နေ့စဥ်သတင်း

စစ်ကောင်စီ ရှမ်းမြောက်တွင် စစ်မီးပြန်မွှေးနေပြီဟု ကိုးကန့်တပ်ဖွဲ့ထုတ်ပြန်

မဲခေါင် 30 Jul - 2025
မဲခေါင်၊ ဇူလိုင်၃၀ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကွတ်ခိုင်မြို့ပေါ်ကို လေကြောင်းမှတိုက်ခိုက်ခြင်းသည် ခက်ခဲစွာပြုလုပ်ရရှိထားသည့် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို စစ်ကောင်စီဘက်မှ ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဟု MNDAA ယနေ့ ဇူလိုင်၃၀ရက်တွင် သတင်းထုတ်ပြန်သည်။ ဇူလိုင် ၃၀ ရက်၊ သန်းခေါင်ကျော် ၁၂ နာရီ ၅၃ မိနစ်တွင် စစ်ကောင်စီက အထူးဒေသ(၁) ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီ၊ မဟာမိတ်တပ်မတော် (MNDAA) ကွတ်ခိုင် စစ်ဌာနတို့ရှိသည့် ကိုးကန့်မြို့ပေါ်ရှိ စစ်ရေးပစ်မှတ်မဟုတ်သော လူနေရပ်ကွက်တစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသား တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း

မဲခေါင်၊ ဇူလိုင်၃၀

တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကွတ်ခိုင်မြို့ပေါ်ကို လေကြောင်းမှတိုက်ခိုက်ခြင်းသည် ခက်ခဲစွာပြုလုပ်ရရှိထားသည့် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို စစ်ကောင်စီဘက်မှ ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဟု MNDAA ယနေ့ ဇူလိုင်၃၀ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင် ၃၀ ရက်၊ သန်းခေါင်ကျော် ၁၂ နာရီ ၅၃ မိနစ်တွင် စစ်ကောင်စီက အထူးဒေသ(၁) ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီ၊ မဟာမိတ်တပ်မတော် (MNDAA) ကွတ်ခိုင် စစ်ဌာနတို့ရှိသည့် ကိုးကန့်မြို့ပေါ်ရှိ စစ်ရေးပစ်မှတ်မဟုတ်သော လူနေရပ်ကွက်တစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသား တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်များမှာ ယခုနှစ် အစောပိုင်းက တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်တော် (MNDAA) နှင့် မြန်မာ စစ်အာဏာရှင်အဖွဲ့ (SAC) တို့သည် တရုတ်ဘက်မှ တိုက်တွန်းမှုဖြင့် ကွန်မင်းမြို့၌ အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် စစ်ပြေငြိမ်းရေး သဘောတူညီချက် – ဟိုင်ဂင်းသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ အထူးဒေသ(၁)တွင် စစ်ရပ်စဲခြင်းကို ရရှိခဲ့ပြီး အထူးဒေသ အုပ်ချုပ်ရေးကော်မတီသည် ဒေသခံပြည်သူများကို ဦးဆောင်ကာ စစ်ပြီးကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပြည်သူ့အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စီမံကိန်းများကို အားဖြည့် ဆောင်ရွက်လျက်ရှိကြောင်းပါရှိသည်။

သို့သော်လည်း မြန်မာစစ်အာဏာသိမ်း တပ်ဖွဲ့များက မကြာသေးမီက ညအချိန်တွင် စစ်ပြီးကာလ ပြန်လည်တည်ဆောက်ရေးကို တက်ကြွစွာ ဆောင်ရွက်နေသည့် ကွတ်ခိုင်မြို့ကိုလေကြောင်း မှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပင်ကိုယ်အရ ခက်ခဲစွာရရှိထားသော စစ်ပြေငြိမ်းရေးသည် စစ်မက်၏ အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့ပြီဟု ကိုးကန့်တပ်ဖွဲ့ကဆိုသည်။

အာဏာသိမ်း စစ်အုပ်စု၏ ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်မှုသည် MNDAA နှင့် ခက်ခဲစွာပြုလုပ်ရရှိထားသည့် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်စလုံးမှ ရရှိထားသည့် စစ်ပြေငြိမ်းရေးဆိုင်ရာ ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့ကာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက် မြှင့်တင်လိုက်ခြင်းပင် ဖြစ်သည်ဟု ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် MNDAA ဘက်မှ ကိစ္စရပ် ပိုမိုမဆိုးရွားလာစေရန် ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားပြီး တင်းတင်းမာမာရှိမနေဘဲ ထိန်းချုပ်မှုဖြင့် တုံ့ပြန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

#MeKongNews
#ကိုးကန့်တပ်ဖွဲ့
#MNDAA
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now