နေ့စဥ်သတင်း

နောင်ချိုဒေသခံမှအပ ဝင်ရောက်ခွင့်မရှိဟု စစ်ကောင်စီ ကန့်သတ်

မဲခေါင် 1 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁ စစ်ကောင်စီ ပြန်လည်သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့သို့ မြို့တွင် အမှန်တကယ် နေထိုင်သူ ဒေသခံအစစ်မှအပ ကျန်လူများ ဝင်ရောက်သွားလာခွင့်မရှိကြောင်း စစ်ကောင်စီမှ ကန့်သတ်ထားသည်ဟု ခရီးသည်တင်ယာဥ်လိုင်းများထံမှ သိရသည်။ ရှမ်းပြည် မှတ်ပုံတင် စိစစ်ရေးကဒ် ၁၃/ဖြစ်သူများပင်လျင် နေထိုင်ကြောင်း အထောက်အထား မပြနိုင်ပါက ပြင်ဦးလွင် အတက် ၁၆ မိုင် စစ်ဆေးရေးဂိတ်မှ ပေးမလွှတ်ဟု ယာဥ်မောင်းများက ပြောသည်။ “နောင်ချိုမှာ အမှန်တကယ်နေတဲ့အထောက်အထားမပါရင်၊ လုံးဝ မရဘူး။ ပြန်လွှတ်တယ်။ လူကုန်တားက အတိုင်ခံထားရတော့ နောင်ချို မှမကဘူး။ ပြင်ဦးလွင်နေသူ မဟုတ်ရင် မြို့ပေါ် ယာဥ်လိုင်း ကားတောင် သွားခွင့်မရဘူး။ ညှိပေးလည်းလတ်တလောတော့ မရဘူး” ဟု

မဲခေါင်၊ ဩဂုတ် ၁

စစ်ကောင်စီ ပြန်လည်သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့သို့ မြို့တွင် အမှန်တကယ် နေထိုင်သူ ဒေသခံအစစ်မှအပ ကျန်လူများ ဝင်ရောက်သွားလာခွင့်မရှိကြောင်း စစ်ကောင်စီမှ ကန့်သတ်ထားသည်ဟု ခရီးသည်တင်ယာဥ်လိုင်းများထံမှ သိရသည်။

ရှမ်းပြည် မှတ်ပုံတင် စိစစ်ရေးကဒ် ၁၃/ဖြစ်သူများပင်လျင် နေထိုင်ကြောင်း အထောက်အထား မပြနိုင်ပါက ပြင်ဦးလွင် အတက် ၁၆ မိုင် စစ်ဆေးရေးဂိတ်မှ ပေးမလွှတ်ဟု ယာဥ်မောင်းများက ပြောသည်။

“နောင်ချိုမှာ အမှန်တကယ်နေတဲ့အထောက်အထားမပါရင်၊ လုံးဝ မရဘူး။ ပြန်လွှတ်တယ်။ လူကုန်တားက အတိုင်ခံထားရတော့ နောင်ချို မှမကဘူး။ ပြင်ဦးလွင်နေသူ မဟုတ်ရင် မြို့ပေါ် ယာဥ်လိုင်း ကားတောင် သွားခွင့်မရဘူး။ ညှိပေးလည်းလတ်တလောတော့ မရဘူး” ဟု ဇူလိုင် ၃၁ရက်တွင် မဲခေါင်သို့ ပြောသည်။

ရှမ်းမြောက်သို့ တက်ရာတွင် နောင်ချိုလမ်းကို အသုံးမပြုနိုင်သဖြင့် ဂိတ်နည်းပါးသည့် အင်တော၊ ကျောက်ဂူလမ်းကို အသုံးပြုကြသော်လည်း မိုးတွင်း လမ်းအလွန်ဆိုး၍ ကားဗွက်နစ်သည်ကို ထွန်စက်ဖြင့် ဆွဲရခြင်း၊ ကားအပျက်များခြင်းတို့ကြောင့် တောင်ကြီး-လွိုင်လင်-မိုင်းရယ်-လားရှိုးလမ်း၊ နောင်ပိန်မှ သီပေါ ၉မိုင်လမ်းခွဲ နှင့် ဝက်ဝံ-ယင်းငိုပင်-ပလောင်ကျောင်း-ဇီးဖြူပင်-မိုင်းလုံ-ကျောက်မဲ-သီပေါ လမ်းတို့မှသာ သွားလာနေကြရကြောင်း သိရသည်။

