မဲခေါင်၊ ဇူလိုင် ၂
အဲသံလွင်လေကြောင်းလိုင်းမှ ST- 737 လေယာဉ်မှာ ရန်ကုန်မှ တာချီလိတ်သို့ ပျံသန်းလာစဉ် ညာဘက်အင်ဂျင်အောက်မှ အကာတချို့ ပြုတ်ကျခဲ့ပြီး ထိုသို့ ပြုတ်ကျသည်ကို တာချီလိတ်ရောက်မှသာ သိခဲ့ကြောင်း ခရီးသွားများထံမှ သိရသည်။
ယနေ့နံနက် ရန်ကုန် – တာချီလိတ် – မန္တလေးပျံသန်းမည့် အဲသံလွင်လေကြောင်းလိုင်းမှာ တာချီလိတ်လေယာဉ်ကွင်းတွင် ဆင်းသက်မှသာ လေယာဉ်ကိုယ်ထည်တချို့ ပြုတ်ကျခဲ့ကြောင်း သိရခြင်းဖြစ်ပြီး ခရီးသည်များ မသိခဲ့ရကြောင်း သတင်းရင်းမြစ်တချို့ထံမှ သိရသည်။
“ညာဘက်အင်ဂျင်အောက်က လေယာဉ်ကိုယ်ထည် ရန်ကုန်ကနေ တာချီလိတ်လာတုန်းပြုတ်ကျခဲ့တာ။ တာချီလိတ်လေဆိပ်ဆင်းမှ သိရတယ်။ ခရီးသည်တွေ မသိရဘူး။ အရမ်းအန္တရာယ်များတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်မှာ လေယာဉ်ထိန်းသိမ်းမှု ညံဖျင်းခြင်းကြောင်း ဖြစ်ရခြင်းဟု သုံးသပ်ကြပြီး ခရီးသည်များ အသက်ဘေးအပေါ် အလေးမထားမှုကို ဝေဖန်မှုများရှိနေသည်။
#MeKongNews
#AirThanLwin
#တာချီလိတ်
#လေကြောင်းလိုင်း
#ရန်ကုန်








