ကမ္ဘာ့သတင်း

ရာထူးမှထုတ်ပယ်ပြီး နာရီပိုင်းအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ရုရှားပို့ဆောင်ရေးဝန်ကြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဟု ဆိုပြန်

မဲခေါင် 10 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၀ ယူကရိန်းဘက်မှ ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခြင်းပင် ခံခဲ့ရသေးသော ရုရှား ကက်ရှ်ဒေသ မြို့စားလည်းဖြစ်၊ ရုရှားပို့ဆောင်ရေးဝန်ကြီးလည်းဖြစ်သူ ရိုမန်စတာရိုဗွိုက် (၅၃ နှစ်) သည် ၎င်းပိုင်ဒေသ၌ လေကြောင်းလုပ်ငန်းများအပေါ် ယူကရိန်းမှ အနှောင့်အယှက်ပေးနေခြင်းအား မတားဆီးနိုင်ဟု ဆိုကာ ရုရှားသမ္မတ ပူတင်က ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် နာရီပိုင်းအကြာမှာပင် ဦးခေါင်းတွင်း သေနတ်ကျည်များထိမှန်ကာ ၎င်း၏ ကားအတွင်း သေဆုံးလျှက်တွေ့ရှိခဲ့ရသည်။ Tesla ကားအတွင်း ရုရှားပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည့် ပစ္စတိုဖြင့်ပင် စတာရိုဗွိုက်သည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားအာဏာပိုင်များက အမြန်ဆုံး ကောက်ချက်ချ ထုတ်ပြန်ခဲ့သည်။ ၎င်း၏ ချစ်သူ ၂၅ နှစ်အရွယ် ပိုလီနာကော်နီးဗားကို အခင်းဖြစ်ပွားရာသို့ ဇူလိုင် ၇

မဲခေါင်၊ ဇူလိုင် ၁၀

ယူကရိန်းဘက်မှ ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခြင်းပင် ခံခဲ့ရသေးသော ရုရှား ကက်ရှ်ဒေသ မြို့စားလည်းဖြစ်၊ ရုရှားပို့ဆောင်ရေးဝန်ကြီးလည်းဖြစ်သူ ရိုမန်စတာရိုဗွိုက် (၅၃ နှစ်) သည် ၎င်းပိုင်ဒေသ၌ လေကြောင်းလုပ်ငန်းများအပေါ် ယူကရိန်းမှ အနှောင့်အယှက်ပေးနေခြင်းအား မတားဆီးနိုင်ဟု ဆိုကာ ရုရှားသမ္မတ ပူတင်က ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် နာရီပိုင်းအကြာမှာပင် ဦးခေါင်းတွင်း သေနတ်ကျည်များထိမှန်ကာ ၎င်း၏ ကားအတွင်း သေဆုံးလျှက်တွေ့ရှိခဲ့ရသည်။

Tesla ကားအတွင်း ရုရှားပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည့် ပစ္စတိုဖြင့်ပင် စတာရိုဗွိုက်သည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားအာဏာပိုင်များက အမြန်ဆုံး ကောက်ချက်ချ ထုတ်ပြန်ခဲ့သည်။

၎င်း၏ ချစ်သူ ၂၅ နှစ်အရွယ် ပိုလီနာကော်နီးဗားကို အခင်းဖြစ်ပွားရာသို့ ဇူလိုင် ၇ ရက်တွင် ခေါ်ယူကာ သေဆုံးသူ အစစ်အမှန်မည်သူဆိုသည်ကို သက်သေတည်ခဲ့သော်လည်း ပိုလီနာသည် ချစ်သူ ဈာပနသို့ တက်ရောက်ခွင့်ပိတ်ပင်ခံရနိုင်သည်ဟု ဖခင် အက်ဒွပ်ဆိုသူက ထုတ်ဖော်ပြောဆိုခဲ့သည်။

