နေ့စဥ်သတင်း

လောက်ကိုင်တွင် ရေကြီးပြီး အိမ်ထောင်စုအများအပြား ရွှေ့ပြောင်းရ

မဲခေါင် 7 Jul - 2025
မဲခေါင်၊ ဇူလိုင် ၇ MNDAA ထိန်းချုပ်လောက်ကိုင်တွင် မိုးသည်းထန်စွာရွာသွန်ခြင်းကြောင့် ရေဘေးသင့်ပြီး ကျင်းရှန်ချိန်မြို့နယ်ရှိ အိမ်ထောင်စုများကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရသည် ဟုကိုးကန့်သတင်းကွန်ရက်က ယနေ့ ဇူလိုင်၇ ရက်တွင် ဖော်ပြလာသည်။ လောက်ကိုင်တွင် ဆက်တိုက်ရွာသွန်းနေသော မိုးကြောင့် မြို့နယ်အတွင်းရှိ နေရာများစွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် မြေနိမ့်ပိုင်းဒေသဖြစ်သည့် ကျင်းရှမ်းချိန်(Jin Xiang Cheng) မြို့နယ်တွင် ရေဘေးအခြေအနေ ပြင်းထန်စွာ ကြုံတွေ့နေရခြင်းဖြစ်သည်။ ကျင်းရှမ်းချိန်(Jin Xiang Cheng)မြို့နယ်၊ ရပ်ကွက် ၃၊ အုပ်စု ၅သည် မြေနိမ့်ပိုင်းဒေသဖြစ်သောကြောင့် မိုးရေများ လျှင်မြန်စွာပြည့်လျှံလာကာ အိမ်ထောင်စုများစွာ ရေဝင်ခဲ့ပြီး အရေးပေါ်အခြေအနေဖြစ်ပွားခဲ့ရကြောင်း၊ အလားတူ (125)နယ်စပ်၊ဟိုင်းဟို၊ ဆီအော၊ ရန်လုံကျိုင်း၊ ဟိုဖျင်မြို့နယ်အပါအဝင် နေရာအနှံ့အပြားတွင်

မဲခေါင်၊ ဇူလိုင် ၇

MNDAA ထိန်းချုပ်လောက်ကိုင်တွင် မိုးသည်းထန်စွာရွာသွန်ခြင်းကြောင့် ရေဘေးသင့်ပြီး ကျင်းရှန်ချိန်မြို့နယ်ရှိ အိမ်ထောင်စုများကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရသည် ဟုကိုးကန့်သတင်းကွန်ရက်က ယနေ့ ဇူလိုင်၇ ရက်တွင် ဖော်ပြလာသည်။

လောက်ကိုင်တွင် ဆက်တိုက်ရွာသွန်းနေသော မိုးကြောင့် မြို့နယ်အတွင်းရှိ နေရာများစွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် မြေနိမ့်ပိုင်းဒေသဖြစ်သည့် ကျင်းရှမ်းချိန်(Jin Xiang Cheng) မြို့နယ်တွင် ရေဘေးအခြေအနေ ပြင်းထန်စွာ ကြုံတွေ့နေရခြင်းဖြစ်သည်။

ကျင်းရှမ်းချိန်(Jin Xiang Cheng)မြို့နယ်၊ ရပ်ကွက် ၃၊ အုပ်စု ၅သည် မြေနိမ့်ပိုင်းဒေသဖြစ်သောကြောင့် မိုးရေများ လျှင်မြန်စွာပြည့်လျှံလာကာ အိမ်ထောင်စုများစွာ ရေဝင်ခဲ့ပြီး အရေးပေါ်အခြေအနေဖြစ်ပွားခဲ့ရကြောင်း၊ အလားတူ (125)နယ်စပ်၊ဟိုင်းဟို၊ ဆီအော၊ ရန်လုံကျိုင်း၊ ဟိုဖျင်မြို့နယ်အပါအဝင် နေရာအနှံ့အပြားတွင် ရေဘေးသင့်မှုများ ဖြစ်ပွားကာ ဒေသခံ ပြည်သူများကို များစွာထိခိုက်စေခဲ့ကြောင်း ကိုးကန့်သတင်းကွန်ယက်က ထုတ်ပြန်သည်။

“ဆီအောမှာတော့ ရေလှောင်ကန်ပြိုလို့ ၃ယောက်သေတယ်။ ကျန်နေရာတွေတော့ လူသေတာမကြားဘူး။ အိမ်တွေတော့ ရေဝင်တာ တော်တော်များတယ်။ ၂ထိပ်ဆို အောက်ထပ်အကုန့်မြုပ်တယ်။ ရေစီးကြမ်းတယ်”ဟု လားရှိူးရောက် လောက်ကိုင်ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက မုံးကိုးခရိုင် မုံးပေါ်မြို့နယ်၊ ပန်ဆိုင်းမြို့နယ် လိုင်းယင်းကျေးရွာ၌ ပြင်းထန်သည့် ရေကြီးမှုဘေးနှင့် ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။

ယခုရေကြီးမှုဘေးကြောင့် လိုင်းယင်းကျေးရွာတွင် အိမ်ထောင်စု၄၆ စု ရေဘေးသင့်ခဲ့ပြီး မြေစိုက်အိမ်တစ်လုံး ပြိုကျခဲ့ကာ ဒေသခံစပါးကုန်သည်တစ်ဦး၏ စပါး ၈၃၀ အိတ်၊ ခန့်မှန်းတန်ချိန် ၄၁ တန် သိုလှောင်ထားသော ဂိုဒေါင်မှာ ရေများနစ်မြုပ်ခဲ့သော်လည်း ကယ်ဆယ်ရေးအဖွဲ့၏ ကြိုးပမ်းမှုဖြင့် စပါးအိတ်၄၁၅ အိတ်ကို ထုတ်ယူပေးနိုင်ခဲ့သည့်အပြင် ပြည်သူများအား အမြန်ဆုံးရွှေ့ပြောင်းနိုင်ခဲ့သည့်အတွက် ဤဘေးအန္တရာယ်တွင် လူအသက်ဆုံးရှုံးမှု မရှိခဲ့ဟုဆိုသည်။

မဟာ
#MeKongNews
#လောက်ကိုင်
#ရေကြီး
#မိုးသည်းထန်
#ကျင်းရှန်ချိန်မြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now