နေ့စဥ်သတင်း

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို IEC မှ နိုင်ငံတကာနှင့် ကရင်နီတွင် ထိုက်တန်သည့် အပြစ်ပေးနိုင်ရေး ဆောင်ရွက်နေ

မဲခေါင် 12 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၂ စစ်ကောင်စီ၏ နိုင်ငံတစ်ဝှမ်းတွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးတွင် အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ရန်နှင့် ကရင်နီတရားစီ ရင်ရေးယန္တရားများတွင်လည်း ထိုက်တန်သည့် အပြစ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC က ပြောသည်။ ကြားကာလ တရားစီရေးအရ အရေးယူနိုင်ရန်ကြိုးပမ်းနေသလို ပြည်လည်ထူထောင်ရေးကာလနှင့် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံ အခြခံဥပဒေအရလည်း ထိုက်တန်သည့်ပြစ်ဒဏ်များပေးနိုင်ရန်နှင့် ကျူးလွန်ခံရသူများအတွက်လည်း ပြန်လည်ကုစားပေးနိုင်မည့် အစီအစဥ်များကို ယခုကတည်းက ရေးဆွဲ ဆောင်ရွက်နေကြောင်း IEC အတွင်းရေးမှူး (၁) မ ဇူးပဒုမ္မာ က မဲခေါင်၏ မေးမြန်းမှုကို ဖြေကြားသည်။ ဇူလိုင် ၉ရက်က ထုတ်ပြန်သည့် ကရင်နီပြည်နယ်တွင် ၂၀၂၅

မဲခေါင်၊ ဇူလိုင် ၁၂

စစ်ကောင်စီ၏ နိုင်ငံတစ်ဝှမ်းတွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးတွင် အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ရန်နှင့် ကရင်နီတရားစီ ရင်ရေးယန္တရားများတွင်လည်း ထိုက်တန်သည့် အပြစ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC က ပြောသည်။

ကြားကာလ တရားစီရေးအရ အရေးယူနိုင်ရန်ကြိုးပမ်းနေသလို ပြည်လည်ထူထောင်ရေးကာလနှင့် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံ အခြခံဥပဒေအရလည်း ထိုက်တန်သည့်ပြစ်ဒဏ်များပေးနိုင်ရန်နှင့် ကျူးလွန်ခံရသူများအတွက်လည်း ပြန်လည်ကုစားပေးနိုင်မည့် အစီအစဥ်များကို ယခုကတည်းက ရေးဆွဲ ဆောင်ရွက်နေကြောင်း IEC အတွင်းရေးမှူး (၁) မ ဇူးပဒုမ္မာ က မဲခေါင်၏ မေးမြန်းမှုကို ဖြေကြားသည်။

ဇူလိုင် ၉ရက်က ထုတ်ပြန်သည့် ကရင်နီပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုထုတ်ပြန်ချက်နှင့် ပါတ်သက်ပြီး မဲခေါင်မှ မေးမြန်းသည့် အပေါ် IEC မှ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီထုတ်ပြန်ချက်မှာပါတဲ့အချက်အလက်တွေတင် မကဘူး ရှေ့မှာ ရှိခဲ့တဲ့ ဖြစ်ပွားခဲ့တဲ့ မူဆို လို လူမျိုး တုန်းသတ်ဖြတ်မှု၊ အုပ်စုလိုက် မီးရှို့သတ်ဖြတ်မှုတွေကို ကရင်နီရဲ့ တရားစီရင်ရေးအရ အမှုဖွင့် အရေးယူနိုင်ဖို့ ပြင်ဆင်ညှိနှိုင်းနေတာတွေရှိပါတယ်။ ကြားကာလတွင်သာမက အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြခံဥပဒေအပြင် အနာဂတ်မှာ တည်ထောင်မယ့် ဖက်ဒရယ်အခြေခံဥပဒေ စသဖြင့် ဒီလိုမျိုးတွေမှာ အမှုမှန်အမှန်တရား ပေါ်ပေါက်ရေး အပြစ်ရှိသူတွေကို ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုမျိုးတွေ လုပ်ဆောင်နိုင်ဖို့နဲ့ ကျူးလွန်ခံရသူတွေကို ပြန်လည်ကုစားရေး အစီအစဥ်တွေကို အခုကတည်းက တစ်ပြိုင်နက်တည်း ကရင်နီအနေနဲ့ လုပ်ဆောင်နေတာတွေ ရှိပါတယ်”ဟု IEC အတွင်းရေးမှူး (၁) က ဆိုသည်။

IEC ၏ ဇူလိုင် ၉ရက်က ထုတ်ပြန်ချက်တွင် ကရင်နီ ပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးခဲ့ပြီး ၉၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။

၎င်းအပြင် စစ်ကောင်စီ၏လက်နက်ကြီး၊ ဒရုန်း၊ မြေမြုပ်မိုင်းနှင့် အရပ်သားများကို ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၂၉ဦး သေဆုံးခဲ့ပြီး ၁၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုထားသည်။

ယင်းသို့ စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း IEC က ဆိုသည်။

စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းအရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကုန်စည် စီးဆင်းမှု လမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ အရပ်သားနေထိုင်ရာ ဒေသများကို အကြိမ်ကြိမ် စစ်ဆင်ရေးပြုလုပ်နေခြင်းသည် ကရင်နီပြည်သူများကို လူမျိုးသုဥ်းသတ်ဖြတ်မှု ဆောင်ရွက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတွက် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီက စစ်ရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းကို ရပ်တန့်နိုင်ရန်အတွက် လေယာဥ်ဆီ ရရှိမှုကိုဖြတ်တောက်ခြင်း၊ အပြစ်မဲ့အရပ်သားများအတွက် စစ်မဲ့ဇုန် သတ်မှတ်ပေးရန်နှင့် စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးရန်လည်း IEC က တောင်းဆိုထားသည်။

မဟာ
#MeKongNews
#ကရင်နီ
#IEC
#စစ်ကောင်စီ
#စစ်ရာဇဝတ်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now