မဲခေါင်၊ ဩဂုတ်လ ၆
ရှမ်းပြည်တောင်ပိုင်းရှိ မိုင်းရှူးနှင့် ရှမ်းပြည်အရှေ့ပိုင်းရှိ မိုင်းခတ်တောင်ပေါ်ဒေသများတွင် မိုးအကြီးအကျယ် ရွာသွန်းကာ တောင်ပြို၊ မြေပြိုခြင်းနှင့် ရုတ်တရက် ရေကြီးရေလွမ်းမိုးမှုတို့ ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။
ဩဂုတ်လ ၆ ရက်နေ့ နေ့လည်ပိုင်းတွင် မိုင်းရှုး၊ မိုင်းခတ်ဒေသများတွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးထားပြီး မိုးလေဝါသရေဒါပေါ်တွင်လည်း မိုးများမည့် ပုံရိပ်ဖြစ်ပေါ်နေသည်ဟု ဦးဝင်းနိုင်က သတိပေးထားသည်။
မိုင်းခတ်ဒေသသည် ၂ရက်ဆက်တိုက် မိုးများနိုင်ပြီး ၂၄နာရီ မိုးရေချိန်မှာ ၄ လက်မအထိ ရွာသွန်းနေသေး၍ အနီးအနားဝန်းကျင်ရှိ မိုင်းပေါက်၊ မိုင်းယန်း၊ မိုင်းလားဒေသများတွင်လည်း မိုးရွာသွန်းနိုင်ခြေ ရှိနေသည်။
ထိုအချက်များအရ ရှမ်းပြည်အရှေ့ပိုင်း ဝဒေသ နှင့် မိုင်းလားဒေသများတွင်လည်း မိုးရွာနိုင်သဖြင့် တောင်ပြို မြေပြိုခြင်း နှင့် ရေကြီးရေလွမ်းမိုးမှုတို့ကို သတိပြုမိရန် လိုသည်။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#မိုးများ
#ရှမ်းအရှေ့
#ရှမ်းတောင်








