နေ့စဥ်သတင်း

ဖယ်ခုံအရှေ့ဘက်ခြမ်းသို့ စစ်ကောင်စီစစ်ကြောင်းများ ထပ်မံထိုးလာ

မဲခေါင် 11 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၁ တိုက်ပွဲပြင်းထန်နေသည့် ရှမ်း-ကရင်နီနယ်စပ်တွင် စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်များသည် ဖယ်ခုံအရှေ့ဘက်ကမ်းသို့ စစ်ကြောင်း ထပ်မံထိုးလာနေကြောင်း အင်းလေး IPDF တပ်ရင်းမှ ဇူလိုင်လ ၁၁ ရက်တွင် သိရသည်။ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ရေပူ၊ စန့်စွဲ၊ စန့်လိတ်၊ လွယ်လုံ ကျေးရွာများအပြင် ဆောင်ကန်းဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာနေသဖြင့် ရွာသားများ ထပ်မံထွက်ပြေးနေ ကြရကြောင်း အင်းလေး ၁၀၀၉ IPDF တပ်ရေးတာဝန်ခံ ကိုရဲသွေးက မဲခေါင်သို့ ပြောသည်။ “ညောင်ရွှေဘက်ထိုးလာတဲ့စစ်ကြောင်းက ဆောင်းနန်းခဲမှာ ခံနေဆဲပဲ။ တောင်ဘက်ကတော့ ဆောင်ကန်းလမ်းခွဲထိ စစ်ကြောင်းရောက်နေပြီ” ဟု ၎င်းကပြောသည်။ အင်အားအလုံးအရင်းဖြင့် ကုန်းသာဖက်မှ ဆောင်ကန်းလမ်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည့်

မဲခေါင်၊ ဇူလိုင် ၁၁

တိုက်ပွဲပြင်းထန်နေသည့် ရှမ်း-ကရင်နီနယ်စပ်တွင် စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်များသည် ဖယ်ခုံအရှေ့ဘက်ကမ်းသို့ စစ်ကြောင်း ထပ်မံထိုးလာနေကြောင်း အင်းလေး IPDF တပ်ရင်းမှ ဇူလိုင်လ ၁၁ ရက်တွင် သိရသည်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ရေပူ၊ စန့်စွဲ၊ စန့်လိတ်၊ လွယ်လုံ ကျေးရွာများအပြင် ဆောင်ကန်းဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာနေသဖြင့် ရွာသားများ ထပ်မံထွက်ပြေးနေ ကြရကြောင်း အင်းလေး ၁၀၀၉ IPDF တပ်ရေးတာဝန်ခံ ကိုရဲသွေးက မဲခေါင်သို့ ပြောသည်။

“ညောင်ရွှေဘက်ထိုးလာတဲ့စစ်ကြောင်းက ဆောင်းနန်းခဲမှာ ခံနေဆဲပဲ။ တောင်ဘက်ကတော့ ဆောင်ကန်းလမ်းခွဲထိ စစ်ကြောင်းရောက်နေပြီ” ဟု ၎င်းကပြောသည်။

အင်အားအလုံးအရင်းဖြင့် ကုန်းသာဖက်မှ ဆောင်ကန်းလမ်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် လယ်ထွန်ရွာအရှေ့ဖက် ကန်းကျိုင်းရွာတွင် ရောက်ရှိနေသည်ဟု သိရသည်။

ကျေးရွာများမှ ရွာသားများထွက်ပြေးနိုင်ရန် ကားများဖြင့် ကူညီသယ်ဆောင်ပေးနေသော်လည်း စက်သုံးဆီ လိုအပ်ချက်ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

“ဓာတ်ဆီ တစ်ဂါလံ ကျပ်သုံးသောင်း၊ ဒါတောင်ဝယ်လို့မရချင်ဘူး။ ဂိတ်တွေမှာ ဆီတွေသယ်ခွင့်မရတော့ ဆီပြတ်နေတယ်။ စစ်ရှောင်က မရှိဘူးဆိုရင် ထောင်ချီနေတာ၊ ရသမျှနဲ့ ရှောင်နေကြရတယ်” ဟု ၎င်းကမဲခေါင်ကို ပြောသည်။

စစ်တပ်သည် မိုးဗြဲကို ပြန်ရပြီးနောက် ဖယ်ခုံဘက်ကို ရှင်းလင်းရန် လုပ်ဆောင်လာခြင်းဖြစ်သဖြင့် တိုက်ပွဲများ အပြင်းအထန် ပြန်လည်ဖြစ်ပွားလာမည်ဖြစ်သည့်အတွက် ဖယ်ခုံအရှေ့ဖက်ကမ်းမှ ရှောင်သင့်သည့်ရွာများ ရှောင်ကြရန် တော်လှန်ရေးအဖွဲ့များက တိုက်တွန်းလျက်ရှိသည်။

အထူးသဖြင့် ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း လဟယ်-ထီရိ-ဆောင်းနန်းခဲ-လွယ်ပေါ-နန်းပေါလုံရွာ တစ်လျှောက်လမ်းရွာများသို့ အထူးသတိပြုကြရန် သတိပေးထားသည်။

စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်သည် ၎င်းတို့စစ်ကြောင်းထိုး တိုက်ခိုက်ဝင်ရောက်သည့် မြို့ရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိရာ ဇူလိုင် ၁ ရက်က ပြန်လည်ဝင်ရောက်သည့် မိုးဗြဲမြို့ကို တစ်ပတ်အတွင်း ပြည့်သူနေအိမ်အလုံး ၉၀ ကျော် မီးရှို့ခဲ့ကြောင်း သိရသည်။

အလားတူ လက်ရှိ ၎င်းတို့ တပ်စွဲထားသည့် ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာမှ အိမ်ခြေ ၇၀ ကျော် ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းများကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အင်းလေး IPDF နှင့် KNDF တော်လှန်ရေးတပ်များက အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

မဟာ
#MeKongNews
#ဖယ်ခုံမြို့နယ်
#စစ်ကြောင်းထိုး
#PNO
#စစ်ဘေးရှောင်
#စက်သုံးဆီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now