မဲခေါင်၊ ဇူလိုင် ၁၀
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ကားသမားကို ဓါးပြတိုက်သည့် ဓားပြများကို ဖမ်းဆီးရမိထားကြောင်း ဒေသခံများ၏ ကနဦး ပေးပို့သည့် ရုပ်သံအရ သိရသည်။
ယနေ့ ဇူလိုင်၁၀ရက်နေ့တွင် ရရှိသည့် ရုပ်သံဖိုင်အရ ဓားပြ ၂ ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများဖြင့် ဆေးရုံပေါ်တွင် တွေ့ရပြီး ဒဏ်ရာမရပဲ ဖမ်းဆီးရမိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းတို့မှာ သီပေါမှ ဖြစ်ကြောင်း သိရှိရသည်။
ရုပ်သံပါ စကားများအရ MNDAA ရဲတပ်ဖွဲ့မှ ဒဏ်ရာရနေသည့် ဓားပြများ အပါအဝင် လူ ၅ဦးနှင့် ဓါးပြအတိုက်ခံရသည့် ကားသမားတစ်ဦးကို ဓားပြများ ဟုတ်မဟုတ် စစ်ဆေး အတည်ပြုခိုင်းနေကြောင်း တွေ့ရသည်။
“လောလောဆယ်တော့ အဲဓားပြတွေကို ပစ်ခတ် ဖမ်းဆီးရတယ်လို့ပဲ သိရတယ်။ ၂ယောက်က ဒဏ်ရာပြင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ရုပ်သံဖိုင်ပါ အချက်အလက်များအရ အသေးစိတ်ရရှိနိုင်ရန် ဆက်လက်မေးမြန်းနေဆဲဖြစ်ပြီး MNDAA ကမူ ယင်းကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ တစုံတရာထုတ်ပြန်ချက် မရှိသေးပေ။
မဟာ
#MeKongNews
#ကိုးကန့်ရဲ
#သိန္နီ
#ဓားပြတိုက်
#ဓားပြ
#ဖမ်းမိ








