ကမ္ဘာ့သတင်း

အီရန်၌ နျူကလီးယားလက်နက်ဖြစ်လုဆဲ ယူရေနီယံများစွာ ရှိနေသေးသည်ဟု အစ္စရေးဝန်ခံ

မဲခေါင် 11 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၁ ဇွန်လအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်၏ နျူကလီးယားလက်နက်ထုတ်ရန် အဆင့်ရောက်လုနီး ယူရေနီယံသတ္တုများထားရှိရာ နျူကလီးယားအဆောက်အအုံ ၃ နေရာကို အပြင်းဆုံးဗုံးများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခဲ့သော်လည်း အီရန်တွင် ယင်း weapons-grade ယူရေနီယံများစွာ မြေအောက်စခန်းများတွင် သိုလှောင်ထားရှိနိုင်သေးကြောင်း အစ္စရေး အရာရှိ တစ်ဦးက ဝန်ခံပြောဆိုသွားသည်။ ဒေါ်နယ်ထရမ့်သည် သန်းခေါင်းယံတူ အမည်ပေးထားသော စစ်ဆင်ရေးအဖြစ် GBU-57 Massive Ordnance Penetrator ဘန်ကောဖောက် ဗုံး ၁၂ လုံးကို ကိုယ်ပျောက် B-2 Spirit ဗုံးကြဲလေယာဉ်များ သုံးပြီး Fordow ယူရေနီယံအဆင့်မြှင့်တင် စက်ရုံ၊ Natanz နှင့် Isfahan

မဲခေါင်၊ ဇူလိုင် ၁၁

ဇွန်လအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်၏ နျူကလီးယားလက်နက်ထုတ်ရန် အဆင့်ရောက်လုနီး ယူရေနီယံသတ္တုများထားရှိရာ နျူကလီးယားအဆောက်အအုံ ၃ နေရာကို အပြင်းဆုံးဗုံးများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခဲ့သော်လည်း အီရန်တွင် ယင်း weapons-grade ယူရေနီယံများစွာ မြေအောက်စခန်းများတွင် သိုလှောင်ထားရှိနိုင်သေးကြောင်း အစ္စရေး အရာရှိ တစ်ဦးက ဝန်ခံပြောဆိုသွားသည်။

ဒေါ်နယ်ထရမ့်သည် သန်းခေါင်းယံတူ အမည်ပေးထားသော စစ်ဆင်ရေးအဖြစ် GBU-57 Massive Ordnance Penetrator ဘန်ကောဖောက် ဗုံး ၁၂ လုံးကို ကိုယ်ပျောက် B-2 Spirit ဗုံးကြဲလေယာဉ်များ သုံးပြီး Fordow ယူရေနီယံအဆင့်မြှင့်တင် စက်ရုံ၊ Natanz နှင့် Isfahan နျူကလီးယားအဆောက် အအုံးများပေါ်သို့ ကြဲချခဲ့ပြီးနောက် အီရန်ဘက်မှ ပျက်ဆီးဆုံးရှုံးမှုကြီးမားခဲ့သည်ဟု ဝန်ခံခဲ့သည်။

သို့သော် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုကပင် ပင်မ Fordow ယူရေနီယံအဆင့်မြှင့်တင် မြေအောက်အဆောက်အအုံကြီးမှ ယူရေနီယံများသည် ဗုံးကြဲမခံရမီရက်များအတွင်း ကုန်တင်ကား များဖြင့် သယ်ထုတ်နေသည့် ဂြိုဟ်တုဓာတ်ပုံများအရ နေရာပြောင်းသွားခဲ့သဖြင့် နျူကလီးယား ဗုံး ထုတ်နိုင်လုနီးသော ယူရေနီယံကြွယ်၀မှု များစွာ အီရန်တွင် ရှိနေဆဲဟု နယူးယောက်တိုင်းမ်သို့ ပြော သွားခဲ့သည်။

သို့သော် ဒေါ်နယ်ထရမ့်က အလွန်လေးလံသည့် ပစ္စည်းများအား ထိုသို့ ကုန်ကားများနှင့်ရက်ပိုင်းအတွင်း ရွှေ့နိုင်စရာမရှိသောကြောင့် အီရန် နျူကလီးယားထုတ် ယူရေနီယံများ အလုံးစုံ ပျက်စီးခဲ့သည်ဟုသာ ထုတ်ပြန်ခဲ့သည်။

ယခု နယူးယောက်တိုင်းမ်သို့ပင် အမည်မဖော်သော အစ္စရေးအစိုးရပိုင်း တာဝန်ရှိသူ တစ်ဦးက အီရန်၌ နျူကလီးယားကြွယ်၀မှုအဆင့် ၆၀ ရာခိုင်နှုန်း သန့်စင်ထားသော ယူရေနီယံများ များစွာရှိနေသေးကြောင်း၊ ၉၀ ရာခိုင်နှုန်း သန့်စင်ပြီးလျှင် weapons-grade အဆင့်ရောက်ပြီဖြစ်သော ကြောင့် နျူကလီးယားဗုံး ၉ လုံး ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ အစ္စရေးထောက်လှမ်း ရေးမှ အီရန်တို့ ထိုနျူကလီးယားလက်နက်အဆင့် ယူရေနီယံသန့်စင်မှု လုပ်နိုင်လုနီးပါး အခြေအနေ ရှိမရှိကို သိရှိမည်ဖြစ်သောကြောင့် နီးစပ်လာလျှင် ထပ်မံ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးသွားဦးမည်ဟု ပြောကြားသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#နျူကလီးယား
#အစ္စရေး
#ဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now