မဲခေါင်၊ ဇူလိုင် ၂၆
ထိုင်းနှင့် နယ်စပ်စစ်ပွဲထွက်ခွာတိုက်ခိုက်ရမည့် ကမ္ဘောဒီးယားစစ်သားများကို ခမာ ဘုန်းတော်ကြီးများ အန္တရာယ်ကင်း အဆောင်ဝတ်စုံများ ဆင်ပေးခြင်းတွင် တစ်ကိုယ်လုံးခြုံနိုင်ဖွယ်ရာရှိသည်အထိ ကြီးမားနေသည်ကို ထိုင်းလူမှုကွန်ရက်များပေါ်တွင် လှောင်ပြောင်နေကြသည်။
ဇူလိုင် ၂၅ ရက်၌ TikTok user @user3711938772122 အကောင့်၌ ကမ္ဘောဒီးယားစစ်သားများကို ဘုန်းတော်ကြီးများက စစ်ထွက်အဆောင် ယတြာများ ဆင်မြန်းပေးသည့် ဗီဒီယိုတင်ခဲ့ရာ ထိုဗီဒီယိုထဲ တွင် ဘုန်းကြီးများက မန္တာန်များလည်း ရွတ်ဖတ်ပေးနေသည်ကို မြင်တွေ့ရသည်။
စစ်ပွဲတွင် စိတ်တည်ငြိမ်အေးချမ်းစွာဖြင့် မကြောက်မရွံ့တိုက်ခိုက်နိုင်စေရန် ဆင်ပေးလိုက်သည့် ဝတ်စုံ ယတြာသည် တစ်ကိုယ်လုံးခြုံနိုင်သည့်အနေအထား ကြီးမားနေမှုအပေါ် ထိုင်း လူမှုကွန်ရက်အသုံးပြု သူများက အမြင်အမျိုးမျိုးဖြင့် လှောင်ပြောင်မှုများ လုပ်ခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ကမ္ဘောဒီးယား
#ထိုင်းနိုင်ငံ
#ယတြာဝတ်စုံ
#နယ်စပ်စစ်ပွဲ