“လမ်းမှာ ဂိတ်ပေါင်း ၄၄ ဂိတ်ရှိတယ်။ ဆက်ဆံရေး ကောင်းတာ၄ဂိတ်ပဲ ရှိပြီး ၅ ဂိတ်က အတော်ဆိုးတယ်။ ကျန်ဂိတ်တွေလည်း ပုံမှန်ဆိုတာက ၁၃/မဟုတ်ရင် ပိုပေးရတာပဲ။ ဆိုးတဲ့ဂိတ်တွေထက် နည်းတာပဲရှိတယ်။ အားလုံးပေးရတာပဲ” ဟု ပြောသည်။

ပုံမှန် ၁၃/ ဆိုပါက ကားတစ်စီးလုံး ၄ယောက်အပါမှ တစ်ဂိတ်လျှင် ကျပ်၅၀၀၀ သာပေးရသော်လည်း ၁၃/မဟုတ်ပါက လူတစ်ယောက်ကို တစ်ဂိတ်လျှင် ကျပ် ၂သောင်း မှ ငါးသောင်းအထိ တောင်းယူကြောင်း သိရသည်။

အဆိုးဆုံးဂိတ်များမှာ လွိုင်လင်မှ ကျေးသီးကြားရှိ ဂိတ်၅ဂိတ်ဖြစ်သည်ဟု ဆိုသည်။

“၄၄ဂိတ် ဆိုတာ စစ်တပ်ဂိတ်တွေချည်းပဲ။ တိုင်းရင်းသားတပ်ဂိတ်တွေကတော့ ရစ်တာမရှိဘူး။ ကုန်ကားတွေတော့ ပို အတောင်းကြမ်းတယ်” ဟု ပြောသည်။

လက်ရှိ ကားခများမှာ probox လိုကားမျိုး လူတစ်ဦးလျင် ၂သိန်းခွဲမှ ၃သိန်းခွဲအထိရှိပြီး အတက်တွင်သာ လူရပြီး အဆင်းလူ အရနည်းသဖြင့် လမ်းပေးရများသောကြောင့် ကားသမားအများစု တွက်ချေ မကိုက်ကြဟု ပြောသည်။

စစ်ကောင်စီသည် နောင်ချိုကို ဇူလိုင်၁၆ရက်က ပြန်လည်ရရှိပြီးနောက် လူအများပြန်လာနေထိုင်ရန် ဒန်ပေါက်ကျွေးခြင်း၊ မီးပေးခြင်းစသည့် ဆွဲဆောင်မှုများပြုလုပ်နေသော်လည်း ယမန်နေ့ ဇူလိုင်၃၀ရက်တွင် MNDAA တစိတ်တပိုင်း ထိန်းချုပ် ကွတ်ခိုင်ကို ဗုံးကြဲခြင်းနှင့် SSPP လှုပ်ရှားနယ်မြေ နောင်ပိန်ရှိ ဘုန်းကြီး ကျောင်းကို လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ကိုရင်အပါအဝင် လူအများကို သတ်ဖြတ်ထားခြင်းကြောင့် စစ်ကောင်စီအသုံးချဝါဒဖြန့်သူများက လွဲ၍ ပြန်လာနေထိုင်ကြသူ နည်းပါးကြောင်း သိရသည်။

မဟာ
#MeKongNews
#နောင်ချို
#စစ်ကောင်စီ
#စစ်ဆေးရေးဂိတ်
#ပြင်ဦးလွင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now