~ လင်းမောင် ~
တစ်ခါက လူ့ဘောင်အဖွဲ့အစည်းကြီးအား စုပေါင်းဝါဒဖြင့် အတူတကွထူထောင်ခဲ့သော နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် အလွန်ကြီးမားကွာခြားသော လူဦးရေ မညီမျှမှု အကျပ်အတည်း ကပ်ဘေးဆိုက်နေရပြီဖြစ်သည်။ တစ်ဦးတစ်ယောက်ဘက်မှ အားနည်းချက်များရှိနေခြင်းကြောင့် မဟုတ်၊ မူဝါဒကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှုနှင့် စီးပွားရေး ပင်ပန်းနွမ်းနယ်မှုတို့၏ နောက်ဆက် တွဲဆိုးကျိုးများကြောင့်ပင်ဖြစ်သည်။ ချန်ဒူ၊ နန်ကျင်း၊ ရှန်ဇန်းမြို့ကြီးများရှိ တရုတ်ရိုးရာ အောင်သွယ် အခမ်းအနားပွဲ မှတ်တမ်းများအား ကြည့်လျှင် အောင်သွယ်လုပ်ရသည်က အမျိုးသား ၁ ယောက်နှုန်း၌ အမျိုးသမီး အယောက် ၅၀ နှုန်းနှင့်အထက်ကို ကွာဟချက် ကြီးမားနေသည်ကို မြင်တွေ့ရသည်။ ကိန်းဂဏန်းကွာဟချက် သက်သက်မျှသာမဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီ (CCP) ထိန်းကွပ်မှုအောက် ၌ စနစ်တကျ မျက်ကွယ်ပြုမှု၊ အစိုးရကိုယ်တိုင်က လူမှုရေးရာ စံနှုန်းများကို စီမံကိန်းချမှတ်မှုပိုင်း ပျက် ကွက်ချို့ယွင်းနေမှုများ၏ အကျိုးဆက်ကြောင့်ပင် ဖြစ်တော့သည်။
တစ်ခါက အမျိုးသမီးများအတွက် အိမ်ထောင်ပြုခြင်းသည် လွတ်မြောက်ရာလမ်းဖြစ်သော်လည်း ယခုတွင်မူ ကြင်ဖော်ရှာခြင်းထက် တစ်ကိုယ်ရေ နေထိုင်ရှင်သန်မှုကိုသာ ရွေးချယ်ကုန်ကြတော့သည်။ အဆိုပါအမျိုးသမီးများမှာ ကိုယ်ရေကိုယ်သွေး၊ ယူပကာ၊ ပညာ စသည့် personal ပိုင်း မကောင်းခြင်း ကြောင့်မဟုတ်။ ကိုယ်တိုင် တင့်တောင်းတင့်တယ်နေနိုင်သော၊ ပညာတတ်သော အမျိုးသမီးများသည် ခင်ပွန်းမရှာတော့ဘဲ တစ်ကိုယ်တည်း နေရသည့်အကြောင်းတရားမှာ အမျိုးသားများဘက်မှ စီးပွားရေး ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ဆုတ်ယုတ်ကျဆင်းနေခြင်းကြောင့်ပင်ဖြစ်သည်။ အမျိုးသားထု ထိုသို့ ချွတ်ခြုံကျရခြင်းမှာ မတော်တဆမှုလည်းမဟုတ်။ ဆယ်စုနစ်ပေါင်းများစွာ CCP ကျင့်သုံးခဲ့သည့် လူမှုစီမံခန့်ခွဲမှုပိုင်းညံ့ဖျင်းခဲ့ခြင်း၏ နောက်ဆက်တွဲ ချွတ်ခြုံကျမှုသာဖြစ်သည်။ အိမ်ထောင်ပြု ခြင်းသည် တည်ငြိမ်မှုရရေးအတွက် လက်နက်အဖြစ် အသုံးချသည့် ကိရိယာ တန်ဆာပလာအဖြစ် CCP က ရှုမြင်ခဲ့သော်လည်း ယနေ့တွင်မူ ထမ်းပို့ရသည့် ဝန်နှင့်အား မမျှလွန်းတော့သောကြောင့် အိမ်ထောင် ပြု သားမွေးခြင်း၏ ကောင်းချီးများ တရုတ်ပြည်ကြီး၌ ပြိုလဲပျက်ယွင်းသွားရပြီဖြစ်သည်။
