မဲခေါင်၊ ဇူလိုင် ၄
မြန်မာ-ထိုင်းနယ်နမိတ်ချောင်းဖြစ်သည့် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၂လက်မ ကျော်လွန်နေကြောင်း မိုး/ဇလက ယနေ့နံနက် ၉နာရီတွင် အသိပေးထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ မနတ် ၉ နာရီ ထုတ်ပြန်ချက်အရ စိုးရိမ်ရေမှတ်အထက်သို့ ၂လက်မ ကျော်လွန်နေပြီး လာမည့် ၂၄နာရီအတွင် စိုးရိမ်ရေမှတ်အထက်သို့ ၂ပေခန့် ကျော်လွန်နိုင်ကြောင်း၊ ထိုကြောင့် တာချီလိတ်မြို့နယ် အတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနှိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန် နှင့် မြစ်ရေ မြင့်တက်လာပါက အချိန်မှီ ရှောင်ရှားနိုင်ရန် သတိပေးကြောင်း ဖော်ပြထားသည်။
တာချီလိတ်မြို့အတွင်းရှိ မယ်ဆိုင်ချောင်းသည် မိုးရက်အနည်းငယ် ရွာသွန်းလျှင်ပင် ချောင်းရေမြင့်တက်လာကာ အနီးနားရှိ ရပ်ကွက်တချို့ကို ရေလွမ်းမိုးမှုနေသည့်အတွက် မိုးလယ်ကာလနှင့် မိုးနှောင်းကာလတွင် ပိုမိုဆိုးဝါးနိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
PHOTO CRD – Narong Chitarak
ဖေသန်း
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#ရေကြီး
#စိုးရိမ်ရေမှတ်








