နေ့စဥ်သတင်း

ရှမ်းအရှေ့တွင် ခနောက်စိမ်းတူးရန် PNO ပြည်သူ့စစ် ကြိုးပမ်းလာ

မဲခေါင် 15 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၅ PNO ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ခရိုနီနေဝင်းထွန်းပိုင် ကုမ္ပဏီက ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်အတွင်းတွင် ခနောက်စိမ်းသတ္တုတူးရန် ကြိုးပမ်းလာကြောင်း ဒေသခံများထံက သိရသည်။ မိုင်းတုံမြို့နယ်အနှံအပြားတွင် ခနောက်စိမ်းထွက်ရှိသဖြင့် PNO ပြည်သူ့စစ်က မိုင်းတုံ-မိုင်းဆတ် သွားကားလမ်းမှ မိုင်းတုံဘက် ၁၁မိုင်ရွာရှိ ခနောက်စိမ်းထွက်နေရာများသို့ တူးဖော်ခွင့် ရနိုင်ရန် ကြိုးပမ်းလာနေခြင်းဖြစ်ကြောင်း မိုင်းတုံဒေသခံတစ်ဦးက ပြောသည်။ “အဲနေရာက ဦးသိန်းစိန်လက်ထက် စိုင်းအိုက်ပေါင်းက ပြည်နယ်သတ္တုဝန်ကြီး လုပ်တုန်းကတည်းက ခနောက် စိမ်းကွက်တွေကို အလုအယက်ယူကြတာ။ ရွှေလားဟူ သားကြီးကုမ္ပဏီက အာဏာမသိမ်းခင်အထိ တရားဝင်တူးဖော်တယ်လို့ သိရတယ်။ ခနောက်စိမ်းလည်း အရည်အသွေးမှီတာ တော်တော်ထွက်တယ်။ တာဆန်းဘက် ရွှေတောင်ဖက်လည်း တရားမဝင် လာတူးနေကြတာ တရုတ်တွေများတယ်။ ခုမှ

မဲခေါင်၊ ဇူလိုင် ၁၅

PNO ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ခရိုနီနေဝင်းထွန်းပိုင် ကုမ္ပဏီက ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်အတွင်းတွင် ခနောက်စိမ်းသတ္တုတူးရန် ကြိုးပမ်းလာကြောင်း ဒေသခံများထံက သိရသည်။

မိုင်းတုံမြို့နယ်အနှံအပြားတွင် ခနောက်စိမ်းထွက်ရှိသဖြင့် PNO ပြည်သူ့စစ်က မိုင်းတုံ-မိုင်းဆတ် သွားကားလမ်းမှ မိုင်းတုံဘက် ၁၁မိုင်ရွာရှိ ခနောက်စိမ်းထွက်နေရာများသို့ တူးဖော်ခွင့် ရနိုင်ရန် ကြိုးပမ်းလာနေခြင်းဖြစ်ကြောင်း မိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

“အဲနေရာက ဦးသိန်းစိန်လက်ထက် စိုင်းအိုက်ပေါင်းက ပြည်နယ်သတ္တုဝန်ကြီး လုပ်တုန်းကတည်းက ခနောက် စိမ်းကွက်တွေကို အလုအယက်ယူကြတာ။ ရွှေလားဟူ သားကြီးကုမ္ပဏီက အာဏာမသိမ်းခင်အထိ တရားဝင်တူးဖော်တယ်လို့ သိရတယ်။ ခနောက်စိမ်းလည်း အရည်အသွေးမှီတာ တော်တော်ထွက်တယ်။ တာဆန်းဘက် ရွှေတောင်ဖက်လည်း တရားမဝင် လာတူးနေကြတာ တရုတ်တွေများတယ်။ ခုမှ PNO က လာတာ” ဟု ၎င်းက မဲခေါင်ကို ပြောသည်။

PNO ပြည်သူ့စစ်အနေဖြင့် တာချီလိတ်တွင် ဆက်ဆံရေးရုံးဖွင့်ထားပြီး ယင်းမှတဆင့် မိုင်းတုံသို့ စီးပွားရေးနယ်ချဲ့လာခြင်းဟု ဒေသခံများက သုံးသပ်သည်။