အရင်းစစ်ကြည့်လျှင် CCP သည် လူဦးရေနှင့်မိသားစုများအပေါ် ရှေးဟောင်းချဉ်းကပ်မှုထုံးတမ်းများ မစွန့် ခွာဘဲ ဆင့်ကဲပြောင်းလဲရန် ပျက်ကွယ်ခဲ့မှုကြောင့် မင်္ဂလာအရာများ ပြည်သူတစ်ရပ်လုံးအတွက် ပြိုလဲ သွားခြင်းသာ ဖြစ်သည်။ တစ်အိမ်ထောင် ရင်သွေး တစ်ယောက်သာ ယူရမည်ဟု ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော One-Child Policy မှသည် ယခု အပျက်အပျက်ဖြင့် နှာခေါင်းသွေး ထွက်မှ ရှီကျင်းဖျင် ဦးဆောင်သော အစိုးရကိုယ်တိုင်က မရှက်မကြောက် တစ်အိမ်ထောင် ကလေး ၃ ယောက် ယူကြပါရန်နှင့် အိမ်ထောင်ပြု သားမွေးခြင်းများဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်အား ထိန်းပေးကြပါဟု တောင်းပန်တိုးလျှိုးရသည့်အထိ ဖြစ်လာခဲ့သည်။ မင်္ဂလာပွဲတစ်ခုဖြစ်မြောက်လျှင် အောင်သွယ်တော် အတွက်မည်မျှ ထောက်ပံ့ကြေး၊ မင်္ဂလာပွဲဖြစ်လျှင် သတို့သားအတွက် မည်သည့်ထောက်ပံ့မှု၊ ရင်သွေးမွေးလျှင် မည်သည့် အာမခံနှင့်ထောက်ပံ့မှုများလုပ်ပါမည်၊ မင်္ဂလာအရာပြုကြပါကုန်ဟု လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တရုတ်အစိုးရမှ လိုက်လံ ဗျိုးဟစ်နေရပြီဖြစ်သည်။ ကျား၊မ/ အမျိုးသား၊ အမျိုးသမီး နှုန်းကြားကွာဟချက်က လွန်စွာ ကြီးမားနေသည့်အတွက် လူမှုပေါင်းစည်းမှုပိုင်းတွင် အလဲလဲအပြိုပြို ဖြစ်ရခြင်းပင်။ တရားဝင် စာရင်းဇယားထုတ်ပြန်မှုများအရ ထိုမျှရှားပါးသည့် အမျိုးသားထုအတွင်းမှာပင် လူပျိုကြီးအဖြစ် တစ်ကိုယ်ရေ နေထိုင်သူပေါင်း သန်း ၃၀ ကျော်ရှိနေသေး သည်ဟု သိရှိရသည်။ အောင်မြင်မှုနှုန်း မြင့်မားသည့် ဖူးစာဖက်ရှာပုံတော် People’s Park ၌ ကြင်ဖော်ရှာပေးရန် မှတ်ပုံတင်ခဲ့သော အမျိုးသမီးထုကြီးနှုန်းထားက မြင့်သထက်သာ မြင့်တက်လာသည်။ သို့သော် အဆိုပါအမျိုးသမီးထုကြီး၏ မျှော်လင့်ချက်များသည်လည်း ရှာမောသာဖြစ်ရပြီး ယူမည့် ခင်ပွန်း ရှာမတွေ့နိုင်ကြခြင်းများဖြင့်သာ နိဂုံး ချုပ်ကြရသည်။
