မဲခေါင်၊ ဇူလိုင် ၂၄
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က ဇူလိုင် ၂၃ မနက်မှ စတင်ပြီး အငြင်းပွားနယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်များ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီးနောက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် ထိုင်း၏ ကြိုတင်ပြင်ဆင်ထားသော ရန်စနှိုးဆွမှုများကြောင့် ဖြစ်ပွားရသည့် စစ်ပွဲကို အမြန်ဆုံးကြားဝင် ဖြေရှင်းပေးပါရန် စာရေးသား တောင်းဆိုခဲ့သည်။
လက်ရှိ ကုလလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ပါကစ္စတန်မှ အာဆင်အစ်ဖ်တီကာအာမက်ထံသို့ လိပ်မူပြီး ဟွမ်မာနက်က ချက်ချင်း လုံခြုံရေးကောင်စီအစည်းအဝေး ဆင့်ခေါ်စေကာ ထိုင်းစစ်တပ်ဘက်မှ အင်အား အားကိုးဖြင့် ကြမ်းတမ်းစွာရန်စနေခြင်း၊ ကမ္ဘောဒီးယားပိုင် နယ်မြေများကို အချုပ် အခြာအာဏာထိပါကာ တိုက်ခိုက်လာခြင်း၊ တမုန်သွန် ဘုရားကျောင်းတွင် ယနေမနက် နှစ်နိုင်ငံ စစ်သားများ ပစ်ခတ်မှုတွင်လည်း ထိုင်းဘက်မှသာ စတင်ပစ်ခတ်ခြင်းတို့ကြောင့် နိုင်ငံတကာ ဥပဒေ ကိုချိုးဖောက်ခြင်း၊ ကုလချာတာ၊ အာဆီယံချာတာများကို ချိုးဖောက်ခြင်းများကြောင့် ဒေသတွင်း တည်ငြိမ်မှုကိုပါ ဆိုးရွားစွာပျက်ပြားစေသည့်အတွက် အားချင်း ဝင်ရောက်ဖြေရှင်းပေးရန်နှင့် ထိုင်းဘက်မှ ထိုသို့ ဆက်လက် အနိုင်ကျင့်မှု မလုပ်ရေး တားမြစ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယင်းတောင်းဆိုချက်တွင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုကို ၁၉၀၄ နှင့် ၁၉၀၇ ခုနှစ်တို့၌ Franco-Siamese Conventions သဘောတူသတ်မှတ်ချက်များ ဥပဒေဘောင်အတိုင်းရှိခဲ့ပြီး နားလည်မှု စာချွန်လွှာပေါင်းလည်း ၂၀၀၀ နီးပါး ရေးထိုးခဲ့သည့်ကြားမှ ထိုင်းသည် တစ်ဖက်သက် နယ်မြေပိုင်နက် ထုတ်ပြန်မှုအဖြစ် အခြေအမြစ်မရှိသော အချက်အလက်များဖြင့် ကမ္ဘောဒီးယားပိုင် နယ်မြေများကို ၎င်းတို့အပိုင်နယ်မြေအဖြစ် ထုတ်ပြန်ကာ ကာလရှည်ကြာ ရန်စပြီး နှိုးဆွနေခြင်းဖြစ်သည်ဟုလည်း ထဲထဲဝင်ဝင် ဖော်ပြခဲ့သည်။
ကိုကလင်း
Ref: phnompenhpost
#MeKongNews
#ကမ္ဘောဒီယားဝန်ကြီးချုပ်
#ထိုင်းနိုင်ငံ
#နယ်စပ်စစ်ပွဲ
#ကုလသမဂ္ဂ








