မဲခေါင်၊ ဇူလိုင် ၁၁
ဇူလိုင် ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ယူကရိန်းမြို့တော် ကိဗ်ရှိ ဟိုလိုဆစ်စကီယီခရိုင် လမ်းပေါ်၌ ရုရှားအလွန်အထိနာစေခဲ့သော Spiderweb စစ်ဆင်ရေးညွှန်ကြားသူ ယူကရိန်း အထူး စစ်ထောက်လှမ်းရေး SBU မှ အကြီးအကဲ ဗိုလ်မှူးကြီး အီဗန်ဗိုရိုနစ်ရှ်ကို လမ်းပေါ်၌ပင် ဂျိမ်းစ်ဘွန်း ရုပ်ရှင်စတိုင် အသံတိတ် ပစ္စတိုဖြင့် ပစ်ခတ်ရှင်းလင်းမှု ဖြစ်ပွားခဲ့သည်။
ဗိုရိုနစ်ရှ်သည် နေအိမ်တိုက်ခန်းမှ စျေးဝယ်အိတ်ဖြင့်အထွက် မျက်နှာဖုံးစွပ်ထားသော လူတစ်ဦးမှ အနီး ကပ်ရောက်လာကာ အသံတိတ်ပစ္စတိုဖြင့် အနီးကပ် ၅ ချက်ပစ်ပြီး ထွက်ပြေးသွားခဲ့သည်ကို ရုပ်သံမှတ် တမ်းများတွင် မြင်တွေ့ရသည်။
အသက် ၅၀ ရှိပြီဖြစ်သော ဗိုရိုနစ်ရှ်သည် တပ်မ (၁)၊ အမှတ် (၁၆) အထူးစစ်ဆင်ရေး စင်တာညွှန်ကြားရေးမှူးရုံးမှ စီနီယာအကြီးအကဲ တစ်ဦးဖြစ်ကာ ရုရှားကို အထိအနာ ဆုံးဖြစ်စေခဲ့သည့် Spiderweb စစ်ဆင်ရေးတွင် အဓိက ညွှန်ကြားစီစဉ်ခဲ့သူဖြစ်သောကြောင့် ပူတင်မှ ဒေါသထွက်ပြီး လုပ်ကြံရှင်းလင်းခိုင်းခြင်းဖြစ်ကြောင်း ရုရှား ဝါဒဖြန့် မီဒီယာများက ဂုဏ်ယူစွာ ရေးသားဖော်ပြနေကြသည်။
ဗိုရိုနစ်ရှ်သည် ၂၀၂၂ ခုနှစ်မှစတင်ပြီး ရုရှား၏ ကျူးကျော်မှုခံရပြီးနောက် ရုရှားပိုင်နက်များထဲအထိ ဝင်ရောက်တိုက်ခိုက်သည့် အထူးစစ်ဆင်ရေးများကို စီမံကိန်းချမှတ်ကာ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ သူ ဖြစ်ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုများထဲတွင် ရုရှား၏ ပင်လယ်နက်အတွင်းမှ စစ်ရေယာဉ် စုများကို တိုက်ခိုက်နှစ်မြှုပ်နိုင်ခြင်း၊ ဆီဗက်စတိုပို ဆိပ်ကမ်းကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ခြင်း၊ ဇွန်လက အအောင်မြင်ဆုံး စစ်ဆင်ရေး Spiderweb တိုက်ခိုက်မှု၌ ပေါင် ၅ ဒသမ ၂ ဘီလီယံတန်ကြေးရှိ ရုရှား၏ မဟာဗျူဟာ နျူကလီးယားဗုံးကြဲလေယာဉ်များကို ရုရှားနိုင်ငံတွင်းအထိ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ ခြင်းများကြောင့် ပူတင်က ဒေါသအလွန်ထွက်ပြီး ရှင်းလင်းသုတ်သင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ရုရှားလော်ဘီများက ရေးသားဖော်ပြနေကြခြင်းဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#SpiderWeb
#လုပ်ကြံ