CCP ၏ အရင်းရှင်စားသုံးသူယဉ်ကျေးမှုဆီသို့ ဦးတည်သော မူဝါဒများအရ ရုပ်ဝါဒပိုင်းတွင် လူသား ချင်း ဖို၊မ ဆက်ဆံရေးမျှော်လင့်ချက်များကို အမြင်များကွဲလွဲသွားစေခဲ့သည်။ ဒေလီယန်မြို့ကြီးတွင် အခမ်းနားဆုံးသော မင်္ဂလာပွဲတစ်ခုအတွက် ကုန်ကျစားရိတ်သည် ယွမ်ငွေ ၁၁၀၀၀၀ ရှိနိုင်သည်။ ပို ဆင်းရဲသော နိုင်ငံများမှ သတို့သမီးတင်တောင်းစားရိတ်ပင်လျှင် ယွမ် ၂၀၀၀၀၀ ထိ ရှိကြသည်။ သတို့ သားလောင်းဘက်မှ အိမ်၊ ကား၊ မင်္ဂလာမဏ္ဍပ်၊ လက်ဆောင်ခန်းဝင်ပစ္စည်းနှင့် ငွေကြေးထောက်ပံ့မှုများ ပေးရသည့် တာဝန်များရှိသည်။ သို့သော် တရုတ်ပြည်တွင်းမှု ထိုအနေအထားမျိုးက ယဉ်ကျေးမှု အစဉ် အလာတစ်ရပ်အဖြစ် ရှိမနေတော့ပေ။ တရုတ်ကွန်မြူနစ်ပါတီ၏ ကိုယ်ပိုင် မူဝါဒများသည်ပင်လျှင် စိတ်ပိုင်းဆိုင်ရာသာတူညီမျှမှုရှိရေးအတွက် အကာအကွယ်ပေးမထား။။ လျှင်မြန်သော မြို့ပြအသွင်ကူးပြောင်း နိုင်ရေး၊ စျေးကွက်လွတ်လပ်ရေး (ကျားကျသကဲ့သို့ အမြတ်အတွက်သာ မက်လုံးထားသော အမြင်ကိုဆိုလို) များမှ ပေါက်ဖွားလာသည့် လူမှုစီးပွား ဝန်ထုပ်ဝန်ပိုးများကြောင့် တခြားနိုင်ငံများနှင့် မတူဘဲ တရုတ်ရှိ အိမ်ထောင်ပြုနှုန်းများက လွန်စွာကျဆင်းလာရခြင်းဖြစ်သည်။
အမျိုးသားများ၊ အထူးသဖြင့် ကျေးလက်နေ အမျိုးသားများသည် ဝင်ငွေနည်းပါးသည့် မိသားစုများမှ ပေါက်ဖွားလာသူ ဝင်ငွေနည်းသူများသာဖြစ်သည်။ ၎င်းတို့အတွက် အိမ်ထောင်ပြုရေးဆိုသည်မှာ မဖြစ် နိုင်လွန်းသောအရာ၊ မတတ်နိုင်စွမ်းသော ငွေရေးကြေးရေးဟု ခံယူကာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ ဖြစ်စေသည်။ တချို့သော မိသားစုများသည် သားဖြစ်သူ အိမ်ထောင်ပြုနိုင်ရေး တစ်ဘ၀လုံး ကုန်းရုန်း စုဆောင်းထားသည့်ချွေးနည်းစာအားလုံးကို ထုတ်သုံးကြရသည်။ အစိုးရကိုယ် တိုင်က ထိုမျှ အိမ်ထောင်ပြုရန် ခက်ခဲနေသည့်အနေအထားကို မသိကျွိုးကျွံပြုခြင်း၊ နှုတ်ဆိတ်နေခြင်း ဖြင့်ပင် မီးကို ရေနံဆီပင် ပက်သလို အရှိန်ညီးညီး ထပ်မံတောက်လောင်စေကာ ပြုပြင်မရသော သံသရာကြီးက ဆက်ကာဆက်ကာ မရပ်မနား လည်ပတ်နေတော့သည်။
