မဲခေါင်၊ ဇူလိုင် ၂၉
ဇူလိုင် ၂၈ ရက် ညည့်သန်းခေါင်း ၁၂ နာရီတွင် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲကြောင်း အတည်ပြုကြေညာ ခဲ့သော်လည်း ဇူလိုင် ၂၉ ရက် နံနက်ပိုင်းအထိ နယ်စပ်နေရာများတွင် နှစ်ဖက် တိုက်ပွဲများဆက်ရှိနေ သေးကြောင်း ထိုင်းဝန်ကြီးချုပ် ဖမ်သမ်ဝီချာယာချိုင်က အတည်ပြုသည်။
ဖမ်သမ်က ထိုင်းဘက်မှ သဘာတူထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်သော်လည်း ကမ္ဘောဒီးယားစစ်သားများဘက်မှ ထပ်ကာတလဲလဲ သဘောတူညီချက်ကို ချိုးဖောက်နေကြောင်း၊ ကနဦး အပစ်အခတ်ရပ်စဲရေးကို နံနက် ၆ နာရီသတ်မှတ်သော်လည်း ည ၁၂ နာရီသို့ ရှေ့တိုးသတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ ဇူလိုင် ၂၉ ရက်မနက်အထိ အပစ်အခတ်ရပ်စဲမှုများ အလုံးစုံ အထ မမြောက်နိုင်သေးဘဲ သက်ဆိုင်ရာတပ်မှူးများ ဆက်လက်ဆွေးနွေးသွားမည်ဟု ဝန်ကြီးချုပ် ဖမ်သမ်က ထုတ်ပြန်ခဲ့သည်။
ထိုင်းစစ်ဒေသ ၂ တပ်မှူးနှင့် ကမ္ဘောဒီးယား စစ်ဒေသ ၄ မှ တပ်မှူးများ ချောင်ချွမ်ဒေသ အရေး ဆွေးနွေးမှုများလုပ်ခဲ့ရာတွင် နှစ်ဖက် နယ်စပ်သို့ စစ်တပ်များ ထပ်မံအားဖြည့်မှုမလုပ်ရန် သဘောတူညီမှု ရခဲ့ကြောင်း၊ ပြည်သူများကို ပစ်မှတ်ထား မပစ်ခတ်ရန်၊ စစ်တပ်ပြောင်းရွှေ့လှုပ်ရှားမှုများမလုပ်ရန်၊ နှစ်ဖက် ရရှိထားသော ဒဏ်ရာရ သေဆုံး စစ်သားများ အပြန်အလှန်လဲရန် သဘောတူညီခဲ့ကြောင်း သိရသည်။
နောက်ထပ် နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးကို ဩဂုတ် ၄ ရက် တွင် ဆက်လက်လုပ်ဆောင်သွားဦးမည်ဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref: Thai Enquirer, Khaosod English
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#အပစ်အခတ်ရပ်စဲရေး








