နေ့စဥ်သတင်း

ရှားပါး လိပ်စောင်းလျာတစ်ကောင် မြေပုံမြို့နယ်တွင်တွေ့ရှိ

မဲခေါင် 17 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၇ လိပ်မျိုးစိတ်များအနက် အကြီးဆုံးပင်လယ်လိပ်တမျိုးဖြစ်သည့် လိပ်စောင်းလျာတကောင်ကို မြေပုံမြို့နယ် ရှင်တောင်ကျေးရွာတွင် ဇူလိုင် ၁၆ ရက်နေ့က တွေ့ရှိခဲ့ကြောင်း မင်းပြားအခြေစိုက် ဒေသတွင်းသတင်းသမားတဦးက ပေးပို့လာသည်။ ရေလုပ်သားတစ်ဦး၏ ပိုက်တွင် ရှားပါးပင်လယ်လိပ်တစ်ကောင်ကို ဖမ်းဆီးရပြီး နောက်ပိုင်းတွင် ပြန်လွတ်ပေးလိုက်ကြောင်း ၎င်းဆက်လက်ရှင်းပြသည်။ “ငါးဖမ်းပိုက်ချတဲ့အခါ လိပ်တွေငြိပါလာတတ်ပေမယ် အခုလိုမျိုးလိပ်တော့ မတွေ့ဘူးကြဘူးတဲ့ အဲ့ဒါနဲ့ ရှားပါးတဲ့လိပ်ဆိုပြီး ပြန်လွတ်ပေးလိုက်တာ” ဟု ၎င်းကရှင်းပြသည်။ လိပ်စောင်းလျားခေါ် Leatherback Sea Turtle (Dermochelys coriacea) သည် အခွံပျော့ ပင်လယ်လိပ်တမျိုးဖြစ်ပြီး လိပ်မျိုးစိတ်ထဲတွင် ကမ္ဘာအကြီးဆုံးမျိုးစိတ်ဖြစ်ကြောင်း သိရသည်။ အရွယ်ရောက် လိပ်စောင်းလျားတကောင်သည် ၆ ပေကျော် ၇ ပေခန့်အထိရှိပြီး အလေးချိန်ဖြင့်

မဲခေါင်၊ ဇူလိုင် ၁၇

လိပ်မျိုးစိတ်များအနက် အကြီးဆုံးပင်လယ်လိပ်တမျိုးဖြစ်သည့် လိပ်စောင်းလျာတကောင်ကို မြေပုံမြို့နယ် ရှင်တောင်ကျေးရွာတွင် ဇူလိုင် ၁၆ ရက်နေ့က တွေ့ရှိခဲ့ကြောင်း မင်းပြားအခြေစိုက် ဒေသတွင်းသတင်းသမားတဦးက ပေးပို့လာသည်။

ရေလုပ်သားတစ်ဦး၏ ပိုက်တွင် ရှားပါးပင်လယ်လိပ်တစ်ကောင်ကို ဖမ်းဆီးရပြီး နောက်ပိုင်းတွင် ပြန်လွတ်ပေးလိုက်ကြောင်း ၎င်းဆက်လက်ရှင်းပြသည်။

“ငါးဖမ်းပိုက်ချတဲ့အခါ လိပ်တွေငြိပါလာတတ်ပေမယ် အခုလိုမျိုးလိပ်တော့ မတွေ့ဘူးကြဘူးတဲ့ အဲ့ဒါနဲ့ ရှားပါးတဲ့လိပ်ဆိုပြီး ပြန်လွတ်ပေးလိုက်တာ” ဟု ၎င်းကရှင်းပြသည်။

လိပ်စောင်းလျားခေါ် Leatherback Sea Turtle (Dermochelys coriacea) သည် အခွံပျော့ ပင်လယ်လိပ်တမျိုးဖြစ်ပြီး လိပ်မျိုးစိတ်ထဲတွင် ကမ္ဘာအကြီးဆုံးမျိုးစိတ်ဖြစ်ကြောင်း သိရသည်။

အရွယ်ရောက် လိပ်စောင်းလျားတကောင်သည် ၆ ပေကျော် ၇ ပေခန့်အထိရှိပြီး အလေးချိန်ဖြင့် ပေါင် ၂၀၀ မှ ၂၀၀၀ အထိရှိနိုင်ကြောင်း သိရသည်။ လိပ်စောင်းလျား၏ ထူးခြားမှုတခုမှာ အမများအရွယ်ရောက်ဥချချိန်တွင် မွေးဖွားခဲ့သည့် ကမ်းခြေသောင်၌သာ ဥဥချလေ့ရှိသည့် လိပ်မျိုးလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေ့သည့် လေကြောင်းတိုက်ခိုက်မှုအပါ ရေကြောင်းတိုက်ခိုက်မှုများကြောင့် ရေလုပ်သားများ ပင်လယ်ပြင်အထွက်နည်း၍ ပိုက်ချမှုနည်းလာသဖြင့် ငါးပုဇွန်များနှင့် ရေသတ္တဝါများ ပေါများလာကြောင်း သံတွဲဂျိတ်တောမှ ရေလုပ်သားတဦးက ပြောသည်။

“တချို့ရေလုပ်သားတွေက စစ်ဘေးရှောင်နေကြရတယ်။ တချို့က ကျတော့လည်း စစ်ကောင်စီ နေဗီတွေက ဖမ်းဆီးခံရမှာ ကြောက်လို့ ကမ်းဝေးကို သိပ်မသွားတော့ပါဘူး” ဟု ၎င်းက ဆိုသည်။

#MeKongNews
#လိပ်စောင်းလျား
#မြေပုံမြို့နယ်
#ပင်လယ်လိပ်
#ရခိုင်ပြည်နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now