မဲခေါင်၊ ဇူလိုင် ၁
တရုတ်နိုင်ငံသား ၁၀၀၀၀၀ ထံမှ ဒေါ်လာ ၁၅ သန်း လိမ်လည်ထားသည့် ကျားဖြန့်လုပ်ငန်းကို ချင်းမိုင်ရှိ ဇိမ်ခံအိမ်ယာတစ်ခုအတွင်း ဝင်ရောက်ဖမ်းဆီးရာ တရားခံအဖြစ် တရုတ်နိုင်ငံသား ၁၅ ယောက်နှင့် မြန်မာ နိုင်ငံသား ၂ ယောက် ဖမ်းမိကြောင်း ဇူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဟန်ဒုန်းခရိုင်၊ ဘန်ဝမ်း ခရိုင်ခွဲရှိ အိမ်ယာဖွံ့ဖြိုးရေး စီမံကိန်းနယ်မြေတစ်ဝိုက် သတင်းရရှိသဖြင့် တပ်ဖြန့်ရှာဖွေရာတွင် ထိုင်းနိုင်ငံသားများ နာမည်ခံကာ ဝယ်ပေးထားသည့် ဇိမ်ခံအိမ်ယာအတွင်း ယင်းကျားဖြန့်ကွန်ရက်ကို စီးနင်းဖမ်းဆီးမိခဲ့ပြီး သက်သေများအဖြစ် ကွန်ပျူတာ ၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၆ လုံးနှင့် သံသယ တရားခံ ၁၇ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းကွန်ရက်သည် တရုတ်နိုင်ငံအတွင်းမှ တရုတ်နိုင်ငံသားများကိုပင် ပစ်မှတ်ထားကာ ကျားဖြန့်လုပ် ခြင်း၊ အွန်လိုင်းလောင်းကစားလုပ်ခြင်း၊ ကြွယ်၀သူများကို ကာစီနိုများတွင် လာကစားရန် စည်းရုံးသည့် အလုပ်များလုပ်ဆောင်ကြကြောင်း၊ စာရင်းများစစ်ဆေးမှုအရ တရုတ်နိုင်ငံသား ၁၀၀၀၀၀ ထံမှ ယွမ် သန်း ၁၀၀ (ဒေါ်လာ ၁၅ သန်း) ဖိုးအထိ လိမ်လည်ထားကြောင်း တွေ့ရှိရသည်ဟုဆိုသည်။
ယင်းစီမံချက်သည် တရုတ်ကျားဖြန့်လုပ်ငန်းများ ထိုင်းနိုင်ငံအတွင်းပိုင်းအထိ များစွာ ဝင်ရောက် လာကြပြီး ကွန်ဒိုများ၊ ဟိုတယ်ခန်းများ၊ အိမ်များကို ထိုင်းနိုင်ငံသားများ ကြားခံထား အငှားပြ၊ အဝယ်ပြ ကာ ကျားဖြန့်ဗဟိုချက်အဖြစ် ထိုင်းကို ဗဟိုချက်သဘောထားလုပ်ဆောင်နေကြောင်း သိရှိရသဖြင့် ရဲ တပ်ဖွဲ့ အကြီးအကဲများ ဦးဆောင်ကာ တိုက်ဖျက်ဖမ်းဆီးနေသည့် စီမံချက်ဖြစ်သည်ဟုလည်း ထိုင်း တော်ဝင်ရဲတပ်ဖွဲ့က ကြေညာသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ကျားဖြန့်
#ချင်းမိုင်
#တရုတ်နိုင်ငံသား
#မြန်မာလုပ်သား








