မဲခေါင်၊ ဇူလိုင် ၉
ပေထောင်တန် ထိုင်းဝန်ကြီးချုပ်တာဝန်မှ ယာယီရပ်ဆိုင်းခံရပြီးနောက် ဇူလိုင် ၉ ရက်တွင် ထိုင်းလွှတ်တော်ဆင့်ခေါ်ကာ ပေထောင်တန်အဆိုပြုထားသော အငြင်းပွားဖွယ်ကာစီနိုဖျော်ဖြေ ရေး လုပ်ငန်းထူထောင်မှု မူကြမ်းအား မဲပေးပြီး ဖျက်သိမ်းခဲ့သည်။
ထိုင်းနိုင်ငံတွင် အစိုးရထီ၊ အစိုးရကျင်းပသည့် မြင်းပွဲနှင့် အခြားသော အားကစားပွဲတချို့မှ လွဲပြီး မည်သည့် လောင်းကစားမှုကိုမှ တရားဝင် လောင်းကစားခွင့်ပိတ်ထားသော်လည်း ပေထောင်တန်က ကာစီနိုနှင့်ဖျော်ဖြေရေးလုပ်ငန်းများကို တရားဝင်ဖွင့်လှစ်လျှင် ပြည်ပခရီးသွားများစွာ လာရောက်ပြီး နိုင်ငံစီးပွားရေးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကာ ဇန်ဝါရီလတွင် ကာစီနိုဥပဒေမူကြမ်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
သို့သော် အတိုက်အခံပါတီများ၊ ပြည်သူများက လောင်းကစားကြောင့် ပိုမိုပျက်စီးစေနိုင်သည်ဟုဆိုကာ ဆန္ဒပြမှုများ မကြာခဏ လုပ်ဆောင်နေကြသဖြင့် ပြည်သူအား အကျိုးတရားမည်သို့ ရှိမည်ကို သဘော ပေါက်ရှင်းလင်းနိုင်ခြင်းမရှိဟုဆိုကာ လွတ်တော်တွင် မဲပေးရာ ဖျက်သိမ်းသင့်ကြောင်း ထောက်ခံမဲ ၂၅၃ မဲ၊ ကန့်ကွက်မဲ ၆၅ မဲဖြင့် ဥပဒေမူကြမ်းကို ဖျက်သိမ်းလိုက်နိုင်သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူက ထုတ်ပြန်ပြောကြား ခဲ့သည်။
ကိုကလင်း
Ref: asia.nikkei
#MeKongNews
#ထိုင်းနိုင်ငံ
#ကာစီနို
#ထိုင်းလွှတ်တော်
#လောင်းကစား








