မဲခေါင်၊ ဇူလိုင် ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ယခုထိလက်မခံ သေးဘဲ ယူကရန်းပြည်သူများပေါ်သို့ နေ့စဉ် ဒုံးကျည် ထောင်ဂဏန်းနီးပါးဖြင့် တိုက်ခိုက်နေသော ရုရှား သမ္မတပူတင်အား စကားလုံးလှလှပြောပြီးသည်နှင့် ညနေရောက်တိုင်း လူတိုင်းပေါ် ဗုံးကြဲချနေသူဟု တိုက်ခိုက်ပြောဆိုသွားခဲ့သည်။
ဝါရှင်တန်မြို့ပြင် အန်ဒရူးပူးတွဲအခြေစိုက်စခန်းသို့ ရောက်ရှိသည့် ဇူလိုင် ၁၃ ရက်တွင် ထရမ့်က ယူကရိန်းထံ လေကြောင်းရန်ကာကွယ်ရေး ပက်ထရိယော့ဒုံးကျည်များ ပေးပို့သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားစဉ် ပူတင်ကို ထိုသို့ တိုက်ခိုက်ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
“ယူကရိန်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ပက်ထရိယော့ဒုံးကျည်တွေကို ကျွန်တော်တို့ ပေးအပ်သွားမှာပါ။ ပူတင်ဆိုတဲ့သူက လူတွေကို သိပ်အံ့ဩရအောင်လုပ်တယ်။ စကားလုံးလှလှလေးတွေပြောပြီးတာနဲ့ ညနေရောက်တိုင်း လူတိုင်းပေါ် ဗုံးတွေကျဲနေတဲ့သူပဲ။ ပြဿနာ က ဒီမှာနည်းနည်းလေးပဲရှိတာပါ။ ဒါပေမဲ့ ဒီအနေအထားကို မကြိုက်ဘူး။ အခြေခံအားဖြင့် ယူကရိန်း ဆီ အရမ်းခေတ်မီတဲ့ စစ်ရေးအကူအညီအပိုင်းအစများစွာ ပေးခဲ့ပြီးသားပါ။ ဒါပေမဲ့ သူတို့ ရာနှုန်းပြည့် ကျွန်တော်တို့ ပေးခဲ့တာတွေအတွက် ပြန်ပေးသွားရပါမယ်” ဟု ထရမ့်က ဆိုသည်။
ပက်ထရိယော့ဒုံး အရေအတွက်မည်မျှ ပေးမည်ကို ဒေါ်နယ်ထရမ့်က ဖွင့်မပြောဘဲ ရာနှုန်းပြည့်ပြန်ပေး ရမည်ဟုဆိုခြင်းမှာ ယခုတစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် ရှိသည့် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရတ်တီနှင့်တွေ့ဆုံလျှင် အီးယူဘက်မှ ပက်ထရိယော့ဒုံးကျည် များတန်ဖိုးကို ပေးသွားရမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကိုကလင်း
Ref: telegraphindia
#MeKongNews
#ဒေါ်နယ်ထရမ့်
#ပူတင်
#ရုရှား
#ယူကရိန်း








