နေ့စဥ်သတင်း

အောင်ပန်းတွင် ‘ပ’လပ်မြေကို ခရိုင်အုပ်ချုပ်ရေးမှူးက အငြိမ်းစားဗိုလ်ချုပ်ကိုပေး

မဲခေါင် 30 Jul - 2025
မဲခေါင်၊ ဇူလိုင် ၃၀ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်ရှိ ‘ပ’လပ်မြေကို ကလောခရိုင်အုပ်ချုပ်ရေးမှူးက အငြိမ်းစားဗိုလ်ချုပ်ညွန့်တင် ဆိုသူကို ချထားပေးသည့်အတွက် မြို့နေလူထုက မကျေနပ်ကြကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် ကလောခရိုင်အုပ်ချုပ်ရေး ဦးစိုးမြင့်ဆိုသူက ၎င်း၏ ဆရာ ဗိုလ်ချုပ်ဟောင်း အတွက် အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်ရှိ အများပြည်သူသွားလမ်းအဖြစ် အသုံးပြုနေသည့် မြေနေရာကို အုတ်တံတိုင်း ခြံခတ်ကာ ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အဲလမ်းနေရာက ရှမ်းပြည်ကအကြီးဆုံး စကျင်ကျောက်တော်ကြီး ဘုရား၊ မဟာရွှေဘုရင် ဘုရားကြီးကုန်းကို လူထု ဖြတ်သန်း သွားလာအသုံးပြုနေတာ။ အရင်စစ်တပ်ခေတ်က အဲလိုပဲ လုပ်ခဲ့တာကို NLD အစိုးရခေတ်မှာ လူထုက ပြန်ရထားထားတာ။ ခုထပ်လုပ်ပြန်ပြီ” ဟု ဒေသခံတစ်ဦးက

မဲခေါင်၊ ဇူလိုင် ၃၀

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်ရှိ ‘ပ’လပ်မြေကို ကလောခရိုင်အုပ်ချုပ်ရေးမှူးက အငြိမ်းစားဗိုလ်ချုပ်ညွန့်တင် ဆိုသူကို ချထားပေးသည့်အတွက် မြို့နေလူထုက မကျေနပ်ကြကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် ကလောခရိုင်အုပ်ချုပ်ရေး ဦးစိုးမြင့်ဆိုသူက ၎င်း၏ ဆရာ ဗိုလ်ချုပ်ဟောင်း အတွက် အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်ရှိ အများပြည်သူသွားလမ်းအဖြစ် အသုံးပြုနေသည့် မြေနေရာကို အုတ်တံတိုင်း ခြံခတ်ကာ ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲလမ်းနေရာက ရှမ်းပြည်ကအကြီးဆုံး စကျင်ကျောက်တော်ကြီး ဘုရား၊ မဟာရွှေဘုရင် ဘုရားကြီးကုန်းကို လူထု ဖြတ်သန်း သွားလာအသုံးပြုနေတာ။ အရင်စစ်တပ်ခေတ်က အဲလိုပဲ လုပ်ခဲ့တာကို NLD အစိုးရခေတ်မှာ လူထုက ပြန်ရထားထားတာ။ ခုထပ်လုပ်ပြန်ပြီ” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

ယင်းမြေကိစ္စကို ပြုလုပ်သူ ခရိုင်မှူး ဦးစိုးမြင့် ဆိုသူမှာ စစ်တပ်မှ မိုးကျရွှေကိုယ်အဖြစ် ပြောင်းလာသည့် နှစ်သီးစားတစ်ဦး ဖြစ်ကြောင်း သိရသည်။

ယင်းအများပြည်သူဆိုင်သည့်နေရာကို တစ်ဦးပိုင်အဖြစ် ပြုလုပ်သည်ကို မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ထွန်းနှင့် အောင်ပန်းမြို့ဖွံ့ဖြိုးရေးကော်မတီတို့က မကန့်ကွက်ရဲသည်သာမက လိုက်ပါ ကူညီလုပ်ဆောင်နေကြကြောင်း သိရသည်။

“ခေတ်အရ လုပ်ကြတာဆိုပေမယ့် အများပြည်သူ သွားလာနေတဲ့ လမ်းနေရာတော့ မလုပ်သင့်ဘူး။ သူတို့က အချိန်တန်ပြောင်းသွားကြတာ။ သူတို့ လုပ်ချင်တာ လုပ်သွားကြတာကို ဒေသခံတွေပဲ ခါးစည်းခံကြရတာ။ ခုလည်း မကျေနပ်ပေမယ့် ပြောခွင့်မသာဘူး။ ပြောခွင့်သာတဲ့ တစ်ချိန်ကျ အရင်လိုပဲ ပြန်ရအောင်ယူမယ်။ လုပ်တဲ့သူတွေ ပါတဲ့သူတွေကတော့ သမိုင်းတရားခံတွေပေါ့” ဟု အောင်ပန်းဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

ယင်းမြေနေရာသည် အောင်ပန်းမှ တောင်ကြီး ပြည်ထောင်စုလမ်းမကြီးဘေး၊ ပျားမွေးမြူရေး ခြံဘေးတွင်တည်ရှိကာ ဦးအောင်ကိုဝင်းပိုင် Hotel SS အနီး ပေ ၄၀× ပေ ၅၀ အကျယ် ရှိပြီး ကာလတန်ကြေး ကျပ်သိန်း ၈၀၀၀ ခန့်ရှိကြောင်း ဒေသခံများထံက သိရသည်။

အောင်ပန်းတွင် လက်ရှိခရိုင်မှူး ရောက်ပြီးနောက်ပိုင်း လယ်ယာမြများကို သိန်းရာချီ ရယူကာ ပုံစံ ၁၀၅ နှင့် ဂရံများ ထုတ်ပေးသဖြင့် ရောင်းစားသူများပြားသည့်အတွက် ကုန်းလွင်နှင့် လှည်းရိုးကြား၊ ဆားဖိတ်တောင်အနီး ဝန်းကျင်မြေများ မကျန်သလောက်ဖြစ်ကာ ကလော၊ တောင်ကြီးအုပ်ချုပ်ရေးနှင့် မြေစာရင်းများ ပွပေါက်တိုးနေကြသည်ဟု ဒေသခံများက ပြောဆိုနေကြကြောင်း သိရသည်။

#MeKongNews
#အောင်ပန်း
#အများပိုင်မြေ
#မင်္ဂလာရပ်ကွက်
#ကလောခရိုင်
#ဦးစိုးမြင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now