မဲခေါင်၊ ဇူလိုင် ၂၅
ဇူလိုင် ၂၄ နှင့် ၂၅ ရက်တို့တွင် ထိုင်းနှင့် ကမ္ဘောဒီးယားနပ်စပ် နှစ်ဖက်စစ်တပ်များ အပြန်အလှန် တိုက်ခိုက်နေမှုများ၌ တစ်ဖက်နှင့်တစ်ဖက် နိုင်ငံတကာကွန်ဗန်းရှင်းသဘောတူညီချက်များ ချိုးဖောက် တိုက်ခိုက်နေသည်ဟု အပြန်အလှန်စွပ်စွဲနေကြသည်။
ဖနွမ်းပင်ပို့စ်မီဒီယာတွင် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာလီဆိုချီယာတာက ထိုင်း F 16 ဖိုက်တာဂျက်လေယာဉ်များသည် ဖနွမ်ခမာအို့ချ်ဒေသသို့ နိုင်ငံတကာ ကွန်ဗန်းရှင်းအရ တားမြစ်ထားသော ကလက်စတာဗုံးများဖြင့် နှစ်ရက်ဆက်တိုက် ကျဲချတိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့သည်။
ထိုင်းစစ်တပ်ကလည်း ကမ္ဘောဒီးယားစစ်တပ်သည် အရပ်သားပြည်သူများကို လူသားတံတိုင်းအဖြစ် သဘောထားက ထိုင်းဘက်သို့ မဆင်မခြင်ပစ်ခတ်နေသော BM-21 ရော့ကတ်လောင်ချာ အထိုင်ချ ရာနေရာများကို ပြည်သူအများစုနေသည့် အရပ်၌ အခြေစိုက် ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် မိမိတို့ ဘက်မှ ကာကွယ်မှုအဖြစ် ပစ်ခတ်စဉ် အရပ်သားများ ထိခိုက်စေမှု မရှိစေရန် ရှောင်လွှဲရခက်သည့် အနေအထားဖြစ်နေကြောင်း ဆိုသည်။
ကမ္ဘောဒီးယားဘက်မှ ဘုရားကျောင်းကန်များ၊ အများပြည်သူနှင့်ဆိုင်သော နေရာများသို့ ထိုင်းက လေကြောင်းတိုက်ခိုက်မှု လုပ်နေသည်ဆိုသော နိုင်ငံရေးအသာစီးရရေး သတင်းမှားများသာ ဖြန့်ဝေနေကြောင်း၊ ထိုင်းစစ်တပ်အနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ ကမ္ဘောဒီးယား၏ စစ်ရေးပစ်မှတ်များကိုသာ စည်းကမ်းဘောင်အတွင်းမှ တိုက်ခိုက်သည်ဟု ထိုင်းစစ်တပ်က ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းစစ်တပ်
#ကမ္ဘောဒီးယား
#နိုင်ငံတကာကွန်ဗန်းရှင်း
#နယ်စပ်စစ်ပွဲ