တရုတ်ပြည်တွင် အမျိုးသမီး ပညာတတ်လူတန်းစား များစွာ တိုးပွားလာသည်ကို CCP က ဂုဏ်ယူဝင့် ကြွား ပွဲခံနေကာ အလုပ်သမားအင်အားစုတွင် ပါဝင်လာနိုင်ခြင်းအပေါ် ကျေနပ်အားရနေသည်။ သို့သော် ဘိုးဘေးဘီဘင် မိသားစု တည်ဆောက်နိုင်စွမ်းပိုင်းများ၌ ကြီးမားလွန်းသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရမှုကိုမူ ဖြေရှင်းခြင်းမပြုပေ။ တစ်လဝင်ငွေ ယွမ် ၅၀၀၀ နှင့်အောက် ရသော အမျိုးသမီး များက တစ်နှစ်ဝင်ငွေ ယွမ် ၅၀၀၀၀၀ နှင့်အထက် ရသည့်အမျိုးသားကိုသာ အိမ်ထောက်ဖက်တော်ရန် မျှော်လင့်နေကြဆဲဖြစ်သည်။ ထိုမျှတတ်နိုင်စွမ်းရုံသာမက ခြွေရံသင်းပင်း၊ အိမ်ခြံတိုက်တာ၊ အဆင့် မြင့်စွာနေနိုင်စွမ်းသော အသုံးအဆောင်များကိုလည်း လိုချင်ကြသဖြင့် ချစ်သူများဖြစ်ပြီးသော်လည်း Relationships များသည် တည်တံ့မှု မရှိနိုင်တော့ပေ။
တစ်ချိန်က လွတ်လပ်သည်၊ တစ်ကိုယ်တည်း အပျိုကြီး/ လူပျိုကြီးဟု ဟစ်ကြွေးသူများသည် ယနေ့ ခေတ်တွင်မူ အထီးကျန်တစ်ကိုယ်ရေသမားများအသွင် ပြောင်းကုန်သည်။ အသက် ၃၀ ကျော် ၄၀ နီးပါး အမျိုးသမီးများစွာသည် စိတ်ခံစားမှုများ ပျက်ပြယ်ကုန်သည်။ အသက်ကြီးလာသည် နှင့်အမျှ ကူဖော်လောင်ဖက် ပံ့ပိုးသူမရှိဘဲ အိပ်မက်ဆိုးများသာ ထပ်ကာတလဲလဲ မက်ကြရတော့သည်။ တစ်ကိုယ်ရည်လွမ်းဆွတ်မှုအိပ်မက်များအပေါ် ထိတ်လန့်လာ ရတော့သည်။ တရုတ်နိုင်ငံတော် အစိုးရကိုယ်တိုင်က လွတ်လပ်မှုနှင့်အပြန်အလှန်မှီခိုမှုထားသော ရပ်ရွာဖွဲ့စည်းပုံစံနှုန်းများကို ပြုစုပျိုးထောင်ရန် ပျက်ကွက်နေခြင်း၏ ဆိုးကျိုးများပင်ဖြစ်တော့သည်။
CCP လုပ်ပေါက်မှ မတူကွဲပြားသော ထွက်လမ်းလေဟာနယ်တစ်ခု ဖြစ်တည်လာသည်။ နိုင်ငံဖြတ်ကျော် အိမ်ထောင်ပြုခြင်းများစွာ ဖြစ်တည်လာခဲ့သည်။ ပေကျင်း၊ ချန်ဒူကဲ့သို့သော မြိုကြီးများတွင် နိုင်ငံခြား သူ သတို့သမီးရှာဖွေ လက်ထက်ခြင်းများ များပြားလာကြောင်း သတင်းများ ခိုင်ခိုင်မာမာ ထွက်ပေါ်လာ သည်။ အထူးသဖြင့် ရုရှားသူများကို တရုတ်အမျိုးသားများက ကြင်ယာရွေးကြသည်။ ခန်းဝင်ပစ္စည်း များလည်းမလို မင်္ဂလာဆောင်ရုံသက်သက်ဆိုသော ခံယူချက်ဆောင်ပုဒ်များ ကိုင်ဆောင်ထားသည့် အလားပင်။ ပြည်တွင်း မင်္ဂလာအရာ တောင်းဆိုမျှော်လင့်ချက်များမှ လွတ်မြောက်ပြီး ငွေကြေး ပျက်စီးစေခြင်းကို ရှောင်ရှားနိုင်သော ထွက်လမ်းအဖြစ် ရှင်းလင်းစွာ မြင်တွေ့လာရသည်။