နေဝင်းထွန်းပိုင် ပတ္တမြားနဂါးကုမ္ပဏီသည် ခနောက်စိမ်း သတ္တုအကြီးအကျယ် တူးဖော်နေသည့် ကုမ္ပဏီဖြစ်ပြီး ယခုမိုင်းတုံ တွင်တူးဖော်ရရှိပါက တရုတ်သို့ ပို့ဆောင်ရေးခရီးလမ်းကြောင်း နီးလာမည်ဖြစ်သော်လည်း အခြားတရားဝင်/မဝင်တူးဖော်နေသည့် အဖွဲ့အစည်းများနှင့် ဒေသတွင်း ပြိုင်ဆိုင်မှု ပိုမိုလာမည်ဖြစ်သည်။

မိုင်းတုံရှိ ခနောက်စိမ်းကို ဌာနေ လားဟူပြည်သူ့စစ်များနှင့် တရားမဝင် တရုတ်များကလည်း တူးဖော်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်တွင် ခနောက်စိမ်း အဓိက ထွက်ရှိသည့် ဒေသများမှာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် ၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ် တို့ဖြစ်ကြပြီး အရည်အသွေးအားဖြင့် ၄၀ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ကလောမြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ နမ့်စန်မြို့နယ်များနှင့် ရှမ်းပြည် မြောက်ပိုင်းတွင် လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်နှင့် တန့်ယန်းမြို့နယ်များတွင် ထွက်ရှိကြောင်း သတ္တုစျေးကွက်မှ သိရသည်။

ခနောက်စိမ်းသည် မဟာဗျူဟာမြောက် သတ္တုဖြစ်ပြီး ယမ်းပေါက်ကွဲအားပြင်းရန် ရောစပ်အသုံးပြုကြောင်း သိရသည်။

ကျည်ဆန်များ၊ ဘက်ထရီစသည့်သတ္တုစပ်များ (Alloys)၊ မီးမလောင်နိုင်သော ပစ္စည်းများ (Flame Retardants)၊ ကြွေထည်မြေထည်နဲ့ ဖန်ထည်များ (Ceramics & Glass)၊ လျှပ်စစ်ပစ္စည်းများ (Electronics)များတွင် အများအပြားအသုံးပြုသည်ဟု သိရသည်။

“လက်ရှိ မြန်မာကထွက်တဲ့ ခနောက်စိမ်းကို နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တဆင့် တရုတ်နဲ့ ထိုင်းကို ရောင်းစားနေတယ်။ ရာနှုန်းပြည့်နီးပါးသန့်စင်တဲ့ ခနောက်စိမ်း တစ်တန်ကို အမေရိကန်ဒေါ်လာ ခြောက်သောင်းအထိ စျေးပေါက်တယ်။ မြန်မာဆီက စျေးပေါပေါနဲ့ဝယ်ပြီး တရုတ်က နိုင်ငံခြားကို ပြန်ရောင်းတာ ၁၅ ဆလောက် မြတ်တယ်။ ၁၅ ကျပ်တန်ကို ၁ ကျပ်နဲ့ မြန်မာတွေက ရောင်းနေတာ” ဟု သတ္တုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိ ဇွန်လ ၂၄ ရက်က တရုတ်ပြည် ရှန်ဟိုင်းသတ္တုဈေးကွက် (SMM) တွင် ခနောက်စိမ်းသတ္တုရိုင်း (Antimony Ore) တစ်တန်လျင် သတ္တုရိုင်း၏ သန့်စင်မှု ရာခိုင်နှုန်းနှင့် အဆင့်ပေါ်မူတည်ပြီး ကွာခြားရာ အမေရိကန်ဒေါ်လာ ၇၀၀၀ မှ ၉၅၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။

သန့်စင်ပြီး ခနောက်စိမ်း (Antimony Ingot) ၉၉ ဒဿမ ၆၅ ရာခိုင်နှုန်းအထက် တစ်တန်လျင် အမေရိကန်ဒေါ်လာ ၁၁၀၀၀ ကနေ ၁၃၅၀၀ ဝန်းကျင် ရှိပြီး ဈေးနှုန်းတွေမှာ နေ့စဉ် ပြောင်းလဲနေကြောင်း သိရသည်။

#MeKongNews
#ရှမ်းအရှေ့
#PNO
#ခနောက်စိမ်း
#နေဝင်းထွန်း
#ပတ္တမြားနဂါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now