စတာရိုဗွိုက်သေဆုံးမှုသည် လတ်တလော စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကာ အဖြစ်နိုင်ဆုံး အရာမှာ ကိုယ်ကိုယ်ကိုယ် သတ်သေခြင်းသာဖြစ်သည်ဟု ရုရှားစုံစမ်းထောက်လှမ်းရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆဗတ်လာနာပက်ထရန်ကိုက ထုတ်ပြန်သော်လည်း ရုရှားနိုင်ငံရေး သိပ္ပံအင်စတီကျုမှ ဒါရိုက်တာ ဆာဂျီမားကော့ဗ်က ပူတင်ရာထူးမှ ထုတ်ပယ်ပြီး နာရီပိုင်းအကြာမှာပင် သေဆုံးခြင်းမှာ လူသတ်ခံရခြင်းသာ ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့သည်။

ယူကရိန်းကို ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ရုရှား ထိပ်တန်း ရေနံလုပ်ငန်းရှင်များ၊ အစိုးရပိုင်း၊ စစ်ဘက်ဆိုင်ရာပိုင်း အကြီးအကဲများ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှုများ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့မှုများတွင်လည်း နားလည်ရခက်သည့် ထူးခြားသေဆုံးမှုများဖြစ်နေသဖြင့် အသတ်ခံ ရခြင်းဖြစ်နိုင်သည်ဟု ဆာဂျီမားကော့ဗ်က ဆိုသည်။

စတာရိုဗွိုက်သည် ၂၀၂၁ ခုနှစ်က သားသမီး ၂ ယောက်ထွန်းကားခဲ့ရာ ဇနီးဟောင်းဖြင့် ကွာရှင်းခဲ့ပြီး ၂၅ နှစ်သာရှိသေးသော ပိုလီနာနှင့် လက်တွဲခဲ့သည့်မှာ ကြာခဲ့ပြီဖြစ်ကာ မင်္ဂလာပင်ဆောင်တော့မည်ဟု သိရှိ ရသည်။

ပိုလီနာ၏ဖခင် အပ်ဒွပ်ဆိုသူက စတာရိုဗွိုက်သေဆုံးပြီးနောက် သမီးဖြစ်သူနှင့် အဆက် အသွယ်ရကာ မည်မျှ ခံစားနေရသည်ကို သိရှိသလို သမီးဖြစ်သူက သေဆုံးမှုနှင့်ပတ်သက်ပြီး မည်သည့် အကြောင်းတရား တစ်စုံတစ်ရာကိုမှ ပြောလိုခြင်းမရှိ၊ ပြောလည်း မပြောခဲ့ကြောင်း၊ ချစ်သူ ဈာပနကိုပင် တက်ခွင့်ပိတ်ပင်ခံရနိုင်ဖွယ်ရှိကာ သမီးဖြစ်သူ ကိုယ်ရေးကိုယ်တာအကြောင်းလည်း မိမိတို့ မမေးမြန်းခဲ့ဟု မီဒီယာသို့ ပြောကြားသွားခဲ့သည်။

စတာရိုဗွိုက် ရာထူးမှထုတ်ပယ်ခံရမှုမှာ အကျင့်ပျက်လာဘ်စားမှုပြဿနာနှင့်ပတ်သက်သည်ဟု အတည်မပြုနိုင်သော သတင်းများထွက်ခဲ့သေးပြီး ဇူလိုင် ၅ ရက်က သမီးဖြစ်သူ၏ ပြိုင်ပွဲတစ်ရပ် ဝင်ရောက်ယှဉ်ပြိုင်မှုသို့ ရောက်လာခဲ့ကာ တစ်နာရီပင်မပြည့်ဘဲ သမီးကိုပွေ့ဖက်နှုတ်ဆက်ပြန်သွား ပြီးနောက် မိသားစုနှင့် ထပ်မံအဆက်အသွယ်မရတော့ဘဲ သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ပို့ဆောင်ရေးဝန်ကြီး
#သေဆုံး
#ယူကရိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now