မဲခေါင်၊ ဩဂုတ် ၅
ထိုင်းနိုင်ငံ နခွန်ဆဝမ်ခရိုင်၊ ဘန်ဖောဖိဆိုင်ရပ် ဘန်သာချန်းရွာအနီး လယ်ထွန်ရာမှ အမဲရောင်ပလတ်စတစ်အိတ်ပေါင်း ၃၇ လုံးကို တွေ့ရှိ၍ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာ စိတ်ကြွဆေးပြား ၇ သန်းနီးပါး ထည့်ထားသည့် အိတ်များဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ဩဂုတ် ၂ ရက်နေ့တွင် အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ရာ အမှတ် (၃) နယ်မြေ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့မှ ဒေသဆိုင်ရာအာဏာပိုင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာမှ စိတ်ကြဆေးပေါင်း ၆၇၃၂၀၀၀ တွေ့ရှိ ခဲ့ရခြင်းဖြစ်သည်။
L အမှတ်အသားပါ စိတ်ကြွဆေး ၄၇၉၀၀၀၀ လုံး၊ ၉၉၉ အမှတ်အသားပါ စိတ်ကြွဆေး ၉၆၀၀၀၀ လုံး၊ Y1 တံဆိပ်ပါ စိတ်ကြွဆေး ၉၈၂၀၀၀ ကို အိတ်များအတွင်း တွေ့ရှိရကြောင်းနှင့် သိမ်းဆည်းရမိသော ဆေးများအား အမှတ် (၃) မူးယစ်နှိမ်နင်းရေး ဗျူရိုသို့ လွှဲအပ်ခဲ့သည်ဟု ဆိုသည်။
Ref: MAESAIPRESS
#MeKongNews
#ထိုင်းနိုင်ငံ
#စိတ်ကြွဆေးပြား
#လယ်ထွန်
#နခွန်ဆဝမ်ခရိုင်








