နေ့စဥ်သတင်း

ရွာငံနယ်ကို စစ်ကောင်စီ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးနေ၍ ဒေသခံလူထု အထူးသတိထားရန်တိုက်တွန်း

မဲခေါင် 28 Jul - 2025
မဲခေါင်၊ ဇူလိုင်၂၈ ကလောအခြေစိုက် စစ်ကောင်စီ တမခ ၅၅က ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်ကို နယ်မြေရှင်းလင်းရေးအတွက် အင်အားအပြည့်ဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ သတိထားကြရန် တော်လှန်ရေးတပ်များက သတိပေးနေသည်။ ယမန်နေ့ ဇူလိုင်လ ၂၇ ရက်က ရွာငံတစ်နေရာတွင် ဓနုအမျိုးသားကာကွယ်ရေးတပ်တော် – DSNDAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းပြန်ကြားရေးက ပြောသည်။ “ဝင်လာပီဗျမနေ့ကတစ်ပွဲဖြစ်တယ်။ တော်တော် များများ ကျတယ်။ ခွေးဖက်အင်အား တအားများတော့ ရှေ့ဆက်တိုးနေတယ်။ အလောင်းတွေ ကားပေါ်တင်ပြီး ရှေ့ဆက်တိုးတာ အရင်လို ပြန်မဆုတ်ဘူး” ဟု DSNDA မှ ပြန်ကြားရေးတာဝန်ခံကျားပျံက မဲခေါင်သို့ ယနေ့ ဇူလိုင် ၂၈ရက်တွင် ပြောသည်။ ပြီးခဲ့သည့် ၂၀၂၄

မဲခေါင်၊ ဇူလိုင်၂၈

ကလောအခြေစိုက် စစ်ကောင်စီ တမခ ၅၅က ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်ကို နယ်မြေရှင်းလင်းရေးအတွက် အင်အားအပြည့်ဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ သတိထားကြရန် တော်လှန်ရေးတပ်များက သတိပေးနေသည်။

ယမန်နေ့ ဇူလိုင်လ ၂၇ ရက်က ရွာငံတစ်နေရာတွင် ဓနုအမျိုးသားကာကွယ်ရေးတပ်တော် – DSNDAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းပြန်ကြားရေးက ပြောသည်။

“ဝင်လာပီဗျမနေ့ကတစ်ပွဲဖြစ်တယ်။ တော်တော် များများ ကျတယ်။ ခွေးဖက်အင်အား တအားများတော့ ရှေ့ဆက်တိုးနေတယ်။ အလောင်းတွေ ကားပေါ်တင်ပြီး ရှေ့ဆက်တိုးတာ အရင်လို ပြန်မဆုတ်ဘူး” ဟု DSNDA မှ ပြန်ကြားရေးတာဝန်ခံကျားပျံက မဲခေါင်သို့ ယနေ့ ဇူလိုင် ၂၈ရက်တွင် ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်က ရွာငံမြို့နယ်ရှိ လူဦးရေ ၇၀၀ ကျော်၊ အိမ်ထောင်စု ၁၉၉ စုနေသည့် မင်းပလောင်ရွာ တစ်ရွာလုံးရှိ အိမ်အလုံး ၁၇၉ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နောက်ပိုင်းဝင်ရောက်သည့် စစ်ကြောင်းများက ပေါ်တာဆွဲခြင်း၊ အသွားအလာ ကန့်သတ်ခြင်း၊ ဖုန်းများသိမ်း၍ စစ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံများ အထူးသတိပြုကြရန် တော်လှန်ရေးတပ်များက သတိပေးလျက်ရှိကြောင်း သိရသည်။

ရွာငံ၊ ပင်းတယနယ်မြေသည် တမခ ၅၅ ၏ စစ်ရေး၊ စည်းရုံးရေးနယ်မြေဖြစ်သလို ယင်းနယ်မြေအတွင်း ဓနုအမျိုးသားကာကွယ်ရေးတပ်တော် – DSNDA နှင့် ပြည်သူ့သားတပ်ဖွဲ့ PSF၊ ဂျိုးဖြူ၊ ရွာငံ ဓနု PDF တပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေ ဖြစ်ကြောင်း သိရသည်။

ကလောအခြေစိုက် တမခ ၅၅ သည် လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း နောင်ချို၌ နည်းဗျူဟာ တစ်ခု၊ ကျောက်ဖြူ၌ နည်းဗျူဟာ တစ်ခုနှင့် နေပြည်တော်၌ တပ်ရင်း တစ်ရင်း တပ်ဖြန့်ခွဲကာ ရှိနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ – MDSI၏ အဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြော သည်။

“နည်းဗျူဟာ ၃ ခုရှိတာ၊ ကျန်နေတဲ့နည်းဗျူဟာ တစ်ခုအပါအဝင် တွဲဖက်၊ အရန်၊ လက်ရုန်းတပ်တွေ အနည်းဆုံးအင်အား ၄၀၀ မှ ၈၀၀ အထိ ပါဝင်နိုင်တယ်။ အဓိက UAV ဒရုန်းတွေ သုံးနိုင်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ကာကွယ်ရေးဌာနဖွဲ့စည်းပုံ (ကဖ ၅၊ င ၂၀၁၃)တွင် တပ်မတစ်ခု၌ လက်အောက်ခံ နည်းဗျူဟာ-၃ခုရှိပြီး ၎င်းတို့၌ တပ်ရင်း-၃ ရင်းစီနှင့် တပ်မဌာနချုပ် ၏ အရန်တပ်ရင်း – ရင်းတစ်ရင်းတို့ ဖွဲ့စည်းထားရှိကြောင်း MDSI ထံက စုံစမ်းသိရသည်။

မဟာ
#MeKongNews
#ရွာငံမြို့
#နယ်မြေရှင်းလင်းရေး
#တမခ၅၅
#DSNDA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now