နေ့စဥ်သတင်း

မိုင်းတုံမြို့အဝင် တံတားချဥ်းကပ်လမ်းရေတိုက်စား၍ ချဥ်းကပ်လမ်းပြိုကျ

မဲခေါင် 28 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၈ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့အဝင် တံတားချဥ်းကပ်လမ်း ချောင်းရေတိုက်စားပြီး ပြိုကျသဖြင့် အသွားအလာများ ပိတ်ပင်ထားရကြောင်းဒေသခံများထံက သိရသည်။ ယမန်နေ့ ဇူလိုင်လ၂၇ရက်၊ ညနေပိုင်းက မိုင်းတုံမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်တုံချောင်းရေ တိုးလာသဖြင့် မိုင်းတုံမြို့ဘက် တံတားချဥ်းကပ်လမ်း မြေသားများပြိုကျကာ ဂလှိုဏ်ဖြစ်ပေါ်လာ၍ တံတားပေါ် ယာဉ်များ အသွားအလာကို ယာယီပိတ်ပင်လိုက်ရကြောင်း သိရသည်။ “ကားငယ်တွေတော့ မြို့နားတပ်တွေထဲက ဖြတ်ကြတယ်။ တောင်ပေါ်ဖြစ်ပြီး အဝေးက ပတ်ရတာပေါ့။ ဟိုတုန်းက မြို့ကွင်းလမ်းပါပဲ။ ကုန်ကားတွေကတော့ ကုန်ကားအငယ်တွေနဲ့ ကဲ့သယ်ရတာပေါ့။ လုပ်သားခပိုလာတော့ ကုန်စျေးနှုန်းထပ်တက်တာပေါ့လေ။ ဒါလည်း ရေတကယ်ကြီးရင် သွားလို့ မရတော့ပါဘူး” ဟု မြို့မရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ယနေ့ဇူလိုင် ၂၈ရက်တွင် ပြောသည်။

မဲခေါင်၊ ဇူလိုင် ၂၈

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့အဝင် တံတားချဥ်းကပ်လမ်း ချောင်းရေတိုက်စားပြီး ပြိုကျသဖြင့် အသွားအလာများ ပိတ်ပင်ထားရကြောင်းဒေသခံများထံက သိရသည်။

ယမန်နေ့ ဇူလိုင်လ၂၇ရက်၊ ညနေပိုင်းက မိုင်းတုံမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်တုံချောင်းရေ တိုးလာသဖြင့် မိုင်းတုံမြို့ဘက် တံတားချဥ်းကပ်လမ်း မြေသားများပြိုကျကာ ဂလှိုဏ်ဖြစ်ပေါ်လာ၍ တံတားပေါ် ယာဉ်များ အသွားအလာကို ယာယီပိတ်ပင်လိုက်ရကြောင်း သိရသည်။

“ကားငယ်တွေတော့ မြို့နားတပ်တွေထဲက ဖြတ်ကြတယ်။ တောင်ပေါ်ဖြစ်ပြီး အဝေးက ပတ်ရတာပေါ့။ ဟိုတုန်းက မြို့ကွင်းလမ်းပါပဲ။ ကုန်ကားတွေကတော့ ကုန်ကားအငယ်တွေနဲ့ ကဲ့သယ်ရတာပေါ့။ လုပ်သားခပိုလာတော့ ကုန်စျေးနှုန်းထပ်တက်တာပေါ့လေ။ ဒါလည်း ရေတကယ်ကြီးရင် သွားလို့ မရတော့ပါဘူး” ဟု မြို့မရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ယနေ့ဇူလိုင် ၂၈ရက်တွင် ပြောသည်။

ဇူလိုင် ၂၄ရက်နေ့ကတည်းက နေ့ရောညပါ ဆက်တိုက်ရွာသွန်းနေသည့် မိုးကြောင့် မိုင်းတုံမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် နားညုချောင်း၊ နမ့်တုံ နှင့်နမ့်ဟောင်ခယ်ချောင်းများသည် တောင်ကျရေများ ကျဆင်းပြီး ချောင်းရေလျှံခြင်းများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် မိုင်းတုံမြို့မကွင်းရှိ စပါး ဧက၁၀၀ခန့် ရေနစ်မြုပ်နေသလို တံတားများ ရေထဲမျောပါပြီး မြို့ရေကြီးမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။

“မနှစ်က စက်တင်ဘာမှ ကြီးတာ၊ တံတားတွေကျိုး၊ ဆက်သွယ်ရေးတိုင်တွေလဲ၊ လူသေ၊ ပစ္စည်းတွေ ရေမြုပ်ဆုံးရှုံးခဲ့ရလို့။ ခုက ဇူလိုင်လ မိုးအစပဲ ရှိသေးတာ ရေကြီးမှာ ကြောက်နေကြတယ်” ဟု ဝမ်နားနေသူတစ်ဦးက ပြောသည်။

တောင်ကြီး၊ တာဆန်းဘက်မှ အဝင်ကားလမ်းတွင် ဝမ်နားတံတား၊ မီးသတ်တံတားနှင့် မြို့ထိပ်တံတား သုံးခုရှိရာ ယမန်နှစ်ရေဘေးတွင် မီးသတ်တံတား အခိုင်အမာကွန်ကရစ်တံတား ရေမျော ပျက်စီးခဲ့ရသလို မြို့ထိပ်တံတားလည်း နိမ့်ကျပျက်စီးခဲ့ကြသဖြင့် ဘေလီသံဘောင်များဖြင့် အစားထိုးပြင်ဆင်ထားခဲ့ကြရသည်။

ယခုတွင် နမ့်တုံချောင်း ရေကြီးရေလျှံမှုကြောင့် မီးသတ်တံတားပြင်ဆင်စဥ်က ယာယီအသုံးပြုခဲ့သည့် သစ်သားတံတားလည်း ရေတိုက်စားပျက်စီးသွားခဲ့ရပြီဖြစ်သည်။

မိုင်းတုံ၊ မိုင်းဆတ်ခရိုင်နှစ်ခုမှာ ပြည်တွင်းစားသုံး ကုန်များကို တောင်ကြီးမှ ကုန်သွယ်သုံးစွဲကြရသဖြင့် တောင်ကြီး-လွယ်လင်-နမ့်စန်-လင်းခေး-မိုးနဲ-မိုင်းပန်-တာဆန်း ကုန်သွယ်လမ်းမကြီး ပျက်စီးမှု ဖြစ်တိုင်း ဒေသတွင်းကုန်စည်စီးဆင်းမှု အခက်ကြုံကြရကြောင်း သိရသည်။

#MeKongNews
#မိုင်းတုံ
#နမ့်တုံချောင်း
#ရေကြီး
#တံတားချဉ်းကပ်လမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now