တရုတ်ပြည်သူ့ရေးရာဝန်ကြီးဌာနထုတ်ပြန်ချက်အရ မနှစ်က နယ်စပ်ဖြတ်ကျော် မင်္ဂလာဆောင်မှုနှုန်း ၂၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း သိရသည်။ သတို့သမီးအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာ နိုင်ငံခြား သူများသာဖြစ်ခဲ့သည်။ တစ်ပြည်သူနှင့် ရိုမန်းတစ်ဆန်စွာ ညားကြလေသည်ဆိုသော ဆွတ်ပျံ့ဖွယ် ခေတ်ထမှုမျိုးလည်းမဟုတ်။ ပြိုပျက်နေသော ပြည်တွင်းအဖြစ်မှန်ဂယက်ဆိုးမှ ရှောင်တိမ်းထွက်ပြေး ခြင်းမျှသာဖြစ်တော့သည်။ တရုတ်အမျိုးသားများအတွက် ပြည်ပသူများကို လက်ထပ်ခြင်းမှာ ကြိုက် ချင်စရာဖြစ်နေမှုကြောင့်မဟုတ်ဘဲ ရှင်သန်နိုင်ရေးကြောင့်သာ ဖြစ်တော့သည်။
လူမှုဗေဒပညာရှင်များက တရုတ်ပြည်ကြီးသည် ရုတ်ချည်းဆိုသလိုပင် စူပါ တစ်ကိုယ်ရေ လူ့အဖွဲ့ အစည်းကြီး(super single society) ဆီသို့ ဦးတည်းနေပြီဟု သတိပေးကြသည်။ မင်္ဂလာဆောင်ခြင်း သည် ဘ၀၏ ဆွတ်ပျံ့ဖွယ် မှတ်တိုင်တစ်ခုမဟုတ်တော့ဘဲ ဇိမ်ခံခြင်းသဘောသက်သက်သာ ဖြစ်စေ တော့သည်။ CCP မှ မည်သို့ တုံ့ပြန်ပါသနည်း။ ပြည်သူများ မိသားစု တန်ဖိုးကို မြတ်နိုးကြပါဟုသာ တွင်တွင်ဆိုနေသည်။ ပျက်ယွင်းနေသော ရုပ်ဝါဒစံနှုန်းများကိုတည့်မတ်ရန် ခိုင်လုံသော အားထုတ်မှုမရှိသလောက်အနေအထားဖြင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုများကိုသာ ပြန်တည်ဆောက်ကြပါရန် တိုက်တွန်းနေသည်။ မိန်းကလေးများလွန်းပြီး ယောက်ျားလေး လွန်စွာနည်းပါးလာသော ခြားနားမှု စံနှုန်း ၂မျိုး (double standards) ၏ စိန်ခေါ်မှု မြင့်မားလွန်းနေပြီဖြစ်သော်လည်း ထိုအခက်အခဲကို ကြက်သီးနွေးထမျှ (စိတ်အား ထက်သန်မှုမရှိသောအခြေအနေ)ဖြင့်သာ တရုတ်အစိုးရက ဘာမျှ မလုပ်သည့် အနေအထားဖြင့် ဆက်နေလေသည်။
တရုတ်နိုင်ငံရှိ ဖို၊မ ချစ်မှုရေးရာ ချိန်းဆိုတွေ့ဆုံမှု သဘာ၀သည် ကပ်သင့်သည့်အလား အစဉ် အလာများမှ သွေဖည်ကုန်ပြီဖြစ်သည်။ ယဉ်ကျေးမှုတစ်ရပ် အသွင်ပြောင်းလဲသွားမှုအား ဟန်ဆောင်ဖုံးကွယ်ကာ မသိကျွိုးကျွံပြုထားသည့် စနစ်တကျ ကျရှုံးခြင်းဖြစ်သည်။ CCP သည် စိတ်ခံစားမှုနှင့် ငွေကြေးတတ်စွမ်းနိုင်မှုဆိုင်ရာ အခက်အခဲရှိသော ဖို၊ မ ဆက်ဆံရေးများကို ကောင်းမွန်းစေရေး တည်ဆောက်ပေးနိုင်စွမ်းမရှိသည့် စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေအကြား စီးပွားရေးအရ၊ စိတ်ခံစားမှုအရ၊ လူဦးရေစာရင်းအရ ကွာဟချက်များစွာသည် ကြီးမားသထက် ကြီးမားလာနေဆဲပင်ဖြစ်တော့သည်။
#MeKongNews








