နေ့စဥ်သတင်း

ဘုန်းကြီးများစွာနှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်၊ ငွေညှစ်ခဲ့သူ ဒကာမကို လူထွက်ပြီး လက်ထပ်ရန်ပင် စိတ်ကူးခဲ့သေးကြောင်း ကျောင်းထိုင်ဟောင်း ဖွင့်ဟ

မဲခေါင် 11 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၁ လူဝတ်လဲခဲ့ရသော ထိုင်းနာမည်ကြီး ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဟောင်းတစ်ဦးက ထိုင်းနိုင်ငံအနှံ့ ဘုန်းကြီးများစွာနှင့် လိင်မှုဇာတ်လမ်းရှုပ်၊ ငွေညှစ်ခဲ့သည့် အမျိုးသမီးကို အကြောင်းမသိသေးမီ လူထွက်ကာ လက်ထပ်ရန်ပင် စိတ်ကူးခဲ့ဖူးကြောင်း ဖွင့်ဟသွားခဲ့သည်။ ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများအကြား ထိတ်လန့်တကြားဖြစ်နေရသော သက်လတ်ပိုင်းအရွယ် မစ္စ ဂေါ့ဖ် ဆိုသည့် အမျိုးသမီးကို ဇူလိုင် ၄ ရက်နေ့က ဘန်ကောက်ရှိ နေအိမ်တွင် အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဆီကာဂေါ့ဖ်ဟုလည်း လူသိများသော ယင်းအမျိုးသမီး၏ ဖုန်း ၅ လုံးအတွင်း ထိုင်းနိုင်ငံတစ်ဝန်း ခရိုင်အနှံ့အပြားမှ နာမည်ကြီးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်နှင့် နာမည်ကြီးစီနီယာဘုန်းကြီး အနည်းဆုံး ၁၅ ဦးမှ အများဆုံး

မဲခေါင်၊ ဇူလိုင် ၁၁

လူဝတ်လဲခဲ့ရသော ထိုင်းနာမည်ကြီး ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဟောင်းတစ်ဦးက ထိုင်းနိုင်ငံအနှံ့ ဘုန်းကြီးများစွာနှင့် လိင်မှုဇာတ်လမ်းရှုပ်၊ ငွေညှစ်ခဲ့သည့် အမျိုးသမီးကို အကြောင်းမသိသေးမီ လူထွက်ကာ လက်ထပ်ရန်ပင် စိတ်ကူးခဲ့ဖူးကြောင်း ဖွင့်ဟသွားခဲ့သည်။

ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများအကြား ထိတ်လန့်တကြားဖြစ်နေရသော သက်လတ်ပိုင်းအရွယ် မစ္စ ဂေါ့ဖ် ဆိုသည့် အမျိုးသမီးကို ဇူလိုင် ၄ ရက်နေ့က ဘန်ကောက်ရှိ နေအိမ်တွင် အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆီကာဂေါ့ဖ်ဟုလည်း လူသိများသော ယင်းအမျိုးသမီး၏ ဖုန်း ၅ လုံးအတွင်း ထိုင်းနိုင်ငံတစ်ဝန်း ခရိုင်အနှံ့အပြားမှ နာမည်ကြီးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်နှင့် နာမည်ကြီးစီနီယာဘုန်းကြီး အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၂၀ ကြားနှင့် လိင်ပိုင်းဆိုင်ရာ ဖောက်ပြားထားသော ဗီဒီယိုနှင့် ဓာတ်ပုံ ၈၀၀၀၀ ကျော်ကို တွေ့ရှိခဲ့ရသဖြင့် အပူတပြင်း ယင်းဘုန်းကြီးများကို ရှာဖွေကာ သာသနာသန့်ရှင်းခြင်းအဖြစ် လူဝတ်များ လဲခိုင်းနေရသည်။

မစ္စဂေါ့ဖ်တွင် စီနီယာဘုန်းကြီးများနှင့်ရသည့် ၁၀ နှစ်၊ ၁၃ နှစ်နှင့် ၆ နှစ် ရင်သွေး ၃ ဦး ပင် ရှိနေကာ ဘာသာတရားကိုင်းရှိုင်းလှူဒါန်းထားသည့် ဘုန်းကြီးကျောင်း ရန်ပုံငွေများသည်လည်း ၎င်းထံသို့ ငွေညှစ် ခြိမ်းခြောက်ရယူခြင်းဖြင့် ရောက်ရှိကုန်သည်ဟု ကနဦး စုံစမ်းမှုများအရ သိရှိရသည်။

ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင်ရှိ ဝပ်ဖရာပက်သာချိုင် ဘုန်းကြီးကျောင်းထိုင်ဟောင်း Thep Wachirathiraporn က ၂၀၁၉ ခုနှစ်တွင် မစ္စဂေါ့ဖ်နှင့် ဖေ့စ်ဘုတ်မှ စတင်သိရှိခဲ့ကာ မိမိအသုံးပြုရန် Toyota Alphard ကားတစ်စီး ဦးစွာ လှူဒါန်းခဲ့ကြောင်း၊ ပတ်သက်မှု နှစ်ပေါင်းများစွာ ကြာလာချိန်တွင် လူထွက်ပြီး လက်ထပ်ရန်ပင် စိတ်ကူးပြီးမှ အခြားသော ဘုန်းကြီးများစွာနှင့်လည်း မိမိနှင့်ပတ်သက်သကဲ့သို့ရှိနေသလို ပုံနှင့် ဗီဒီယိုများပြသကာ ငွေညှစ်မှုများခံရသည်ကို သိရှိရသောကြောင့် လူထွက်ပြီးမှ ဖော်ထုတ်တိုင်ကြားရန် စဉ်းစားနေချိန် ယခု အမှုပေါ်ပေါက်ပြီး လူဝတ်လဲခဲ့ရကြောင်း၊ ယခုထိ လူဝတ်လဲခဲ့သည့် ဘုန်းကြီး ၈ ပါးရှိနေပြီဖြစ်သော်လည်း အကြပ်ကိုင်ငွေညှစ်ခံရသည့် နိုင်ငံတစ်ဝန်း ဘုန်းကြီးများ မရှက်မကြောက် ရှေ့ထွက် တိုင်းကြားသင့်ပါကြောင်း ဖွင့်ဟသွားခဲ့သည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ဘုန်းကြီးကျောင်း
#ငွေညှစ်
#ကျောင်းထိုင်ဘုန်းကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now