ဟု ဆဲရေး တိုင်းထွာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မိုင်းလားတွင် သြဂုတ် ၃ရက်က ဆိုင်ကယ်အသစ် ခိုးယူခံရသည်ကို ကျိုင်းတုံမှ ဆွေမျိုးတော်သူက ဖေ့စ်ဘွတ်ပေါ်တင်ခဲ့ရာ ယမန်နေ့ သြဂုတ်လ၆ရက်တွင် လူတစ်ဦးက ဆိုင်ကယ်တွေ့ထားပြီ၊ တာလေ၌ ဆိုင်ကယ် လာကြည့်ရန် ဖုန်းဖြင့် ဆက်သွယ်လာခြင်း ဖြစ်ကြောင်း သိရသည်။ ဆိုင်ကယ် လာကြည့်ရန် အချိန်တစ်နာရီခန့် ကြာမည်ကို မစောင့်နိုင်ဟု ပြောပြီး ၎င်းတို့အမည်ခံနှင့် ရွေးပေးထားမည်၊ ကူညီခ ကျပ်တစ်သိန်းလောက်တော့ ပေးရမည်ဟု တောင်းဆိုကြောင်း သိရသည်။ “သူတို့ပြောတာက

မဲခေါင်၊ သြဂုတ် ၇

ဆိုင်ကယ်ပျောက်သည့်အကြောင်း လူမှုကွန်ရက်ပေါ်တင်သူတစ်ဦးကို ဆိုင်ကယ်တွေ့နေ၍ ငွေယူလာရန် ဖုန်းဆက်ပြောပြီး ကူညီခ မပေးပါက ဆိုင်ကယ်ကိုမီးရှို့ပစ်ပြီး လာယူသူကို အန္တရာယ်ပြုမည်ဟု ဆဲရေး တိုင်းထွာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းလားတွင် သြဂုတ် ၃ရက်က ဆိုင်ကယ်အသစ် ခိုးယူခံရသည်ကို ကျိုင်းတုံမှ ဆွေမျိုးတော်သူက ဖေ့စ်ဘွတ်ပေါ်တင်ခဲ့ရာ ယမန်နေ့ သြဂုတ်လ၆ရက်တွင် လူတစ်ဦးက ဆိုင်ကယ်တွေ့ထားပြီ၊ တာလေ၌ ဆိုင်ကယ် လာကြည့်ရန် ဖုန်းဖြင့် ဆက်သွယ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ် လာကြည့်ရန် အချိန်တစ်နာရီခန့် ကြာမည်ကို မစောင့်နိုင်ဟု ပြောပြီး ၎င်းတို့အမည်ခံနှင့် ရွေးပေးထားမည်၊ ကူညီခ ကျပ်တစ်သိန်းလောက်တော့ ပေးရမည်ဟု တောင်းဆိုကြောင်း သိရသည်။

“သူတို့ပြောတာက သူခိုးရော ပစ္စည်းရော မိထားတယ်တဲ့။ အဖွဲ့စည်းတခုကလို့ သူတို့ကို သူတို့ ပြောတယ်။ ပြောတော့ ကျမအကိုဖြစ်သူက မေးတာပေါ့။ ဘယ်အဖွဲ့က ဖမ်းထားပေးလည်း မေးလို့တဲ့ စိတ်တိုပြီး ဆဲတယ်။ အကိုကလည်း လူလိမ်ဖြစ်မှာစိုးလို့ သေချာအောင်မေးတာ၊ အဲ့ဒါနဲ့ အပြန်လှန်ဆဲရော။ အကိုက ဆိုင်ကယ်လည်း မယူတော့ဘူး။ ရေစက်ချလိုက်ပြီ။ မင်းတို့ဘာသာ မင်းတို့ ဆိုင်ကယ်ကို ကြိုက်တာလုပ် လို့ ပြောလိုက်ပြီး ဖုန်းချလိုက်တယ်” ဟု ကိုယ်တွေ့ကြုံရသူက ပြောသည်။

သို့သော် လိမ်သည့်အဖွဲ့ဘက် ဖုန်းထပ်ဆက်လာပြီး ထပ်မံဆဲဆိုကြောင်း၊ Viber သုံးပါက ဆိုင်ကယ်ကို မီးရှို့ပြမည်ဟု ထပ်မံခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်လိုချင်တယ်မလား ဟုမေးပြီး လာကြည့်ရဲရင် လာကြည့်လိုက်။ တစစီဖြစ်အောင် လုပ်လွှတ်လိုက်မှာ” ဟု ခြိမ်းခြောက်လာသဖြင့် ဖုန်းချသွားကြောင်း ၎င်းကပြောသည်။

တာချီလိတ်မှ အသိအား အကူအညီတောင်းပြီး တာလေသို့ စေလွှတ် ကြည့်ခိုင်းရာတွင်လည်း မတွေ့ရ ဟုဆိုသည်။

ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလားတို့တွင် နေ့စဥ်လိုလို ဆိုင်ကယ်များ ပျောက်ဆုံးနေသော်လည်း ပြန်လည်ရရှိမှုမှာ အနည်းအကျဥ်းသာဖြစ်ပြီး ယခုလို ပျောက်သည့်ဆိုင်ကယ်တွေ့ထားပြီဆိုကာ လိမ်လည် ငွေတောင်းခံခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ခြိမ်းခြောက်ခြင်းများကို မသမာသူအချို့က ဖုန်းဆက်ပြုမှုခြင်းများ ရှိနေကြောင်း သိရသည်။

#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်ပျောက်
#ချိန်းခြောက်ခံရမှု
#ငွေတောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now